17 နိဂုံးချုပ်ရမယ်ဆိုရင် စသူမျှ ငါ့ကို ဒုက္ခမပေးစေနဲ့။ ပစာကို့ ငါ့ကိုယ်ခန္ဓာပေါ်ဆိ အမာရွတ်များက ငါဟ ယေရှုရဲ့ ကျွန်ဖြစ်တာကို ပြအယ်။
ငါလို့အထဲမှ အချို့လို့ဟ ငါလို့ရဲ့ ခွင့်ပြုချက် မရဘဲ ထွက်သွားယွေ့ သူလို့ပြောလဲ့ စကားများကျောန့် နင်လို့ စိတ်အနှောင့်အယှက် ဖြစ်ရပင်း နင်လို့အား ဒုက္ခရောက်စေကျောန်း ကြားရကြအယ်။
အကျောန်းမှာ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခများဟ ငါလို့နှိုက် များပြားသလို၊ ခရစ်တော်အားဖြင့် ငါလို့ ခံစားရသော နှစ်သိမ့်မှုဟလည်း များပြားလအယ်။
ယေရှုရဲ့ အသက်ဆှင်ခြင်းဟ ငါလို့ရဲ့ ကိုယ်ခန္ဓာနှိုက် ထင်ဆှားစေရန်အတွက်၊ ယေရှုရဲ့ အသေခံခြင်းဟို ငါလို့ရဲ့ ကိုယ်ခန္ဓာနှိုက် အစဉ်ဆောင်ထားကြအယ်။
အမန်တကယ် “တခြားသတင်းကောင်း” မဆိပါ၊ အဲလိုလဲ ခရစ်တော်ရဲ့ သတင်းကောင်းဟို ပြောင်းလဲရန် ကြိုးစားနေသော သူအချို့ဆိသောကျောန့် ငါဟေလို့ ပြောချင်းဖြစ်အယ်။
ငါဟ ခရစ်တော်ဟို သိကျွမ်းခြင်း၊ ဆှင်ပြန် ထမြောက်ခြင်းရဲ့ တန်ခိုးဟို ခံစားခြင်း၊ ခရစ်တော်နဲ့အတူ ဆင်းရဲဒုက္ခခံခြင်း၊ ကိုယ်တော် အသေခံခြင်းနှိုက် ပါဝင်ခြင်းလို့ဟိုသာ လိုချင်တောင့်တအယ်။
ငါဟ နင်လို့အတွက် ခံရသော ဆင်းရဲဒုက္ခနှိုက် အခု ဝမ်းမြောက်ယွေ့ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခတွင် လိုအပ်သေးလဲ့အပိုင်းဟို ကိုယ်တော်ရဲ့ ကိုယ်ခန္ဓာ တည်းဟူသော အသင်းတော်အတွက် ငါရဲ့ ကိုယ်ခန္ဓာနှိုက် ဖြည့်ဆည်းလျက် ဆိအယ်။
ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို စသူမျှ မငြင်းပယ်စေနဲ့၊ မြစ်ခါးပင်ဟ မိမိရဲ့ အဆိပ်ဖြင့် လူအများအား ဒုက္ခပေးတတ်အယ်၊ စသူမျှ အဲအပင်လို မဖြစ်စေနဲ့။
ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်လပ်သောသူ၊ အကြီးအငယ်ဆိသမျှလို့ဟ လက်ယာလက်နှိုက် ဖြစ်စေ၊ နဖူးနှိုက် ဖြစ်စေ၊ တံဆိပ်လက်မှတ်ဟို ခံစေခြင်းငှာ လည်းကောင်း၊
အဲတံဆိပ်လက်မှတ် တည်းဟူသော သားရဲရဲ့ နာမ ဖြစ်စေ၊ နာမရဲ့ အရေအတွက် ဖြစ်စေ၊ တခုခုဟို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှာ လည်းကောင်း စီရင်အယ်။