Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဂလာတိ 6:12 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

12 ဇာတိပကတိအားဖြင့် လူတွေကို အထင်ကြီးချင်သူတွေဟာ အရေဖျားလှီးဖို့ အတင်းအကြပ် ကြိုးစားနေကြတယ်။ သူလို့ အေးလိုလုပ်ရခြင်းရဲ့ တခုတည်းသော အကျောန်းအရင်းကတော့ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်ကျောန့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ဆှောင်ကြဉ်ဖို့ပဲ ဖြစ်အယ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂလာတိ 6:12
22 ပူးပေါင်းရင်းမြစ်များ  

“သူတော်ကောင်းဟန်ဆောင်သူ ကျမ်းတတ်ဆရာနဲ့ ဖာရိရှဲလို့၊ နင်လို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ထုံးဖြူသုတ်သော လုတ်တိုင်းဂူများနဲ့ တူကြအယ်။ အေးဂူလို့ဟ အပြင်ပန်းအားဖြင့် လှသော်လည်း အထဲနှိုက်မှာတော့ လူသေအရိုးနဲ့ ပုပ်နေသော အလောင်းကောင်လို့ဖြင့် ပြည့်လျက်ဆိကြအယ်။


အေးနည်းတူ နင်လို့ဟ အပြင်အားဖြင့် လူလို့ဆေ့တွင် သူတော်ကောင်းများ ဟု ထင်ရသော်လည်း စိတ်အတွင်းမှာတော့ သူတော်ကောင်းဟန်ဆောင်ခြင်းနဲ့ အပစ်များ ပြည့်လျက်ဆိကြအယ်။


မိမိလို့ ပြုလုပ်သမျှသောအရာလို့ဟို လူမျော်သာအောန် ပြုလုပ်တတ်ကြအယ်။ မိမိလို့နဖူးနဲ့ လက်မောင်းများပေါ်တွင် ကျမ်းစာလက်ဖွဲ့များဟို အပြားကြီးလုပ်ပင်း ဝတ်ဆင်တတ်ကြအယ်။ သူလို့ရဲ့ ဝတ်လုံအမြိတ်များဟို အဆှည် ချုပ်ထားတတ်ကြအယ်။


ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ဆောင်ရွက်သဖြင့် နှိပ်စက်ညှဉ်းဆဲခံရသော သူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ ခေါန်းခင်နိုင်ငံတော်ဟ အဲသူလို့ရဲ့ နိုင်ငံ ဖြစ်အယ်။


“နင်လို့ဟ အစာဆှောင်ခြင်း အကျင့်ဟို ကျင့်သောအခါ ဟန်ဆောင်တတ်သောသူလို့ လိုမျိုး မျက်နှာညှိုးငယ်ခြင်း မဆိကြနဲ့။ အဲသူလို့ဟ မိမိလို့ အစာဆှောင်တာဟို လူများလို့ဆေ့မှာ ပေါ်လွင်စေဖို့၊ မိမိလို့ရဲ့ မျက်နှာဟို ဖျက်တတ်ကြအယ်။ ငါ နင်လို့ဟို အမန်ပြောတာဟ၊ အဲသူလို့ဟ မိမိလို့ အကျိုးဟို အပြေ့အဝခံစားရကြပီ။


“အဲလိုမို့ နင်ဟ လိုအပ်နေတဲ့သူဟို ပေးသောအခါ သူတော်ကောင်းဟန်ဆောင်သူလို့ လိုမျိုး လူများရဲ့ ချီးမွန်းဟို ခံလိုယွေ့ တရားဇရပ်များနဲ့ လမ်းဆုံလမ်းခွများတွင် မိမိလို့ဆေ့မှာ တံပိုးခရာ မှုတ်စေလဲ့နည်းတူ မပြုကြနဲ့။ ငါ နင့်ဟို အမန်ဆိုတာဟ၊ အဲသူလို့ဟ မိမိလို့အကျိုးဟို ရကြပီ။


“နင်လို့ဟ ဆုတောင်းသောအခါ၊ သူတော်ကောင်းဟန်ဆောင်သူလို့ လိုမျိုး မပြုကြနဲ့။ အဲသူလို့ဟ လူများမျော်သာအောန် တရားဇရပ်များနဲ့ လမ်းဆုံလမ်းခွများမှာ ရပ်လျက် ဆုတောင်းခြင်းဟို နှစ်သက်ကြအယ်။ ငါ နင့်လို့ဟို အမန်အကန်ပြောတာဟ၊ အဲသူလို့ဟ မိမိလို့ အကျိုးဟို ခံရကြအယ်။


ယေရှုဟ အေးသူလို့အား၊ “နင်လို့ဟ လူလို့ဆေ့မှာ မိမိတတ်တိုင်း ဖြောင့်မတ်ကျောန်း ဖော်ပြတတ်သူများ ဖြစ်ကြအယ်၊ အဲလိုလဲ ဘုရားသခင်ဟ နင်လို့ရဲ့ စိတ်နေလုံးဟို သိဆိအယ်။ လူလို့ အမြတ်တနိုးထားသောအရာဟ ဘုရားသခင်ရဲ့ ဆေ့နှိုက် စက်ဆုပ်ဖွယ် ဖြစ်အယ်။


မုဆိုးမများရဲ့ နေအိုင်များဟို မတရားသိမ်းယူပင်းရင် လူအထင်ကြီးစေရန် ရှည်လျားစွာ ဆုတောင်းတတ်ကြအယ်။ သူလို့ဟ ပိုယွေ့ ကြီးလေးသောဒဏ်ဟို စီရင်ခံရကြလိမ့်မယ်” ဟု သွန်သင်လေအယ်။


မိမိအလိုအလျောက် ဟောပြောသောသူဟ မိမိရဲ့ ဘုန်းအသရေဟို ဆှာတတ်အယ်၊ အဲလိုလဲ မိမိဟို စေလွှတ်သောသူရဲ့ ဘုန်းအသရေဟို ဆှာသောသူဟတော့ ဖြောင့်မန်သောသူဖြစ်ပင်း အဲသူနှိုက် အမား မဆိ။


လူအချို့လို့ဟ ယုဒပြေမှ အန္တိအုတ်မြို့ဟို လာယွေ့ ယုံကြည်သူလို့အား “နင်လို့ဟ မောရှေရဲ့ ပညတ်တရားအတိုင်း အရေဖျားလှီးခြင်းဟို မခံယူရင် ကယ်တင်ခြင်း မရနိန်” ဟု စတင် သွန်သင်ကြအယ်။


အဲလိုလဲ ဖာရိရှဲ အဖွဲ့ဝင်များအနက် ယုံကြည်သူအချို့လို့ဟ ထယွေ့ “လူမျိုးခြားလို့ဟ အရေဖျားလှီးခြင်း ပေးကြရန်နဲ့ မောရှေရဲ့ ပညတ်တရားဟို လိုက်နာရမယ်” ဟု ဆိုကြအယ်။


ငါလို့ဟ မိမိတတ်တိုင်း အဆင့်အတန်း ခွဲခြားခြင်း အဲဟာမဟုတ်ရင် မိမိတတ်တိုင်း ရမ်းဆာ့ အကဲဖြတ်သူများနဲ့ နှိုင်းယှဉ်ဝံ့မယ် မဟုတ်။ စလောက် မိုက်မဲကြသလဲ၊ ကိုယ့်စံနှုန်းတွေနဲ့ တိုင်းတာပင်း ကိုယ့်စံနှုန်းနဲ့ကိုယ် စီရင်ဆုံးဖြတ်ကြအယ်။


အကျောန်းမှာ အဲသူလို့ဟ ခရစ်တော်ရဲ့ တမန်တော်များအဖြစ် အယောင်ဆောင်နေကြလဲ့ တမန်တော် အတုယောင်များ၊ လှည့်စားတတ်သော လုပ်သားများ ဖြစ်ကြအယ်။


သူလို့ဟ သတင်းကောင်းရဲ့ သမ္မာတရားနဲ့အညီ ဖြောင့်မတ်စွာ ဆှောက်လှမ်းခြင်း မဆိတာဟို ငါမျော်သောအခါ သူလို့ဆေ့မှာ ပေတရုအား “ယုဒလူမျိုးဖြစ်သော နင်ဟ ယုဒလူမျိုးလိုမျိုး မနေထိန်ဘဲ လူမျိုးခြားလိုမျိုး နေထိန်အယ်။ စလိုလဲ။ အဲပင်းရင် တပါးအမျိုးသားတွေဟို ယုဒလိုမျိုး နေထိန်ခိုင်းဖို့ ကြိုးစားနိန်မလော” ဟု ငါပြောအယ်။


ငါ့ရဲ့အဖော် တိတုဟ ဟေလသလူမျိုး ဖြစ်သော်လည်း အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်စေခိုင်းခြင်းဟို မခံရပေ။


ညီအကိုနဲ့ နှမလို့၊ ငါဟ အရေဖျားလှီးခြင်းကို ဟောပြောသေးရင် ပစာကျောန့် ညှဉ်းဆဲခြင်းဟို ငါ ခံနေရသေးလုန်း။ အေးအခြေအနေတွင် လက်ဝါးကပ်တိုင်ရဲ့ ထိမိယွေ့ လဲစရာဟို ဖယ်ဆှားခြင်း ခံရပီ။


အရေဖျားလှီးခြင်းကို ခံသောသူလို့ပင် ပညတ်တရားကို မနာခံကြ၊ သူလို့ဟ ဟေရုပ်ပိုင်းဆိုင်ရာ အခမ်းအနားဟို တင်သွင်းကျောန်း ဝါကြွားနိန်စေရန် အရေဖျားလှီးခြင်းကို ခံစေလိုအယ်။


အချို့သောသူလို့ဟ မနာလိုသော စိတ်၊ ရန်တွေ့လိုသော စိတ်နဲ့ ခရစ်တော်အကျောန်းဟို ဟောပြောကြအယ်။ အဲလိုလဲ အချို့သောသူလို့ဟတော့ စေတနာ စိတ်နဲ့ ဟောပြောကြအယ်။


မိမိအကျိုးဟိုသာ မကျေ့ရှုဘဲ သူတပါးရဲ့ အကျိုးဟိုလည်း ကျေ့ရှုကြလော့။


အကျောန်းမှာ နင်လို့အား မကြာခဏ ငါပြောခဲ့ပင်း အခု တဖန် မျက်ရည်ကျလျက် ပြောတာဟ ရမ်းဆာ့သောသူလို့ဟ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်ဟို ရန်ဘက်ပြုလျက် အသက်ဆှင် ဆှောက်လှမ်းနေကြအယ်။


ခေါန်းခင်တမန်လို့အား မဖြစ်မနေ ကိုးကွယ်ရခြင်း၊ မမန်ကန်သော စိတ်နှိမ့်ချခြင်း၊ ရမ်းဆာ့သော ကိုယ်ခန္ဓာဟို နှိပ်စက်ခြင်းဟူသော ပညတ်လို့ဟ ဉာဏ်ပညာနဲ့ ယှဉ်သော ကာယတပ်မက်မှုများဟို ထိန်းချုပ်ရာတွင် စလောက်မျှ အကျိုးမပြုချေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ