22 အဲလိုလဲ ဝိညာဉ်တော်ရဲ့ အသီးအပွင့်ဟ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ဆှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာဆိခြင်း၊
“အသီးကောင်းဟို ရလိုလျှင် အပင်ကောင်းဟို စိုက်ရမယ်။ အပင်ညံ့ဟ အသီးညံ့ဟို သီးလိမ့်မယ်။ အသီးဟိုထောက်ပင်း အပင်အကျောန်းဟို သိရအယ်။
နောက်နှစ်ခါ အသီး ပိုထွက်ချင် ထွက်ပါလိမ့်မယ်။ အေးလို့မဟုတ်ရင် ခုတ်လောပလိုက်မန့်’ ဟု ပြန်ဆှောက်အယ် ” ဟု မိန့်လေအယ်။
နင်လို့ဟ ငါ့ဟို ရွေးကောက်ကြတာ မဟုတ်၊ ငါဟ နင်လို့ဟို ရွေးကောက်သဖြင့် နင်လို့ဟ သွားယွေ့ တည်ကြည်သောအသီးဟို သီးနိန်မယ်အကျောန်းနဲ့ ငါ့နာမဟို အမှီပြုယွေ့ ခမည်းတော်မှာ တောင်းသမျှလို့ဟို ရမယ်အကျောန်း နင်လို့ဟို ငါ ခန့်ထားအယ်။
ငါနှိုက် အသီးမသီးသော အကိုင်းအခက် ဆိသမျှလို့ဟို ခုတ်ပစ်အယ်၊ အသီးသီးသော အကိုင်းအခက် ဆိသမျှလို့ဟို သာယွေ့ သီးစေခြင်းငှာ သုတ်သင်ဆှင်းလင်းအယ်။
“ငါဟ စပျစ်နွယ်ပင် ဖြစ်အယ်၊ နင်လို့ဟ အကိုင်းအခက်များ ဖြစ်ကြအယ်။ စသူမဆို ငါနှိုက် တည်နေယွေ့ ငါဟလည်း သူနှိုက် တည်နေရင် နင်လို့ဟ ရမ်းဆာ့သော အသီးဟို သီးလိမ့်မယ်၊ ငါနဲ့ကွာရင် နင်လို့ဟ ပစာအရာဟိုမှ မလုပ်နိန်ကြ။
ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ အစားအသောက်နဲ့မဆိုင်၊ အဲလိုလဲ သန့်ဆှင်းသော ဝိညာဉ်တော်မှ ရဆိသော ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်း ဖြစ်အယ်။
ငါ့ ညီအကို မောင်နှမလို့၊ ကောင်းမြတ်ခြင်းနဲ့ ပြေ့စုံတယ်လို့ ငါ့တတ်တိုင်း သေချာ သိရအယ်၊ နင်လို့မှာ ဗဟုသုတအားလုံး ဆိပင်း၊ တယောက်ဟို တယောက် သင်ပေးနိန်ကျောန်းဟို ငါ ယုံကြည်အယ်။
အကျောန်းမှာ ခရစ်တော်ဟ မိမိနှစ်သက်လဲ့အတိုင်း မပြုခဲ့ပေ။ အဲအစား ကျမ်းစာလာလဲ့အတိုင်း “ကိုယ်တော်ဟို ကဲ့ရဲ့သော သူလို့ရဲ့ စကားဟ ငါ့အပေါ်ဟို ရောက်အယ်” ဟု ဖြစ်အယ်။
ညီအကို မောင်နှမလို့၊ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်နဲ့ ဝိညာဉ်တော်ရဲ့ မေတ္တာတော်အားဖြင့် ဘုရားသခင်ဆေ စိတ်အားထက်သန်စွာ ဆုတောင်းခြင်းဖြင့် ငါရဲ့ ဒုက္ခဝေဒနာဟို မျှဝေခံစားဖို့ရန် နင်လို့အား ငါ တိုက်တွန်း နှိုးဆော်ပါအယ်။
အဲလိုလဲ အခုမှာ နင်ဟ အပစ်တရားမှ လွတ်မြောက်ပင်းရင် ဘုရားသခင်ရဲ့ ကျွန်များ ဖြစ်လာကြပီ။ နင်လို့ရဆိလဲ့ ကိုယ်တော်အတွက် မိမိကိုယ်ကို အကြွင်းမဲ့ ဆက်ကပ်ခြင်း ဖြစ်အယ်၊ အဲရဲ့ ရလဒ်ဟ ထာဝရအသက် ဖြစ်အယ်။
အေးနည်းတူ ငါ့ညီအကိုလို့၊ နင်လို့ဟလည်း ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအားဖြင့် ပညတ်တရားအရာနှိုက် သေဆုံးခဲ့ကြပီ၊ အေးစာဟ နင်လို့ဟ အခြားသူတည်းဟူသော သေသောသူလို့ထဲမှ ထမြောက်သောအဆှင်နဲ့ သက်ဆိုင်သောသူများ ဖြစ်လာကြပင်း ဘုရားသခင်အတွက် အသီးများ ဖြစ်ထွန်းစေရန် ဖြစ်အယ်။
ဇာတိပကိအတိုင်း အသက်ဆှင်သော သူလို့ဟ ဇာတိပကတိ ဆန္ဒဆိတာဟို သူလို့စိတ်ထဲတွင် ထားကြအယ်။ အဲလိုလဲ ဝိညာဉ်ပကတိ ဆိသော သူလို့ဟတော့၊ ဝိညာဉ်ပကတိနဲ့ ဆိုင်သောအရာလို့ဟို စွဲလမ်းသော စိတ်သဘော ဆိကြအယ်။
အခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနဲ့ ချစ်ခြင်း ဟေသုံးပါးတည်လျက် ဆိအယ်။ အားပေမဲ့ ဟေသုံးပါးလို့တွင် ချစ်ခြင်း မေတ္တာဟ အမြတ်ဆုံး ဖြစ်အယ်။
ငါ့မိတ်ဆွေလို့၊ နင်လို့အတွက်ဟတော့ လွတ်လပ်မှုအတွက် ခေါ်ခြင်းခံရကြအယ်။ အဲလိုလဲ အေးလွတ်လပ်မှုဟာ နင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆန္ဒတွေကို ချုပ်ကိုင်ထားဖို့ အကျောန်းပြချက်တခု ဖြစ်လာအောန် မလုပ်ပါနဲ့။ အေးအစား ချစ်ခြင်းမေတ္တာအားဖြင့် အချင်းချင်း အစေခံစေ။
နင့်စိတ်သဘောထားကို အသစ်ဖြစ်စေရန်၊
အကျောန်းမှာ အလင်းရဲ့ အသီးအပွင့်ဟ ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာတရားလို့ ဖြစ်အယ်။
ယေရှု ခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်း အသီးအပွင့်နဲ့ ပြေ့စုံယွေ့ ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ဆှားခြင်းနဲ့ ဂုဏ်တော်ချီးမွန်းခြင်း အဖြစ်သို့ ရောက်မဲ့အကျောန်း ငါ ဆုတောင်းအယ်။
အဲမှသာ အစဉ်အမြဲ သခင်ဘုရား နှစ်သက်စေရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ ဘုန်းအသရေ ထွန်းတောက်စေရန် လည်းကောင်း နင်လို့ ပြုမူ ကျင့်ကြံနိန်ကြလိမ့်မယ်။ ဟေသို့ အသက်ဆှင်ခြင်းအားဖြင့် ကောင်းမြတ်လဲ့ အကျင့်အမျိုးမျိုးဟူသော အသီးအပွင့်များဟို ဖြစ်ထွန်းကြလိမ့်မယ်။ ဘုရားသခင်ဟိုလည်း တိုးယွေ့ သိကျွမ်းကြလိမ့်မယ်။
ငါလို့ဟို ကောက်ကျစ်ယွေ့ ဆိုးညစ်သော လူလို့လက်မှ ကယ်တင်ခြင်း ခံရမဲ့အကျောန်း ငါလို့အတွက်လည်း ဆုတောင်းပေးကြလော့၊ အကျောန်းမှာ လူအားလုံးဟ သတင်းစကားဟို ယုံကြည်ကြတာ မဟုတ်။
အဲတိုင်းတိုင်း သူလို့ရဲ့ ပေါင်အိုမလို့ဟလည်း တည်ကြည်လေးနက်သောသူများ ဖြစ်ရမယ်၊ ကုန်းချောတတ်သောသူ မဟုတ်ဘဲ သမ္မာသတိဆိသောသူ၊ ခပ်သိမ်းသောအရာလို့နှိုက် သစ္စာဆိသောသူ ဖြစ်ရမယ်။
နင်ရဲ့ အသက်အရွယ်နုပျိုခြင်းဟို စသူမျှ မထီမဲ့မြင် မပြုစေနဲ့၊ နင်ရဲ့ အပြောအဆို၊ အသက်ဆှင်နေထိန်မှု၊ ချစ်ခြင်း၊ ယုံကြည်ခြင်းနဲ့ သန့်ဆှင်းခြင်းနှိုက် ယုံကြည်သူလို့အတွက် စံနမူနာ ဖြစ်လော့။
နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။
နင်လို့ဟ အေးသခင်ဟို မမျော်ဖူးသော်လည်း သူ့ဟို ချစ်ကြအယ်။ အေးသူဟ အခု မမျော်ဖူးသော်လည်း ယုံကြည်ကြပင်း ပြောယွေ့ မမီနိန်သော ဝမ်းမြောက်ခြင်းဖြင့် ရွင်မြူးကာ ဘုန်းတော်ဟို ချီးမွမ်းလျက်
ငါဟ သစ္စာဆိသော ညီအကိုအဖြစ် ငါသတ်မှတ်သော သိလွာနုမှတဆင့် စာကတစ်ဟို ရေးလိုက်ခြင်းအားဖြင့် နင်လို့ဟို တိုက်တွန်းနှိုးဆော်ကာ အေးအရာဟ ဘုရားသခင်ရဲ့ စစ်မန်သော ကျေးဇူးတော်ဖြစ်ကျောန်း သက်သေခံအယ်။ နင်လို့ဟ အေးကျေးဇူးတော်နှိုက် ရပ်တည်ကြလော့။