16 ငါ အေးအရာဟို စလိုပြောလဲဆိုရင် ဝိညာဉ်တော်ဟ နင့်ရဲ့အသက်တာဟို ညွှန်ကြားပါစေ၊ အားပင်း နင်ဟ လူ့သဘောသဘာဝရဲ့ အလိုဆန္ဒများကို ဖြည့်ဆည်းပေးမယ် မဟုတ်ပေ။
နင်လို့ဟ ခန္ဓာကိုယ်ရဲ့ အလိုဆန္ဒဟို လိုက်ရန် နင်လို့ရဲ့ သေတတ်သော ခန္ဓာကိုယ်ကို အပစ်အား အစိုးမရစေနဲ့။
အေးကျောန့် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်သူလို့ဟ အပစ်စီရင်ခြင်းနဲ့ အခု လွတ်ကြအယ်။
ညီအကို မောင်နှမလို့၊ ငါဆိုလိုတာဟ ဟေသို့တည်း အချိန်ကာလ ကုန်ဆုံးတော့မယ်။ အခုမှစယွေ့ အိုင်ထောင်သည်ယောက်ျားများဟ အိုင်ထောင်မဆိသလို နေရမယ်။
ချစ်မိတ်ဆွေလို့၊ ဟေကတိတော်များဟ ငါလို့အတွက် ဖြစ်အယ်။ အဲလိုမို့၊ ငါလို့ဟ ကိုယ်ကာယ အဲဟာမဟုတ်ရင် စိတ်ဝိညာဉ်လို့ရဲ့ အညစ်အကြေး ဆိသမျှလို့မှ မိမိလို့တတ်တိုင်း စင်ကြယ်စေယွေ့ ဘုရားသခင်ဟို ကြောက်ရွံ့ခြင်းအားဖြင့် မိမိလို့ကိုယ်ဟို သန့်ဆှင်းခြင်းနဲ့ ပြေ့စုံကြကုန်စို့။
ငါဆိုလိုတာဟ ဘုရားသခင်သည် အာဗြံဟံနဲ့ ပဋိညာဉ်ဖွဲ့ပင်း ဆက်လက်ယွေ့ ကတိထားအယ်။ အနှစ်လေးရာသုံးဆယ်ကြာပင်းနောက် ပေးထားလဲ့ ပညတ်တရားဟ အေးပဋိညာဉ်ဟို ချိုးဖျက်ပင်း ဘုရားသခင်ရဲ့ ကတိတော်ဟို ပယ်ဖျက်ယွေ့ မရပေ။
ဇာတိပကတိ အလိုဆန္ဒအတိုင်း စိုက်ရင် နင်ဟ သေခြင်းဟို ရိတ်သိမ်းရလိမ့်မယ်။ နင်ဟ ဝိညာဉ်တော်နှိုက် စိုက်ပျိုးရင် နင်ဟ ထာဝရအသက်ဟို ရိတ်သိမ်းရလိမ့်မယ်။
တကယ်တော့ ငါလို့အားလုံးဟာ သူလို့လိုပဲ ငါလို့ရဲ့ ဇာတိဆန္ဒတွေအရ ငါလို့ရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဆန္ဒ ကိုက်ညီတဲ့ ဘာမဆို ပြုမှုနေအယ်။ ငါလို့ရဲ့ ပကတိအခြေအနေတွင် အခြားသူများလိုမျိုးပင် ငါလို့ဟ ဘုရားသခင်ရဲ့ အူထော့ခြင်းဟို ခံထိုက်သောသူများ ဖြစ်ကြအယ်။
ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်လာကြသောအခါ နင်လို့ဟ ဇာတိသဘောမှ လွတ်မြောက်ခြင်း တည်းဟူသော အရေဖျားလှီးခြင်းဟို ခံယူကြအယ်၊ ဟေအရေဖျားလှီးခြင်းဟ ကိုယ်ကာယနဲ့ဆိုင်သော အရေဖျားလှီးခြင်း မဟုတ်၊ ခရစ်တော်ပြုလုပ်လဲ့ အရေဖျားလှီးခြင်း ဖြစ်အယ်။
နင်လို့ မသိ နားမလည်စဉ်အချိန်ဟ မကောင်းသော ဆန္ဒများနောက်ဟို မလိုက်ကြဘဲ နာခံမှုဆိသော လူပဲ့သငယ်များလိုမျိုး ဖြစ်ကြလော့။
နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။
ချစ်သော မိတ်ဆွေလို့၊ နင်လို့ဟ ဧည့်သည်အာဂန္တုများ ဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ဟို ဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများဟို ဆှောင်ကြဉ်ကြရန် နင်လို့ဟို ငါ တိုက်တွန်းနှိုးဆော်အယ်။
အေးအကျောန်းကျောန့် သေသောသူလို့ဟိုလည်း သတင်းကောင်းဟို ဟောပြောလေအယ်။ အေးဟာဟ သူလို့သည် သွေးသားနှိုက် လူသားအနေဖြင့် တရားစီရင်ခြင်းဟို ခံရပေမဲ့လည်း ဝိညာဉ်ဟ ဘုရားသခင်အားဖြင့် အသက်ဆှင်ကြရန် ဖြစ်အယ်။