13 အခြား ယုဒယုံကြည်သူများဟလည်း ပေတရုနဲ့အတူ သူတော်ကောင်းယောင်ဆောင်သူများလိုမျိုး စတင် ပြုမူလာကြပင်း ဗာနဗတောင်မှ သူလို့ရဲ့ သူတော်ကောင်းယောင်ဆောင်မှုနောက် လိုက်ပါသွားခဲ့အယ်။
အေးနည်းတူ နင်လို့ဟ အပြင်အားဖြင့် လူလို့ဆေ့တွင် သူတော်ကောင်းများ ဟု ထင်ရသော်လည်း စိတ်အတွင်းမှာတော့ သူတော်ကောင်းဟန်ဆောင်ခြင်းနဲ့ အပစ်များ ပြည့်လျက်ဆိကြအယ်။
ယောသပ်ဟု နာမယ်ဆိသော လူတယောက်ဆိအယ်၊ သူ့ဟို တမန်တော်လို့ဟ ဗာနဗ ဟု ခေါ်ကြအယ်၊ ဗာနဗရဲ့ အနက်ဟ “နှစ်သိမ့်ခြင်းရဲ့ သား” ဟု အဓိပ္ပာယ်ရအယ်။ သူဟ ကုပရုပြေသား၊ လေဝိအနွယ်ဝင် ဖြစ်အယ်၊
နင်လို့ဟ ဘုရားတရားမဲ့သူ ဖြစ်တုန်းဟ သူတပါး သွေးဆောင်သဖြင့် စကားမပြောနိန်သော ရုပ်တုဆိရာသို့ ပါသွားသောသူ ဖြစ်ကျောန်းဟို နင်လို့ သိကြအယ်။
အလွဲမယူကြနဲ့။ “မကောင်းသောသူလို့နဲ့ အပေါင်းဖော်အားဖြင့် ကောင်းသောအကျင့်များ ယိုယွင်းတတ်အယ်။”
နင်လို့ရဲ့ ဝါကြွားခြင်းဟ ကောင်းတာ မဟုတ်။ “ကတစ်ဆိသော တဆေးဟ မုန့်စိမ်းတပုံးလုံးဟို ဖောင်းကြွစေတတ်တာဟို မသိကြသလော။”
အဲလိုမို့ နင်လို့ ဟေသို့ လွတ်လပ်စွာ စားသောက်နိန်ခွင့်ဟ ယုံကြည်မှု အားနည်းသူများအတွက် လဲစရာအကျောန်း မဖြစ်စေရန် သတိပြုကြလော့။
ဆယ့်လေးနှစ်ကြာပင်းနောက် ငါဟ တိတုဟို ခေါ်ယွေ့ ဗာနဗနဲ့အတူ ယေရုရှလင်မြို့ဟို ပြန်တက်သွားလေအယ်။
အသင်းတော်ရဲ့ မဏ္ဍိုင်များဖြစ်တာဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ပေတရုနဲ့ ယောဟန်လို့ဟ ငါ့အား ပေးထားသော ကျေးဇူးတော်ဟို သိမျော်ယွေ့ မိတ်သဟာယ ဖွဲ့ခြင်း လက်ယာလက်ဟို ငါနဲ့ ဗာနဗလို့အား ကမ်းလျက်၊ ငါလို့ဟ လူမျိုးခြားများဆေဟို သွားရန်နဲ့ သူလို့ အရေဖျားလှီးထားသော သူလို့ဆေဟို သွားရန် သဘောတူကြအယ်။
အေးလို့ဖြင့် ငါလို့ဟ လူလို့ရဲ့ ကောက်ကျစ်စဉ်းလဲမှုနဲ့ ပရိယာယ်ဖြင့် လှည့်စားတတ်လဲ့ လျှို့ဝှက်အကြံအစည်လို့ကျောန့် ဖြစ်ပေါ်လာလဲ့ ဩဝါဒလှိုင်းအမျိုးမျိုးနှိုက် လွင့်ပါယွေ့ လူးလွန့်နေသော လူပဲ့သငယ်များလိုမျိုး ဖြစ်ကြတော့မှာ မဟုတ်။
ထူးခြားသော သွန်သင်ချက် အမျိုးမျိုးနောက်ဟို လိုက်ပါ မသွားကြနဲ့။ အကျောန်းမှာ စားစရာအားဖြင့် မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နေလုံးဟို တည်မြဲစေခြင်းဟ ကောင်းမြတ်အယ်။ စားစရာအားဖြင့် အသက်ဆှင် ဆှောက်လှမ်းသောသူလို့ဟ အကျိုးဟို မရဆိကြပေ။