ဧဖက် 4:31 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား31 ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ အူထော့ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနဲ့ ပစ်မားပြောဆိုခြင်းလို့ဟို မကောင်းမှုအားလုံးနဲ့အတူ နင်လို့ဆေမှ ဖယ်ဆှားကြလော့။ အခန်းကိုကြည့်ပါ။ |
ငါရောက်သောအခါ အကျောန်းတစုံတခုကျောန့် ငါတွေ့မျော်လိုလဲ့ အခြေအနေမျိုးတွင် နင်လို့အား မတွေ့ရမယ်ဟို လည်းကောင်း၊ နင်လို့ဟလည်း မိမိလို့ မျော်လိုလဲ့ အခြေအနေတွင် ငါလို့အား တွေ့ရကြမယ်ဟို လည်းကောင်း ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ အတင်းအဖျင်း ပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းလို့ဟို ငါတွေ့ရမယ်ဟို စိုးရိမ်မိအယ်။
အဲပင်းရင် ခေါန်းခင်နှိုက် ရမ်းဆာ့ကျယ်သော အသံဟ “ငါလို့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နဲ့ ကိုယ်တော်ရဲ့ ခရစ်တော်နှိုက် ဆိသော အာဏာစက်လို့ဟ အခု ပေါ်ထွန်းလေပီ။ အကျောန်းမှာ ငါလို့ရဲ့ ညီအကိုလို့ဟို စွပ်စွဲသောသူ တည်းဟူသော ငါလို့ ဘုရားသခင်ရဲ့ ဆေ့နှိုက် နေ့ရောညပါ သူလို့ဟို စွပ်စွဲသောသူဟ လောချခြင်း ခံရလေပီ။