Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကောလောသဲ 3:5 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

5 အဲကျောန့် မတရားသော မေထုန်နှိုက် မှီဝဲခြင်း၊ ညစ်ညမ်းခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သော လောဘလွန်ကျူးခြင်းဟူသော မြေကြီးပေါ်မှာဆိသော နင်လို့ရဲ့ ကိုယ်အင်္ဂါလို့ဟို သေစေကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကောလောသဲ 3:5
34 ပူးပေါင်းရင်းမြစ်များ  

အကျောန်းမှာ မကောင်းသော တွေးတောကြံစည်မှုများ၊ လူ့အသက်ဟို သတ်ခြင်း၊ အိုင်ထောင်ရေး ဖောက်ပြန်ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာဟို ခိုးခြင်း၊ လိမ်လည်ခြင်း၊ သူ့အသရေဟို ဖျက်ခြင်း အစဆိသည့် စုတ်ပဲ့လဲ့ အကြံအစည်များဟ စိတ်နေလုံးထဲမှ ထွက်လာအယ်။


သူလို့ဟ အေးလို့ လုပ်ကြသောကျောန့် ဘုရားသခင်ဟ သူလို့ဟို ဆှက်ဖို့ကောင်းလဲ့ ကိလေသာ လက်ဟို အပ်လိုက်အယ်။ သူလို့ထဲမှ မိန်းမများပင် သဘာဝများဟို ဆန့်ကျင်ပင်း သဘာဝမဟုတ်လဲ့ အပြုမူများဘက်ဟို လိုက်ကြအယ်။


သူလို့ဟ အမျိုးမျိုးသော ဆိုးယုတ်မိုက်မဲခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုခြင်း၊ သူ့အသက်ကိုသတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ လှည့်စားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း စလဲ့ အပစ်များဟို ကျူးလွန်ကြအယ်။ သူလို့ဟ အတင်းတုတ်ကြအယ်၊


မကောင်းသော ရည်ရွယ်ချက်နှိုက် အသုံးပြုရန် နင်လို့ရဲ့ ကိုယ်အင်္ဂါများဟို အပစ်အား မဆက်သစေနဲ့။ အဲအစား၊ သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးမြောက်သောသူလိုမျိုး နင့်ရဲ့ မန်ကန်လဲ့ ရည်ရွယ်ချက်အတွက် အသုံးပြုရန် ကိုယ်အင်္ဂါတခုလုံးဟို ဘုရားသခင်အား ဆက်သကြလော့။


ငါလို့ ဇာတိဟောင်းဟို ခရစ်တော်နဲ့အတူ လက်ဝါးကပ်တိုင်တွင် အသေခံပီဟု ငါလို့ သိကြအယ်၊ အေးလို့ လုပ်စေရခြင်းမှာ အပစ်တရားရဲ့ စွမ်းအားဟို ဖျက်ဆီးခြင်းအားဖြင့် ငါလို့ဟ အပစ်ရဲ့ ကျွန်ဖဝါ့မှ လွတ်မြောက်ကြစေရန်ပင် ဖြစ်ကျောန်း ငါလို့ သိကြအယ်။


အဲလိုလဲ ငါ့ရဲ့ ခန္ဓာကိုယ် အထဲမှာဆိလဲ့ အခြား ပညတ်တရား အလုပ်တခုဟို ငါ မျော်ရအယ်၊ ငါ့ရဲ့ စိတ်ထဲမှ လက်ခံလဲ့ ပညတ်နဲ့ ဆန့်ကျင်သော ပညတ် ဖြစ်အယ်။ ၎င်းဟ ငါ့ရဲ့ ခန္ဓာကိုယ်နှိုက် အလုပ်လုပ်နေလဲ့ အပစ်တရားရဲ့ ပညတ်တရားဟို အကျဉ်းကျစေအယ်။


အကျောန်းမှာ ငါလို့ဟ လူ့ဇာတိသဘောအရ အသက်ဆှင်နေကြသောအခါ ပညတ်တရားကျောန့် ဖြစ်ပေါ်လာလဲ့ ပြင်းပြသော အပစ် လုပ်ချင်စိတ်ဟ ငါလို့ရဲ့ ခန္ဓာကိုယ်နှိုက် အလုပ်လုပ်နေပင်း ငါလို့ သေခြင်းနှိုက် အဆုံးသတ်သွားအယ်။


အကျောန်းမှာ နင်လို့ဟ ဇာတိပကိအတိုင်း အသက်ဆှင်ရင် သေကြရလိမ့်မယ်။ အဲလိုလဲ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယရဲ့ အကျင့်လို့ဟို သေစေရင် အသက်ဆှင်ကြလိမ့်မယ်။


မယုံကြည်သူများပင် ပြုကျင့်မယ် မဟုတ်လဲ့ ကာမဂုဏ်လိုက်စားမှု နင်လို့အထဲတွင် ဆိနေကျောန်းဟို ငါမယုံနိန်အောန် ကြားသိရအယ်။ လူတယောက်ဟ မိမိရဲ့ မိထွေးနဲ့ပေါင်းသင်း နေထိန်လျက်ဆိတာဟို ငါ ကြားသိရအယ်။


နင်လို့တွင် အချို့လို့ဟ အဲသို့သောသူများ ဖြစ်ကြအယ်။ အားပေမဲ့ နင်လို့ဟ သခင် ယေရှု ခရစ်တော်ရဲ့ နာမတော်နဲ့ ငါလို့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်း ခံရယွေ့ သန့်ဆှင်းခြင်း ခံရကာ ဖြောင့်မတ်ရာဟို ရောက်ကြပီ။


တစုံတယောက်ဟ “အစားအစာဟ ဝမ်းအတွက် ဖြစ်အယ်။ ဝမ်းဟလည်း အစားအစာအတွက် ဖြစ်အယ်” ဟု ဆိုလိမ့်မယ်။ ဟေစကားဟ မန်အယ်။ အားပေမဲ့ ဘုရားသခင်ဟ အဲအရာနေခုလုံးဟို အဆုံးမှာ ဖျက်ဆီးလိမ့်မယ်။ ကိုယ်ခန္ဓာဟ မတရားသော မေထုန်အတွက် မဟုတ်၊ သခင်ဘုရားရဲ့ အမှုတော်ဟို ဆောင်ရွက်ရန် ဖြစ်အယ်။ သခင်ဘုရားဟလည်း ကိုယ်ခန္ဓာအတွက် လိုအပ်တာများဟို ချပေးအယ်။


မတရားသောမေထုန်ဟို ဆှောင်ကြလော့။ လူပြုတတ်သော အခြား ဒုစရိုက်ဆိသမျှလို့ဟ ကိုယ်ခန္ဓာ ပြင်ပနှိုက် ဆိအယ်။ မတရားသော မေထုန်ဟို ပြုသောသူဟတော့ မိမိကိုယ်ခန္ဓာဟိုပင် ပစ်မားခြင်း ဖြစ်အယ်။


နောက်တဖန် နင်လို့ဆေဟို လာသောအခါ ငါရဲ့ ဘုရားသခင်ဟ ငါ့အား နင်လို့ဆေ့နှိုက် ငါ့ဟို နှိမ့်ချယွေ့ မခင်ဟ အပစ်ကျူးလွန်ခဲ့လျက်ပင် မိမိလို့ ပြုကျင့်ခဲ့လဲ့ ညစ်ညမ်းခြင်း၊ မတရားသော မေထုန်ပြုခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်းလို့ဟို နောင်တမရသေးသောသူ များစွာဆိလဲ့အတွက် ငါ ဝမ်းနည်းကြေကွဲရမယ်ဟိုလည်း စိုးရိမ်အယ်။


ခရစ်တော် ယေရှုနဲ့ စပ်လျဉ်းသောသူများဟ ဇာတိပကတိအား ကိလေသာဆန္ဒများဖြင့် လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြအယ်။


သူလို့ဟ ဆှက်ကြောက်စိတ် ကင်းမဲ့လျက် စုတ်ပဲ့သောအရာ အမျိုးမျိုးလို့ဟို ရမ်းဆာ့တပ်မက်သော စိတ်နဲ့ ပြုယွေ့ မိမိလို့တတ်တိုင်း ကာမဂုဏ် လိုက်စားခြင်း လက်ဟို အပ်လိုက်ကြအယ်။


ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်လာကြသောအခါ နင်လို့ဟ ဇာတိသဘောမှ လွတ်မြောက်ခြင်း တည်းဟူသော အရေဖျားလှီးခြင်းဟို ခံယူကြအယ်၊ ဟေအရေဖျားလှီးခြင်းဟ ကိုယ်ကာယနဲ့ဆိုင်သော အရေဖျားလှီးခြင်း မဟုတ်၊ ခရစ်တော်ပြုလုပ်လဲ့ အရေဖျားလှီးခြင်း ဖြစ်အယ်။


ဘုရားသခင်ဟ နင်လို့ဟို သန့်ဆှင်းမြင့်မြတ်စေရန်နဲ့ ကာမဂုဏ်လွန်ကျုးမှုကနေ လုံးလုံး ကင်းစင်စေချင်အယ်။


ဘုရားသခင်ဟို မသိသော တပါးအမျိုးသားလို့ လိုမျိုး တပ်မက်သော စိတ်ဆန္ဒများရဲ့ အလိုဟို မလိုက်ကြနဲ့။


အကျောန်းမှာ ငွေဟို တပ်မက်ခြင်းဟ မကောင်းမှုအလုံးစုံလို့ရဲ့ အရင်းအမြစ် ဖြစ်အယ်။ လူအချို့လို့ဟ ငွေဟို ရမ်းဆာ့တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွားယွေ့ ရမ်းဆာ့သော ပူပန်ခြင်း ဝေဒနာဖြင့် မိမိတတ်တိုင်း ထိုးဖောက်နာကျင်စေကြပီ။


စသူမျှ ဧသောလို မတရားသော မေထုန်နှိုက် မှီဝဲသောသူ အဲဟာမဟုတ်ရင် တရားမဲ့သောသူ မဖြစ်စေနဲ့၊ ဧသောဟ သားဦးအရာဟို ထမင်းတနပ်စာဖြင့် ရောင်းခဲ့အယ်။


ထိမ်းမြားခြင်းအမှုဟို လူတိုင်း လေးစားကြရမယ်၊ ဖိုးအိုနဲ့ ပေါင်အိုမဟ တဦးဟို တဦး သစ္စာဆိရမယ်။ ဘုရားသခင်ဟ မတရားမေထုန်ဟို ပြုသောသူနဲ့ အိုင်ထောင်ရေး ဖောက်ပြန်သောသူဟို တရားစီရင်လိမ့်မယ်။


အသက်ဆှင် နေထိန်မှုတွင် ပိတ်ဆန်ဟို တပ်မက်ခြင်း မဆိဘဲ မိမိနှိုက် ဆိသောအရာနဲ့ ရောင့်ရဲကြလော့။


နင်လို့တွင် ဆိသော စစ်တိုက်ခြင်းနဲ့ ခိုက်ရန်ဖြစ်ခြင်းလို့ဟ ပစာကျောန့် ဖြစ်လာကြလုန်း။ နင်လို့ထဲနှိုက် ပြိုင်ဆိုင် တိုက်ခိုက်နေကြလဲ့ နင်လို့ရဲ့ ကာမဂုဏ် ခံစားလိုသောစိတ်မှ ဖြစ်လာကြတာ မဟုတ်လော။


ချစ်သော မိတ်ဆွေလို့၊ နင်လို့ဟ ဧည့်သည်အာဂန္တုများ ဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ဟို ဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများဟို ဆှောင်ကြဉ်ကြရန် နင်လို့ဟို ငါ တိုက်တွန်းနှိုးဆော်အယ်။


အဲလိုလဲ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဆှာဖွယ်သောသူ၊ လူ့အသက်ဟို သတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ ပြုစားသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲနှိုက် မိမိလို့ အဖို့ဟို ရကြလိမ့်မယ်။ ဟေဟာဟ ဒုတိယ သေခြင်း ဖြစ်အယ်” ဟု မိန့်အယ်။


အပြင်နှိုက် ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ လူအသက်ဟို သတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ ဝါပြောခြင်းဟို နှစ်သက်ယွေ့ ပြုသောသူအပေါင်းလို့ဟ ဆိကြအယ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ