20 လူပဲ့သူငယ်လို့၊ အရာရာနှိုက် မိဘစကားဟို နားထောင်ကြလော့၊ အကျောန်းမှာ ဟေအရာဟ ဘုရားသခင် နှစ်သက်သောအရာ ဖြစ်အယ်။
မိဘဟို ရိုသေစွာပြုလော့၊ အိုင်နီးချင်းဟို ကိုယ်နဲ့အမျှ ချစ်လော့” ဟု မိန့်အယ်။
အားပင်း အသင်းတော်ဟ ခရစ်တော်ဟို နာခံသလိုမျိုး ပေါင်အိုမလို့ဟလည်း အရာရာနှိုက် ဖိုးအိုဟို နာခံကြရမယ်။
ငါဟ အရာအားလုံးဟို ရဆိယွေ့ ကြွယ်ဝလျက် ဆိအယ်။ နင်လို့ ပေးပို့လဲ့အရာများဟို ဧပဖြောဒိတ်ဆေမှ ငါ လက်ခံရဆိယွေ့ ပြေ့စုံလျက် ဆိပီ။ အဲအရာလို့ဟ မွှေးကြိုင်လဲ့ရနံ့၊ ဘုရားသခင် နှစ်သက်သော လက်ခံဖွယ်ရာယဇ် ဖြစ်ကြအယ်။
အဲမှသာ အစဉ်အမြဲ သခင်ဘုရား နှစ်သက်စေရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ ဘုန်းအသရေ ထွန်းတောက်စေရန် လည်းကောင်း နင်လို့ ပြုမူ ကျင့်ကြံနိန်ကြလိမ့်မယ်။ ဟေသို့ အသက်ဆှင်ခြင်းအားဖြင့် ကောင်းမြတ်လဲ့ အကျင့်အမျိုးမျိုးဟူသော အသီးအပွင့်များဟို ဖြစ်ထွန်းကြလိမ့်မယ်။ ဘုရားသခင်ဟိုလည်း တိုးယွေ့ သိကျွမ်းကြလိမ့်မယ်။
ကျွန်ဖြစ်သူလို့၊ နင်လို့ဟို ပိုင်သော သခင်များရဲ့ စကားဟို အရာရာနှိုက် နားထောင်ကြလော့၊ နင်လို့ဟ မျက်နှာရရန် ဆေ့နှိုက်သာ သူလို့ရဲ့ စကားဟို နားထောင်တာ မဟုတ်၊ သခင်ဘုရားဟို ကြောက်ရွံ့သောအားဖြင့် သူလို့ရဲ့ စကားဟို ရိုးသားသော စိတ်နဲ့ နားထောင်ကြလော့။
ကျွန်ဖြစ်သူလို့အား မိမိသခင်ဟို အရာရာနှိုက် နာခံလျက် နှစ်သက်ဖွယ်ဖြစ်စေရန်နဲ့ ဆန့်ကျင်ပြောဆိုခြင်း၊
ဆေ့တော်နှိုက် နှစ်သက်ဖွယ်သောအမှုဟို ယေရှု ခရစ်တော်အားဖြင့် ငါလို့တွင် ပြုယွေ့ ကိုယ်တော်ရဲ့ အလိုတော်ဟို နင်လို့ ဆောင်ရွက်နိန်ရန် ကောင်းသောအမှု အမျိုးမျိုးလို့ဖြင့် နင်လို့ဟို ပြေ့စုံစေမန့်။ ခရစ်တော်ဟ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်မန့်။ အာမင်။