19 ခင်ပွန်းဖြစ်သူလို့၊ ပေါင်အိုမဟို ချစ်ကြလော့၊ သူလို့အား ကြမ်းတမ်းစွာ မပြုကြနဲ့။
“ငါ့ဆေဟို လာသောသူလို့ဟ ငါ့ဟို ချစ်တာထက် တို့မေနဲ့ တို့ဖ၊ ပေါင်အိုမနဲ့ သားသမီး၊ ညီအကိုနဲ့ မောင်နှမနဲ့ မိမိတတ်တိုင်း ပိုယွေ့ ချစ်သောသူဟ ငါ့တဘဲ့ မဖြစ်နိန်။
သူလို့ပြောလဲ့အသံဟ ခါးသီးသော ကျိန်ခြင်းနဲ့ ပြေ့ဝအယ်။
ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ အူထော့ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနဲ့ ပစ်မားပြောဆိုခြင်းလို့ဟို မကောင်းမှုအားလုံးနဲ့အတူ နင်လို့ဆေမှ ဖယ်ဆှားကြလော့။
ဖိုးအိုလို့၊ ခရစ်တော်ဟ အသင်းတော်ဟို ချစ်ယွေ့ အသင်းတော်အတွက် မိမိကိုယ်ကိုစွန့်လဲ့နည်းတူ ပေါင်အိုမဟို ချစ်ကြလော့။
အဲလိုလဲ အေးအရာဟလည်း နင်လို့ဟို ရည်ညွှန်းအယ်။ ဖိုးအိုတိုင်းဟ မိမိပေါင်အိုမဟို မိမိလိုမျိုး ချစ်ရမယ်။ အားပင်း ပေါင်အိုမတိုင်းဟ မိမိရဲ့ဖိုးအိုဟို ရိုသေရမယ်။
မိဘလို့၊ နင်လို့ရဲ့ လူပဲ့သူငယ်ဟို စိတ်ဆိုးစေခြင်းငှာ မပြုကြနဲ့၊ အဲဟာမဟုတ်ရင် သူလို့ဟ အားလျော့စိတ်ပျက်ခြင်းဟို ရောက်ကြလိမ့်မယ်။
အားပေမဲ့ နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခါးသီးသော မနာလိုခြင်းနဲ့ တကိုယ်ကောင်းဆန်ခြင်းများ ဆိရင် သမ္မာတရားဟို ဆန့်ကျင်ယွေ့ ဝါကြွားခြင်း၊ လိမ်ညာခြင်းလို့ဟို မပြုကြနဲ့။
အေးနည်းတူ ဖိုးအိုလို့၊ ပေါင်အိုမလို့ဟ မိန်းမသားဖြစ်ပင်း နင်လို့ထက် အားနည်းသောသူ ဖြစ်ကျောန်း သိဆိနားလည်ယွေ့ အသက်နဲ့ဆိုင်သော ကျေးဇူးတော်ဟို အတူတကွ အမွေဆက်ခံသူအဖြစ် တန်ဖိုးထားလျက် အတူတကွ ပေါင်းသင်းနေထိန်ကြလော့။ ဟေဟာဟ နင်လို့ ဆုတောင်းချက်များဟို တားဆီးမခံရမဲ့အကျောန်း ဖြစ်အယ်။