13 တယောက်နှိုက်တယောက် အပစ်တင်စရာ အခွင့်ဆိရင် အချင်းချင်း သည်းခံယွေ့ အပစ်ဟို ခွင့်လွှတ်ကြလော့။ သခင်ဘုရားဟ နင်လို့ရဲ့ အပစ်ဟို လွှတ်သလို အဲတိုင်းတိုင်း ပြုကြလော့။
အဲလိုလဲ ငါ နင့်ဟို ပြောတာဟ ရန်သူဟို ချစ်ကြလော့၊ နင်လို့အား နှိပ်စက်သောသူလို့အတွက် ဆုတောင်းပေးကြလော့။
သူတပါးဟ ငါလို့ဟို ပစ်မားလဲ့ အပစ်များဟို ငါလို့ဟ လွှတ်သလိုမျိုး ငါလို့ရဲ့ အပစ်များဟို လွှတ်မန့်။
နင်လို့ဟ ရပ်လျက် ဆုတောင်းသောအခါ၊ တစုံတယောက်အပေါ် အပစ်တင်စရာ ဆိရင်၊ သူလို့ဟို ခွင့်လွှတ်မန့်၊ အေးလို့မှသာ ခေါန်းခင်ဘုံနှိုက် ဆိသော နင်လို့ အဖဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်ပေးလိမ့်မယ်။”
ငါလို့အား ပစ်မားသောသူဆိသမျှလို့ရဲ့ အပစ်များဟို ငါလို့ လွှတ်သလိုမျိုး ငါလို့ အပစ်များဟို ခွင့်လွှတ်ပါ ငါလို့ဟို ခက်ခဲသော စုံစမ်းခြင်းဟို မခံရပါစေနဲ့’ ဟု မြွက်ဆိုကြလော့” ဟု မိန့်အယ်။
ယေရှုဟ “တို့ဖ၊ အဲသူလို့အပစ်ဟို ဖြေလွှတ်ပေးပါ။ သူလို့ဟ မိမိလို့လုပ်နေလဲ့အမှုဟို မသိကြပါ” ဟု မြွက်ဆိုလေအယ်။ သူလို့ဟ ကိုယ်တော်ရဲ့ အဝတ်များဟို မဲနှိုက်ယွေ့ အချင်းချင်း ခွဲယူကြအယ်။
ခရစ်တော်ဟ နင်လို့ဟို လက်ခံသလိုမျိုး ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ဆှားဖို့အတွက် နင်လို့ဟလည်း အချင်းချင်း တယောက်ဟို တယောက် လက်ခံကြလော့။
နင်လို့ဟ တစုံတဦးဟို သူလို့ပြုခဲ့လဲ့အရာအတွက် နင်လို့ ခွင့်လွှတ်လဲ့အခါ၊ ငါလည်း သူလို့ဟို ခွင့်လွှတ်အယ်။ အကျောန်းမှာ ငါဟ အမန်စင်စစ် တစုံတခုဟို ဖြေလွှတ်ရန်လိုရင် နင်လို့ အကျိုးဟို ထောက်ယွေ့ ခရစ်တော်ရဲ့ ဆေ့နှိုက် အဲသူရဲ့ အပစ်ဟို ဖြေလွှတ်အယ်။
ငါလို့ရဲ့ သန့်ဆှင်းစင်ကြယ်မှု၊ အသိပညာ၊ စိတ်ဆှည်မှု၊ ကြင်နာမှုလို့ဖြင့် ငါလို့ဟ ငါလို့ရဲ့ စစ်မန်သောမေတ္တာဖြင့် သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့်၊
ဝန်ထုပ်ဝန်ပိုးကို အချင်းချင်း ကူညီထမ်းကြလော့ အားပင်း အေးနည်းအားဖြင့် နင်ဟ ခရစ်တော်ရဲ့ ပညတ်တရားဟို နာခံလိမ့်မယ်။
နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း အမြဲတမ်းဆိကြလော့။ တဦးနဲ့တဦး သည်းခံခြင်းအားဖြင့် ချစ်ခြင်းမေတ္တာ ပြကြလော့။
တယောက်နဲ့တယောက် သနားစုံမက်ကြကာ ဘုရားသခင်ဟ ခရစ်တော်နှိုက် နင်လို့ဟို ခွင့်လွတ်သလိုမျိုး တယောက်နဲ့တယောက် ခွင့်လွတ်ခြင်း ဆိကြလော့။
ခရစ်တော်ဟ ငါလို့ဟို ချစ်ယွေ့ ငါလို့အတွက် မိမိကိုယ်ကို ပူဇော်သကာနဲ့ ယဇ်တည်းဟူသော မွှေးကြိုင်သောရနံ့အဖြစ် ဘုရားသခင်ဆေ ဆက်ကပ်သလိုမျိုး နင်လို့ရဲ့ အသက်တာကို မေတ္တာဖြင့် အသက်ဆှင် ဆှောက်လှမ်းကြလော့။
အဲကျောန့် နင်လို့ဟ ဘုရားသခင် ရွေးချယ်ထားသောသူ၊ သန့်ဆှင်းသောသူ၊ ချစ်ခင်သောသူလို၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကြင်နာခြင်း၊ စိတ်ဆှည်ခြင်းလို့ဟို ယူတင်ဝတ်ဆောင်ကြလော့။
ပစာကို့ သနားကရုဏာ မဆိသူသောသူဟ ကရုဏာကင်းသော တရားစီရင်ခြင်းဟို ခံရလိမ့်မယ်။ အားပေမဲ့ သနားကရုဏာဟ တရားစီရင်ခြင်းအပေါ် အောန်မြင်တတ်အယ်။
နင်လို့ဟ ဟေအတွက် ခေါ်ခြင်းခံရအယ်။ ပစာကို့ ခရစ်တော်ဟလည်း နင်လို့ဟို မိမိခြေရာတော်အတိုင်း လိုက်ဆှောက်စေရန် နင်လို့အစား ဆင်းရဲဒုက္ခခံရလျက် နင်လို့အတွက် စံနမူနာဟို ထားပေးအယ်။