7 ကိုယ်တော်နှိုက် အမြစ်တွယ်ယွေ့ တည်ဆောက်ခြင်း ခံရကာ နင်လို့ သင်ယူခဲ့လဲ့အတိုင်း ယုံကြည်ခြင်းနှိုက် တည်မြဲစေကြလော။ ကျေးဇူးတော် ချီးမွန်းခြင်းနဲ့ ပြေ့စုံကြလော။
သူဟ မြေနက်နက် တူးပင်းမှ ကျောက်ပေါ်တွင် အုတ်မြစ်ချယွေ့ နေအိုင်ဟို တည်ဆောက်သောသူနဲ့ တူအယ်။ မြစ်ယေကြီးပင်း ယေလျှံယွေ့ အေးနေအိုင်ဟို တိုက်ခတ်လေအယ်၊ အေးယေအရှိန်ဟ နေအိုင်ဟို မလှုပ်ဆှားစေနိန်၊ ပစာကို့ အေးနေအိုင်ဟို ခိုင်အောန် တည်ဆောက်ထားသောကျောန့် ဖြစ်အယ်။
ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြပါစို့။ အဲသူဟ ယေရှု ခရစ်တော်ရဲ့ အကျောန်း ငါဝေငှလဲ့ သတင်းကောင်းအရသော် လည်းကောင်း၊ ဆေ့ကာလ အဆက်ဆက်နှိုက် အောင်းနေခဲ့သော အမန်တရားပေါ်လွင် ထင်ဆှားချက်အရ သော်လည်းကောင်း၊ နင်လို့ဟို ယုံကြည်ခြင်းနှိုက် ခိုင်မြဲစေနိန်သူ ဖြစ်အယ်။
ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ နေ့နှိုက် နင်လို့ဟ အပစ်တင်ခွင့်နဲ့ ကင်းလွတ်စေမဲ့အကျောန်း ကိုယ်တော်ဟ နင်လို့အား အဆုံးတိုင်အောန် ခိုင်ခံ့မြဲမြံစေလိမ့်မယ်။
အဲလိုမို့ ချစ်သော ညီအကို မောင်နှမလို့၊ နင်လို့ဟ သခင်ဘုရားနှိုက် နင်လို့ရဲ့ ကြိုးပမ်းအားထုတ်မှုဟ အလကားကား မဖြစ်ကျောန်း သိမှတ်ယွေ့ ရွေ့လျော့တိမ်းယိမ်းခြင်း မဆိဘဲလျက် သခင်ဘုရားရဲ့ အမှုတော်ဟို နင်လို့တတ်တိုင်း ပြေ့စုံစွာ အစဉ်အမြဲ ကြိုးစားအားထုတ်ကြလော့။
ငါလို့ဟို နင်လို့နဲ့အတူ ခရစ်တော်နှိုက် တည်မြဲစေယွေ့ ငါလို့အား ဘိသိက်ပေးသောသူဟ ဘုရားသခင် ဖြစ်အယ်၊
အားပင်း ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ဟ နင့်စိတ်နေလုံးတွင် ကျိန်းဝပ်စေရန် ငါ ဆုတောင်းပါအယ်။ နင်လို့ဟ ချစ်ခြင်းမေတ္တာနှိုက် အမြစ်တွယ်ယွေ့ အုတ်မြစ်ချကာ၊
သမ္မာတရားဟ ယေရှုနှိုက် ဆိတာနဲ့အညီ နင်လို့ဟ ခရစ်တော်အကျောန်းဟို ကြားနာလျက် ကိုယ်တော်နှိုက် သင်ကြားခြင်းဟို ခံယူခဲ့တာ မန်ရင် ခရစ်တော်နှိုက် အေးလို့နည်းခံခဲ့ကြတာ မဟုတ်။
ငါလို့ သခင် ယေရှုခရစ်ရဲ့ နာမတော်အားဖြင့်၊ အရာအားလုံးအတွက် ခမည်းတော် ဘုရားသခင်အား အစဉ်အမြဲ ကျေးဇူးတင်ကြလော့။
အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။
နင်လို့ ပြုသမျှသောအရာလို့ဟိုလည်း စကားပြောဆိုမှု ဖြစ်စေ၊ လုပ်ဆောင်မှု ဖြစ်စေ အရာခပ်သိမ်းလို့ဟို သခင် ယေရှုရဲ့ နာမဟို ထောက်ယွေ့ ကိုယ်တော်အားဖြင့် ခမည်းတော် ဘုရားသခင်ဟို ကျေးဇူးတင်ကြလော့။
အရာရာနှိုက် ကျေးဇူးတော်ဟို ချီးမွန်းကြလော့၊ အကျောန်းမှာ နင်လို့ဟ အေးလို့လုပ်ကြရန် ခရစ်တော် ယေရှုနှိုက် ဘုရားသခင် အလိုဆိအယ်။
နင်လို့ စိတ်နေလုံးဟို နှစ်သိမ့်ပေးယွေ့ ကောင်းသော စကားနဲ့ ကောင်းသောအမှု အားလုံးလို့နှိုက် နင်လို့ဟို ခိုင်ခံ့မြဲမြံပါစေသော။
အဲလိုမို့ ငါလို့ဟ ကိုယ်တော်ဟို ငါလို့ရဲ့ သခင်အဖြစ် ဝန်ခံသောနှုတ်များဖြင့် ဂုဏ်တော်ချီးမွန်းခြင်း ယဇ်ဟို ယေရှုအားဖြင့် ဘုရားသခင်အား အစဉ်မပြတ် ပူဇော်ကြလော့။
ထူးခြားသော သွန်သင်ချက် အမျိုးမျိုးနောက်ဟို လိုက်ပါ မသွားကြနဲ့။ အကျောန်းမှာ စားစရာအားဖြင့် မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နေလုံးဟို တည်မြဲစေခြင်းဟ ကောင်းမြတ်အယ်။ စားစရာအားဖြင့် အသက်ဆှင် ဆှောက်လှမ်းသောသူလို့ဟ အကျိုးဟို မရဆိကြပေ။
နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။
သူလို့ဟ နင်လို့နဲ့အတူ စားသောက်သောအခါ ဆှက်ကြောက်ခြင်း မဆိဘဲ မိမိလို့အတွက်သာ ဂရုစိုက်လျက် နင်လို့ရဲ့ မေတ္တာပွဲနှိုက် အစွန်းအထင်းများ ဖြစ်ကြအယ်။ သူလို့ဟ လေနှိုက်လွင့်ပါသွားသော မိုးယေမပါလဲ့ မိုးချေးသားများ၊ အမြစ်ပါမကျန် ဆွဲနုတ်ခံရယွေ့ နေကြိမ်သေလဲ့ အသီး မသီးသော ဆောင်းဦးကာလ သစ်ပင်များ၊
အဲလိုလဲ ချစ်လှစွာသော သူလို့ နင်လို့ဟ မိမိလို့ရဲ့ ရမ်းဆာ့သန့်ဆှင်းသော ယုံကြည်ခြင်းအပေါ်နှိုက် မိမိလို့ကိုယ်ဟို တည်ဆောက်လျက် သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် ဆုတောင်းကြလော့။
နင်လို့အား မားယွင်းခြင်းနဲ့ ကင်းစေရန် စောင့်ဆှောက်နိန်စွမ်းဆိယွေ့ နင်လို့ဟို အပစ်ကင်းစင်လျက် ရွင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော် ဆေ့နှိုက် ရပ်နိန်သော —