20 နင်လို့ဟ ခရစ်တော်နဲ့အတူ သေဆုံးယွေ့ လောကီတရားမှ ခွဲခွာခဲ့တာဆိုရင်၊ ပစာကို့ ဟေလောကနှိုက် အသက်ဆှင်သောသူများလို ပြုကျင့်နေကြတာတုန်း။
နင်လို့ဟ လောကနဲ့ သက်ဆိုင်သောသူများဖြစ်ရင် လောကသားလို့ဟ မိမိလို့နဲ့ဆိုင်သော နင်လို့ဟို ချစ်ကြလိမ့်မယ်။ အဲလိုလဲ ငါဟ နင်လို့ဟို ဟေလောကထဲဟ ရွေးကောက်တာဖြစ်ယွေ့ နင်လို့ဟ ဟေလောကနဲ့ မသက်ဆိုင်ဝူး၊ အဲအကျောန်းကျောန့် လောကသားလို့ဟ နင်လို့ဟို မုန်းကြအယ်။
ငါလို့ဟ ဟေလောကနှိုက် အသက်ဆှင်နေထိန်လျက် ဆိတာ မန်သော်လည်း လောကီအကျိုးဟို မျော်ကိုးယွေ့ တိုက်ပွဲဝင်ကြတာ မဟုတ်။
အေးနည်းတိုင်းတိုင်း၊ ငါလို့ဟလည်း ဝိညာဉ်ရေးရာ ရင့်ကျက်မှုမရောက်ခင် လောကဟို အုပ်ချုပ်သော ဝိညာဉ်များရဲ့ ကျွန်များ ဖြစ်ခဲ့ကြအယ်။
ငါအတွက်ကတော့ စလိုဖြစ်ဖြစ်၊ ငါလို့ သခင် ယေရှုခရစ်ရဲ့ လက်ဝါးကပ်တိုင်နှိုက်သာ ငါ ဝါကြွားမယ်။ လက်ဝါးကပ်တိုင်တော်အားဖြင့် ဟေလောကဟ ငါ့အတွက် အသေ ဖြစ်အယ်၊ အားပင်း ငါဟ လောကကြီးအတွက် သေပီ။
စည်းမျဉ်းများပါလဲ့ ပညတ်ချက်နဲ့ဆိုင်သော ပညတ်တရားဟို မိမိခန္ဓာကိုယ်အားဖြင့် ပယ်ဖျက်အယ်။ သူရဲ့ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းမှု နေခုမှ လူသားဆန်မှု အသစ်တခုကို သူ့တတ်တိုင်း ဖန်တီးရန် ဖြစ်အယ်။
ငါလို့ရဲ့ အပစ်ကြွေးဟို လည်းကောင်း၊ အေးဒါနဲ့ဆိုင်သော စည်းမျဉ်းများဟို လည်းကောင်း၊ လက်ဝါးကပ်တိုင်ပေါ်နှိုက် ရိုက်ထားလျက် ဖယ်ဆှားအယ်။
အဲလိုမို့ အစားအသောက်နဲ့ ပတ်သက်ယွေ့ ဖြစ်စေ၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့နဲ့ ပတ်သက်ယွေ့ ဖြစ်စေ စသူမျှ နင်လို့ဟို မစီရင်စေနဲ့။
ပစာကျောန့် “ဟေအရာဟို မကိုင်နဲ့၊ မမြည်းနဲ့၊ မတို့နဲ့” ဟု အစဆိသော စည်းမျဉ်းများဟို လိုက်ဆှောက်နေကြတုန်း။
ခရစ်တော်ဆေမှ မဟုတ်ဘဲ လူလို့ရဲ့ ထုံးတမ်းစဉ်လာမှလည်းကောင်း၊ လောကဟို အုပ်ချုပ်သော ဝိညာဉ်တော်များဆေမှ လည်းကောင်း၊ လက်ဆင့်ကမ်းလဲ့ အလကားကားသော လှည့်စားခြင်းအားဖြင့် စသူမျှ နင်လို့အား မလွှမ်းမိုး မသိမ်းသွင်းစေရန် သတိပြုကြလော့။
အကျောန်းမှာ နင်လို့ဟ သေဆုံးခဲ့ပီ ဖြစ်ယွေ့ နင်လို့ရဲ့ အသက်ဟ ခရစ်တော်နဲ့အတူ ဘုရားသခင်နှိုက် အောင်းထားလျက် ဆိအယ်။
ထူးခြားသော သွန်သင်ချက် အမျိုးမျိုးနောက်ဟို လိုက်ပါ မသွားကြနဲ့။ အကျောန်းမှာ စားစရာအားဖြင့် မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နေလုံးဟို တည်မြဲစေခြင်းဟ ကောင်းမြတ်အယ်။ စားစရာအားဖြင့် အသက်ဆှင် ဆှောက်လှမ်းသောသူလို့ဟ အကျိုးဟို မရဆိကြပေ။
ဖောက်ပြန်သောသူလို့၊ လောကနဲ့ မိတ်ဖွဲ့ခြင်းဟ ဘုရားသခင်ဟို ရန်ဘက်ပြုခြင်း ဖြစ်ကျောန်း နင်လို့ မသိကြသလော။ အဲကျောန့် လောကရဲ့ မိတ်ဆွေ ဖြစ်လိုသောသူဟ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်အယ်။
ငါလို့ဟ ဘုရားသခင်နဲ့ စပ်ဆိုင်တာဟို လည်းကောင်း၊ လောကီသားအပေါင်းလို့ဟ မာရ်နတ်ရဲ့ လက်နှိုက် ဆိကြတာဟို လည်းကောင်း ငါလို့ သိကြအယ်။