Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကောလောသဲ 1:11 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

11-12 နင်လို့ဟ အရာခပ်သိမ်းဟို စိတ်ဆှည်စွာ သည်းခံနိန်စေရန် ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးတော်မှ ရဆိလဲ့ စွမ်းရည်အမျိုးမျိုးဖြင့် ရပ်တည်နိန်ကြပါစေသော။ အဲမှ အလင်း နိုင်ငံတော်တွင် ဘုရားသခင်ရဲ့ လူမျိုးနွယ်အတွက် ထားလဲ့ ကောင်းချီးမင်္ဂလာများဟို နင်လို့အား ခံစားထိုက်သူများဖြစ်သော ခမည်းတော် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ဝမ်းမြောက်စွာ ချီးမွန်းနိန်ကြပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကောလောသဲ 1:11
26 ပူးပေါင်းရင်းမြစ်များ  

အဲလိုလဲ နင်လို့ အပေါ်ဟို သန့်ဆှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ နင်လို့ဟ တန်ခိုးနဲ့ ပြေ့လိမ့်မယ်၊ နင်လို့ဟ ယေရုရှလင်မြို့၊ ယုဒပြေတပြေလုံးနဲ့ ရှမာရိပြေမှ စယွေ့ ကမ္ဘာမြေကြီး အဆုံးတိုင်အောန် ငါရဲ့ အကျောန်းဟို သက်သေခံသူများ ဖြစ်ကြလိမ့်မယ်” ဟု မိန့်အယ်။


တမန်တော်လို့ဟ ယေရှုရဲ့ နာမတော်ကျောန့် အဆှက်ကွဲခြင်းဟို ခံထိုက်သူများအဖြစ်ဖြင့် ဘုရားသခင် မှတ်သောကျောန့် ဝမ်းမြောက်စွာ တရားလွှတ်တော်မှ ထွက်သွားကြအယ်။


တချို့လူတွေဟ ဆက်ပင်း ကောင်းလဲ့အရာဟို လုပ်လျက် ဘုန်းအသရေနဲ့ ဂုဏ်ပြုခြင်းဟို လည်းကောင်း၊ သေခြင်းနဲ့လွတ်လဲ့ ဖဝါ့ဟို ဆှာသော သူလို့အား ဘုရားသခင်ဟ ထာဝရ အသက် ပေးလိမ့်မယ်။


နင်လို့ဟ သတိနဲ့ စောင့်နေကြလော့။ ယုံကြည်ခြင်းနှိုက် တည်ကြလော့။ အစွမ်းသတ္တိနဲ့တကွ ခွန်အားစုံလင်လျက် နေကြလော့။


အားပေမဲ့ ရမ်းဆာ့သော ဟေတန်ခိုးဟ ငါလို့ဆေမှ မဟုတ်ဘဲ ဘုရားသခင်ဆေမှ ဖြစ်ကျောန်း ထင်ဆှားစေရန် ငါလို့ဟ အဲဘဏ္ဍာဟို မြေအိုးထဲနှိုက် ထည့်ထားကြအယ်။


ဘုရားသခင်ဟ မိမိရဲ့ ဘုန်းအသရေကြွယ်ဝမှုနဲ့အညီ နင်ရဲ့အတွင်းစိတ်နှိုက် ခိုင်ခံ့စေခြင်းငှာ၊ ဝိညာဉ်တော်အားဖြင့် နင့်အား တန်ခိုးတော်ပေးသနားရန် ဘုရားသခင်ကို ငါ တောင်းဆှောက်အယ်။


နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း အမြဲတမ်းဆိကြလော့။ တဦးနဲ့တဦး သည်းခံခြင်းအားဖြင့် ချစ်ခြင်းမေတ္တာ ပြကြလော့။


နောက်ဆုံးမှာ၊ သခင်ဘုရားနှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ အစွမ်းသတ္တိနဲ့ဆိုင်သော တန်ခိုးအရှိန်အဝါနှိုက် လည်းကောင်း ခွန်အားနဲ့ ပြေ့စုံကြလော့။


ငါ့ဟို ခွန်အားနဲ့ ပြေ့စုံစေသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုလို့ဟို ငါတတ်စွမ်းနိန်အယ်။


အသိပညာနှိုက် မိမိကိုယ်ဟို ချုပ်တည်းခြင်းဟို လည်းကောင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းနှိုက် သည်းခံခြင်း ဟို လည်းကောင်း၊ သည်းခံခြင်းနှိုက် ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းဟို လည်းကောင်း၊


ငါလို့ရဲ့ ကယ်တင်ဆှင်၊ တဆူတည်းသော ဘုရားသခင်နှိုက် ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ဘုန်းအသရေတော်၊ အာနုဘော်၊ တန်ခိုးအရှိန်အဝါနဲ့ အာဏာစက်လို့ဟ မခင်ကာလ အစဉ်အဆက်၊ အခု ကာလနဲ့ နောင်လာမယ့်ကာလ အစဉ်မပြတ် ဆိပါစေသော။ အာမင်။


ဘုရားသခင်ရဲ့ ပညတ်လို့ဟို လည်းကောင်း၊ ယေရှုနှိုက် ယုံကြည်ခြင်းဟို လည်းကောင်း၊ စောင့်ဆှောက်သော သန့်ဆှင်းသူလို့ဟ ဟေအရာနှိုက် သည်းခံစရာအကျောန်း ဆိအယ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ