34 ပေတရုဟ သူ့အား “အဲနေ၊ ယေရှု ခရစ်ဟ နင့်ဟို ကျန်းမာစေပီ။ ထယွေ့ အိပ်ယာဟို သိမ်းလော့” ဟု ဆိုအယ်။ အဲသူဟ ခုတင်ချင်း ထအယ်။
ယေရှုဟ လက်တော်ဟို ဆန့်ယွေ့ အေးသူဟို တို့ထိကာ “ငါ အလိုဆိအယ်၊ သန့်စင်စေ” ဟု မိန့်အယ်။ ခုတုံး သူဟ အဲအရေပြားရောဂါ ပျောက်ကင်း သွားလေအယ်။
အဲပင်းရင်၊ လူသားဟ လောကတွင် အပစ်ဖြေလွှတ်ပိုင်တာဟို ငါ နင်လို့ဟို သက်သေပြမယ်။” အဲလိုမို့ ကိုယ်တော်ဟ လေဖြတ်သူအား “ထလော့၊ အိပ်ယာဟို မပင်း နေအိုင်ဟို ပြန်လော့” ဟု မိန့်အယ်။
ယေရှုဟ ဟေဦးရင်ဆုံးသော နိမိတ်လက္ခဏာဟို ဂါလိလဲပြေ ကာနမြို့တွင် ပြုလျက် ကိုယ်တော်ဟ မိမိရဲ့ ဘုန်းအသရေဟို ထင်ဆှားစေအယ်၊ သူ့ရဲ့ တဘဲ့တော်လို့ဟ ကိုယ်တော်ဟို ယုံကြည်ကြအယ်။
သူမဟ ရက်ပေါင်းများစွာ အေးလို့ လုပ်နေသဖြင့် ပေါလုဟ ရမ်းဆာ့ စိတ်ညစ်ရယွေ့ နောက်ဟို လှည့်ပင်း “ယေရှု ခရစ်ရဲ့ နာမဖြင့် အေးသူ့ဆေမှ ထွက်သွားရန် နင့်ဟို ငါ အမိန့်ပေးအယ်” လို့ နတ်ဆိုးအား ဆိုရင်၊ အေးခဏနှိုက် နတ်ဆိုးဟ သူမဆေမှ ထွက်သွားလေအယ်။
ပေတရုဟ လူများဟို မျော်သောအခါ သူဟ အဲသူလို့အား “ဣသရေလ အမျိုးသားလို့၊ ပစာကို့ အေးအရာဟို နင်လို့ အံ့ဩကြလုန်း၊ ပစာကျောန့် ငါလို့ဟို ကျေ့လုန်း၊ ငါလို့ရဲ့ တန်ခိုး အဲဟာမဟုတ်ရင် ငါလို့ရဲ့ ကိုယ်ကျင့်သီလအားဖြင့် ဟေသူဟို လမ်းဆှောက်စေနိန်တာလို့ ထင်မှတ်ကြသလော။
အဲအဆှင်ရဲ့ နာမတော် တန်ခိုးအားဖြင့် ဟေခြေမသန်စွမ်းသူဟ သန်စွမ်းယွေ့ လာအယ်။ အဲအဆှင်ရဲ့ နာမတော်ဟို ယုံကြည်ခြင်းအားဖြင့် အခု နင်လို့မျော်ယွေ့ သိရကြလဲ့အမှုအရာဟ ဖြစ်ပွားခဲ့အယ်၊ နင်လို့အားလုံး မျော်လဲ့အတိုင်း ယေရှုဟို ယုံကြည်ခြင်းကသာ အဲသူအား ကျန်းမာလာစေခြင်း ဖြစ်အယ်။
အဲလိုလဲ ပေတရုဟ သူ့အား “ငါ့မှာ ဆွေ အဲဟာမဟုတ်ရင် ပိတ်ဆန် မဆိ၊ အဲလိုလဲ ဆိလဲ့အရာဟို နင်အား ငါ ပေးမယ်၊ နာဇရက်မြို့သား ယေရှု ခရစ်တော်ရဲ့ နာမတော်အားဖြင့် ထယွေ့ လှမ်းသွားလော့” ဟု ဆိုအယ်။
နာဇရက်မြို့သား ယေရှု ခရစ်ရဲ့ နာမတော် တန်ခိုးအားဖြင့် အဲသူဟ ခြေသန်စွမ်းလာယွေ့ နင်လို့ ဆေ့တွင် ရပ်လျက်နေတာဟို နင်လို့နဲ့အတူ ဣသရေလအမျိုးသားအပေါင်းလို့ သိမှတ်ကြလော့၊ အဲအဆှင်ဟ နင်လို့ လက်ဝါးကပ်တိုင်မှာ တင်ယွေ့ သတ်ပင်းနောက် ဘုရားသခင် ဆှင်ပြန်ထမြောက်စေသောသူ ဖြစ်အယ်။
အဲမြို့တွင် လေဖြတ်သဖြင့် ဆစ်နှစ်ပတ်လုံး အိပ်ယာပေါ်မှာ တုံးလုံးနေသူ အဲနေ နာမယ်ဆိသော လူတယောက်ဟို တွေ့အယ်။
လုဒ္ဒမြို့နဲ့ ရှာရုန်မြို့တွင် နေသောသူအပေါင်းလို့ဟ အေးသူဟို မျော်ယွေ့ သခင်ဘုရားဆေဟို ပြောင်းလဲလာကြအယ်။