33 အဲမြို့တွင် လေဖြတ်သဖြင့် ဆစ်နှစ်ပတ်လုံး အိပ်ယာပေါ်မှာ တုံးလုံးနေသူ အဲနေ နာမယ်ဆိသော လူတယောက်ဟို တွေ့အယ်။
ယေရှုရဲ့ သတင်းဟ ရှုရိပြေ တဆှောက်လုံးတွင် ပျံ့သွားပင်း၊ လူလို့တွင် နတ်ဆိုးဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လေဖြတ်သောသူ၊ မကျန်းမာသောသူမှ စယွေ့ အမျိုးမျိုးသော အနာရောဂါစွဲကပ်သူ ဝေဒနာဆှင်များဟို အထံတော်သို့ ခေါ်ခဲ့ကြပင်း ယေရှုဟ အဲလူအပေါင်းလို့ဟို ရောဂါပျောက်ကင်း စေအယ်။
အဲနေရာနှိုက် အမျိုးသမီးတယောက်ဟ ဆယ့်နေနှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်လျက် အပြင်းအထန် ခံစားခဲ့ရအယ်။
“သူဟေလို ဖြစ်နေတာ စလောက်ကြာပီလုန်း” ဟု အောင်နီငယ်ရဲ့ အဖအား ယေရှု မေးလေအယ်။ “လူပဲ့အရွယ်ကတည်းထဲဟ” ဟု သူဟ ပြန်ပြောအယ်။
တဆယ့်ဆစ်နှစ်လုံးလုံး စာတန်ရဲ့ တုပ်ချေခံရသော အာဗြဟံရဲ့ သမီးဖြစ်လဲ့ ဟေအမျိုးသမီးဟို ဥပုသ်နေ့မှာ အေးအနှောင်အဖွဲ့ဟ လွတ်ငြိမ်းခွင့် ပေးသင့်ဝူးလော” ဟု ပြောအယ်။
အဲနေရာတွင် သုံးဆယ့်ဆစ်နေပတ်လုံး မကျန်းမာသောသူ လူတယောက် ဆိအယ်။
ယေရှုဟ လမ်းဆှောက်ယွေ့ သွားစဉ် အမေ့ဖိုက်ထဲဟ မျက်စေ့ကန်းသော သူတယောက်ဟို မျော်လေအယ်။
အဲလိုလဲ အခု သူဟ စလိုမျက်စေ့မျော်တာဟို ငါလို့ မသိကြ၊ သူ့အား စသူ မျက်စေ့မျော်စေတာဟိုလည်း မသိပါ။ သူ့အား မေးမန့်။ သူဟ အရွယ်ရောက်ပီ၊ သူရဲ့အကျောန်းဟို သူ့တတ်တိုင်း ပြောပြနိန်လိမ့်မယ်” ဟု ပြန်ပြောကြအယ်။
လုတ္တရမြို့တွင် မွေးစကပင် ခြေမသန်စွမ်းဖြစ်ခဲ့သူ၊ ဖယ်ခါကမှ လမ်းမဆှောက်နိန်ခဲ့သူ လူတယောက် ဆိအယ်။
မွေးရာပါ ခြေမသန်စွမ်းသူ လူတဦးဟို တင့်တယ်ဟုခေါ်လဲ့ ထင်ခါးနားဟို ထမ်းလာကြအယ်၊ အဲဗိမာန်တော်ထဲဟို လာကြသော သူများဆေမှ ပိတ်ဆန် တောင်းနိန်ရန်အတွက် သူ့ဟို ဗိမာန်တော် ထင်ခါးအနီးတွင် နေ့တိုင်းချထားလေ့ ဆိကြအယ်။
ဟေနိမိတ်လက္ခဏာအားဖြင့် အကောင်းပကတိဖြစ်လာသော သူဟ အသက်လေးဆယ်ကျော် ဆိအယ်။
ပေတရုဟ အရပ်ရပ်သို့ လှည့်လည် သွားလာပင်း၊ သူဟ လုဒ္ဒမြို့နှိုက် နေထိန်သော ဘုရားသခင်ရဲ့ သန့်ဆှင်းသူဆေသို့ ရောက်ဆိလာအယ်။
ပေတရုဟ သူ့အား “အဲနေ၊ ယေရှု ခရစ်ဟ နင့်ဟို ကျန်းမာစေပီ။ ထယွေ့ အိပ်ယာဟို သိမ်းလော့” ဟု ဆိုအယ်။ အဲသူဟ ခုတင်ချင်း ထအယ်။