29 သူဟလည်း ဟေလနစ်စကားဟို ပြောသောသူ ယုဒအမျိုးသားများနဲ့ အခြေအတင် ဆွေးနွေးပေမဲ့ အဲသူလို့ဟ သူ့ဟို သတ်ရန် ကြံစည် အားထုတ်ကြအယ်။
အဲလိုလဲ သူလို့တွင် ကုပရုပြေနဲ့ ကုရေနေပြေမှ လူအချို့ပါယွေ့ သူလို့ဟ အန္တိအုတ်မြို့သို့ သွားပင်း လူမျိုးခြားလို့အားလည်း သခင် ယေရှုရဲ့ အကျောန်း သတင်းကောင်းဟို ဟောပြောကြအယ်။
အေးကျောန့် တရားဇရပ်တွင် ယုဒအမျိုးသားများ၊ ဘုရားသခင်ဟို ကိုးကွယ်သော တပါးအမျိုးသားနဲ့ လည်းကောင်း၊ နေ့စဉ်နေ့တိုင်း အများနဲ့ဆိုင်သော နေရာ လာရောက်ကြသူများနဲ့ လည်းကောင်း ဆွေးနွေးအယ်။
သူလို့ဟ ဧဖက်မြို့ဟို ရောက်သောအခါ ပေါလုဟ ပြစ်ကိလနဲ့ အာကုလလို့ဟို မြို့ထဲတွင် ချန်ခဲ့အယ်။ သူဟ တရားဇရပ်ဟို ဝင်ပင်း ယုဒလူများနဲ့ ဆွေးနွေးကြအယ်။
ပေါလုဟ တရားဇရပ်ဟို ဝင်ပင်း သုံးလလုံးလုံး အချေအတင် ဆွေးနွေးကာ ဘုရားသခင်ရဲ့ နိုင်ငံတော် အကျောန်းများဟို ဖြားယောင်းယွေ့ ရဲရင့်စွာ ဟောပြောလေအယ်။
အေးခါတွင် အဆှင်ဟို ငါ မျော်ယွေ့ ကိုယ်တော်ဟ ‘ယေရုရှလင်မြို့မှ အလျင်အမြန် ထွက်သွားလော့၊ ပစာကို့ ဟေမှာဆိလဲ့ လူများဟ ငါ့ရဲ့အကျောန်းနဲ့ ပတ်သက်သော နင်ရဲ့ သက်သေခံချက်ဟို လက်ခံကြလိမ့်မယ် မဟုတ်’ လို့ ငါ့ဟို ပြောအယ်။
အေးနေ့ရက်များနှိုက် တဘဲ့တော်များ တိုးပွားလာသောအခါ၊ ဟေလသစကားဟို ပြောသော ယုဒလူလို့ဟ မိမိလို့ထဲမှ မုဆိုးမများဟ နေ့စဉ် ထောက်ပံ့ခြင်းအမှုတွင် လျစ်လျူရှုခံရအယ်ဟု ဟေဗြဲစကားဟို ပြောသော ယုဒလူလို့ဟို အပစ်တင်ကြအယ်။
အဲလိုလဲ ဗာနဗဟ သူ့ဟို ကူညီယွေ့ တမန်တော်လို့ဆေ ခေါ်လာအယ်။ ရှောလုဟ လမ်းခရီးနှိုက် သခင်ဘုရားဟို မျော်ခဲ့ပုံမှ စယွေ့ သခင်ဘုရားဟ သူ့အား မိန့်ခဲ့ပုံနဲ့ ဒမာသက်မြို့တွင် ယေရှုရဲ့ နာမတော်နှိုက် ရဲရင့်စွာ သူဟောပြောခဲ့ပုံလို့ဟို သူလို့အား ပြောပြလေအယ်။
အဲပင်းရင် ရှောလုဟလည်း ယေရုရှလင်မြို့တွင် သူလို့နဲ့အတူ နေပင်း သွားလာလှုပ်ဆှားလျက် သခင်ဘုရားရဲ့ နာမတော်ဟို အမှီပြုယွေ့ ရဲရင့်စွာ ဟောပြောလေအယ်။
ငါဟ အကြိမ်ကြိမ်ပြုရာတွင် မြစ်ယေလျှံလဲ့ဘေး၊ ထားပြများရဲ့ဘေး၊ ငါ့လူမျိုးလို့ပြုလဲ့ဘေး၊ လူမျိုးခြားလို့ ပြုသောဘေး၊ မြို့ကြီးများတွင် တွေ့ရလဲ့ဘေး၊ တောနှိုက် ရောက်သောဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်လို့ရဲ့ ဘေးများနဲ့ ကြုံတွေ့ခဲ့ရအယ်။
ချစ်လှစွာသော မိတ်ဆွေလို့၊ ငါလို့အားလုံးနဲ့ ဆိုင်သော ကယ်တင်ခြင်း အကျောန်းဟို နင်လို့ဆေ ရေးသားပေးပို့ရန် ရမ်းဆာ့ ကြိုးစားလျက် နေစဉ်ခါပင် သန့်ဆှင်းသူလို့ဆေ တခါတည်းနဲ့အပီး ပေးအပ်သော ယုံကြည်ခြင်းအတွက် ကြိုးစား တိုက်ခိုက်ကြမယ့်အကျောန်း နင်လို့အား စာရေးယွေ့ တိုက်တွန်းနှိုးဆော်ရန် လိုအပ်တာဟို ငါတွေ့ရအယ်။
ခေါန်းခင်တမန်မင်း မိက္ခေလပင် မာရ်နတ်နဲ့ ငြင်းခုံလျက် မောရှေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ယွေ့ အချေအတင်ပြောဆိုကြသောအခါ ကဲ့ရဲ့ပစ်တင်လဲ့ စီရင်ခြင်းဟို မလုပ်ရဲဘဲ “ထာဝရဘုရားဟ နင်ဟို ဆုံးမပါစေ” ဟူယွေ့သာ ပြောခဲ့အယ်။