28 အဲပင်းရင် ရှောလုဟလည်း ယေရုရှလင်မြို့တွင် သူလို့နဲ့အတူ နေပင်း သွားလာလှုပ်ဆှားလျက် သခင်ဘုရားရဲ့ နာမတော်ဟို အမှီပြုယွေ့ ရဲရင့်စွာ ဟောပြောလေအယ်။
ငါဟ ထင်ခါးပေါက် ဖြစ်အယ်။ ငါ့အားဖြင့် ဝင်သောသူ စသူမဆို ကယ်တင်ခြင်းခံရလိမ့်မယ်၊ သူလို့ဟ ဝင်ထွက်သွားလာလျက် ကျက်စားရာဟို တွေ့လိမ့်မယ်။
“အဲလိုမို့ သခင် ယေရှု ဆှင်ပြန်ထမြောက်စေကျောန်းဟို ငါလို့နဲ့အတူ သက်သေခံရန်အတွက် လူတယောက်ဟို ရွေးချယ်ရမယ်၊
ပေတရုနဲ့ ယောဟန်လို့ဟ ပညာမတတ်သူ၊ သာမန် လူများသာဖြစ်လျက်နဲ့ စလောက် ရဲရင့်ကြတာဟို တရားလွှတ်တော်အဖွဲ့ဝင်လို့ မျော်ကြသောအခါ ရမ်းဆာ့အံ့ဩကြအယ်။ အေးသူနေဦးလို့ဟ ယေရှုရဲ့ အပေါင်းအဖော်များ ဖြစ်ခဲ့ကြတာဟိုလည်း သတိပြုမိကြအယ်။
ထာဝရဘုရား၊ အခု အေးသူလို့ရဲ့ ခြိမ်းခြောက်ခြင်းဟို ရှုမှတ်ပင်း ကိုယ်တော်ရဲ့ အစေခံလို့အား တရားတော်ဟို ရဲရင့်စွာ ဟောပြောနိန်ခွင့်ဟို ပေးသနားပါ။
သူဟလည်း ဟေလနစ်စကားဟို ပြောသောသူ ယုဒအမျိုးသားများနဲ့ အခြေအတင် ဆွေးနွေးပေမဲ့ အဲသူလို့ဟ သူ့ဟို သတ်ရန် ကြံစည် အားထုတ်ကြအယ်။
သုံးနှစ်ကြာပင်းနောက် ပေတရုနဲ့ ရင်းနှီးကျွမ်းဝင်ရန် ယေရုရှလင်မြို့ဟို တက်သွားခဲ့ပင်း ငါဟ သူနဲ့အတူ ဆယ့်ငါးရက် နေခဲ့အယ်။