13 အာနနိဟ “သခင်ဘုရား၊ ဟေလူဟ ယေရုရှလင်မြို့ဆိ ကိုယ်တော်ရဲ့ သန့်ဆှင်းသူလို့အား စလောက်ထိ ဒုက္ခပေးခဲ့တာဟို လူအမြောက်အမြားဆေမှ ငါ ကြားသိရအယ်။
“နားထောင်ကြမန့်၊ သိုးများအား ဝံပုလွေစုထဲဟို စေလွှတ်သလိုမျိုး နင်လို့အား ငါစေလွှတ်အယ်။ မြွေလိုမျိုး ပါးနပ်လိမ္မာကာ ချိုးတူးမလိုမျိုး ရိုးသားဖြူစင်ကြလော့။
ငါဟ သူရဲ့ လမ်းစဉ်ဟို လိုက်ဆှောက်သော သူများအား အသေသတ်လဲ့အထိ ငြင်းဆဲခဲ့ပါအယ်။ ငါဟ ယောက်ျားနဲ့ မိန်းမလို့ဟို ဖမ်းဆီးယွေ့ ထောင်ချခဲ့ပါအယ်။
အဲလိုလဲ ရှောလုဟ အသင်းတော်ဟို ဖျက်ဆီးရန် ကြိုးစားလျက် နေပင်း၊ သူဟ နေအိုင်တအိုင်ပင်း တအိုင်ဝင်ယွေ့ ယုံကြည်သူ ယောက်ျား မိန်းမလို့ဟို ဆွဲထုတ်ကာ အကျဉ်းထောင်တွင် ထည့်ထားလေအယ်။
ဟေအတောတွင်း ရှောလုဟ သခင်ဘုရားရဲ့ တဘဲ့တော်လို့အား သတ်ဖြတ်ရန် ခြိမ်းခြောက်လျက် နေအယ်။ သူဟ ယဇ်ပုရောဟိတ်မင်းဆေ သွားပင်း၊
သူ့ရဲ့ စကားဟို ကြားသောသူအပေါင်းလို့ဟ အံ့ဩကြလျက် “ဟေလူဟ ယေရှုဟို ကိုးကွယ်သောသူတိုင်း ယေရုရှလင်မြို့တွင် သတ်ဖြတ်ခဲ့သူ မဟုတ်ဝူးလော။ အေးသူလို့ဟို ဖမ်းဆီးယွေ့ ယဇ်ပုရောဟိတ်ကြီးများဆေ ခေါ်ဆောင်သွားရန်ဟူသော ရည်ရွယ်ချက်နဲ့ ဟေနေရာဟို လာရောက်တာ မဟုတ်လော” ဟု ဆိုကြအယ်။
ပေတရုဟ အရပ်ရပ်သို့ လှည့်လည် သွားလာပင်း၊ သူဟ လုဒ္ဒမြို့နှိုက် နေထိန်သော ဘုရားသခင်ရဲ့ သန့်ဆှင်းသူဆေသို့ ရောက်ဆိလာအယ်။
ပေတရုဟ လက်ဟို ကမ်းပေးပင်း အဲအမျိုးသမီးဟို ဆွဲထူလိုက်အယ်။ အဲပင်းရင် အထူးသဖြင့် မုဆိုးမများ၊ သန့်ဆှင်းသူများဟို ခေါ်ယွေ့ အသက်ဆှင်လျက်ဆိသော သူ့ဟို ပေးအပ်အယ်။
ဘုရားသခင် ချစ်ယွေ့ သန့်ဆှင်းသူများအဖြစ် ခေါ်ယူသော ရောမမြို့သူ မြို့သားအပေါင်းလို့ဆေ ဟေစာဟို ငါ ရေးလိုက်ပါအယ်၊ ငါလို့ အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်မှ လာသော ကျေးဇူးတော်နဲ့ ငြိမ်းချမ်းခြင်းဟို နင်လို့နှိုက် ဆိပါစေ။
ငါဟ ယုဒပြေဆိ မယုံကြည်သူလို့ရဲ့ ဘေးရန်မှ လွတ်မြောက်စေနိန်ရန်နဲ့ ငါရဲ့ အစေခံမှုဟို ယေရုရှလင်မြို့ဆိ ဘုရားသခင်ရဲ့ လူစုတော်ဟ ဝမ်းသာစွာ လက်ခံနိန်ကြစေရန် ဆုတောင်းကြလော့။
ဖိလောလုပ်နဲ့ ယုလိ၊ နေရု၊ နေရုရဲ့ ညီမ ဩလုမ္ပမှစယွေ့ သူလို့နဲ့အတူနေသော ဘုရားသခင်ရဲ့ လူများ အားလုံးလို့ဟို နှုတ်ဆက်ပေးကြလော့။
ဘုရားသခင်ရဲ့ လူဖြစ်လဲ့အတိုင်း အဆှင်ရဲ့ နာမနှိုက် သူမဟို လက်ခံကြလော့။ နင်လို့ဆေဟ အကူအညီလိုသမျှ သူမဟို အကူအညီ ပေးကြလော့။ သူမဟ ရမ်းဆာ့သော လူများအတွက် မိတ်ဆွေကောင်း ဖြစ်ပင်း ငါနဲ့လည်း မိတ်ဆွေကောင်း ဖြစ်အယ်။
ကောရိန့်မြို့ဆိ ဘုရားသခင်ရဲ့ အသင်းတော်ဝင်အပေါင်းလို့ဆေဟို လည်းကောင်း၊ အရပ်ခပ်သိမ်းမှ ငါလို့နဲ့ သူလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို ကိုးကွယ်သောသူ အပေါင်းလို့နဲ့တကွ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဆိသောအားဖြင့် ဘုရားသခင်ရဲ့ လူအဖြစ် ရွေးချယ်ခြင်း ခံရသောသူအပေါင်းလို့ဆေဟို လည်းကောင်း စာရေးလိုက်ပါအယ်။
ပစာကို့ ဘုရားသခင်ဟ စည်းကမ်းမဲ့ပြုခြင်းဟို မလိုလားဘဲ ငြိမ်သက်ခြင်းဟို လိုလားသောကျောန့် ဖြစ်အယ်။ ဘုရားသခင်ရဲ့ အသင်းတော်အပေါင်းလို့တွင် ကျင့်သုံးလဲ့အတိုင်း
ယုဒပြေဆိ ဘုရားသခင်ရဲ့ လူလို့အား ထောက်ပံ့ရန်အတွက် အလှူငွေများနဲ့ ပတ်သက်ယွေ့ ဂလာတိပြေဆိ အသင်းတော်များသို့ ငါမှာထားလဲ့အတိုင်း နင်လို့ ပြုကြလော့။
နင်လို့ ဆှက်ဖွယ်ကောင်းအယ်။ ခရစ်ယာန်ညီအကို အချင်းချင်း အမှုခင်း ဖြစ်ပွားကြသောအခါ အသင်းတော်နဲ့ တရားစီရင်ဆုံးဖြတ်နိန်သူ ပညာဆိတယောက်မျှ မဆိသလော။
ပေါလုဟ ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် ခရစ်တော် ယေရှုရဲ့ တမန်တော် ဖြစ်အယ်။ ခရစ်တော် ယေရှုနှိုက် သစ္စာဆိယွေ့ ဧဖက်မြို့နှိုက်ဆိသော ဘုရားသခင်ရဲ့ သန့်ဆှင်းသော လူလို့အား စာရေးလိုက်ပါအယ်။
ခရစ်တော် ယေရှုရဲ့ အစေခံများဖြစ်လဲ့ ပေါလုနဲ့ တိမောသေလို့ဆေမှ — ဖိလိပ္ပိမြို့တွင် နေထိန်ကြသော သင်းအုပ်များနဲ့ သင်းထောက်လူကြီးများမှစယွေ့ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဖြစ်ကြသော ဘုရားသခင်ရဲ့ လူမျိုးနွယ်အပေါင်းလို့ ဆေဟို စာရေးလိုက်ပါအယ်၊
ဘုရားသခင်ရဲ့ လူမျိုးနွယ်အပေါင်းလို့ဟ နှုတ်ဆက်လိုက်ပါအယ်။ အထူးသဖြင့် ကဲသာဘုရင်ရဲ့ နန်းတော်ဆိ ညီအကိုများဟ နှုတ်ဆက်လိုက်ပါအယ်။
ကောလောသဲမြို့ဆိ ဘုရားသခင်ရဲ့ လူများဖြစ်သော ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်လျက် သစ္စာဆိသူ ညီအကို မောင်နှမလို့ဆေမှ စာရေးလိုက်အယ်၊ ငါလို့ အဖ ဘုရားသခင်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟို နင်လို့နှိုက် ဆိပါစေသော။
နင်လို့ရဲ့ ခေါင်းဆောင်အပေါင်းနဲ့ ဘုရားသခင်ရဲ့ လူစုတော် ဆိသမျှလို့အား နှုတ်ဆက်လိုက်ကျောန်း ပြောပြလော့။ ဣတလိပြေမှ ညီအကိုလို့ဟလည်း နင်လို့အား နှုတ်ဆက်လိုက်အယ်။
ချစ်လှစွာသော မိတ်ဆွေလို့၊ ငါလို့အားလုံးနဲ့ ဆိုင်သော ကယ်တင်ခြင်း အကျောန်းဟို နင်လို့ဆေ ရေးသားပေးပို့ရန် ရမ်းဆာ့ ကြိုးစားလျက် နေစဉ်ခါပင် သန့်ဆှင်းသူလို့ဆေ တခါတည်းနဲ့အပီး ပေးအပ်သော ယုံကြည်ခြင်းအတွက် ကြိုးစား တိုက်ခိုက်ကြမယ့်အကျောန်း နင်လို့အား စာရေးယွေ့ တိုက်တွန်းနှိုးဆော်ရန် လိုအပ်တာဟို ငါတွေ့ရအယ်။