38 အရာဆိဟ မြင်းလှည်းဟို ရပ်စေရန် အမိန့်ပေးပင်း၊ သူလို့နေယောက်ဟ ယေထဲသို့ ဆင်းသွားကြပင်း ဖိလိပ္ပုဟ အရာဆိအား နှစ်ခြင်းဟို ပေးအယ်။
နင်လို့ နောင်တရလဲ့အတွက် ငါဟ ယေနှိုက် နှစ်ခြင်းဟို ပေးအယ်။ အဲလိုလဲ ငါထက်ကြီးမြတ်သောသူဟ နောက်တွင် ကြွလာမယ်၊ ငါဟ သူရဲ့ ဖိနပ်ဟိုမျှ ကိုင်ဆောင်ရန် မထိုက်တန်ပါ။ သူဟ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ မီးနှိုက် နင်လို့ဟို နှစ်ခြင်း ပေးလိမ့်မယ်။
သူလို့ဟ မိမိလို့ရဲ့ အပစ်များဟို ဖော်ပြဝန်ခံကြပင်း၊ ယောဟန်ဟ ယော်ဒန်မြစ်တွင် သူလို့အား နှစ်ခြင်းဟို ပေးအယ်။
ယေရှုဟ ယောဟန်ထက် ပိုပင်းများလဲ့ တဘဲ့များဟို နှစ်ခြင်းပေးလျက်နေတာဟို ဖာရိရှဲလို့ ကြားသိကြအယ်။
သူလို့ ယေမှ တက်လာကြသောအခါ ထာဝရဘုရားရဲ့ ဝိညာဉ်တော်ဟ ဖိလိပ္ပုအား တပါးအရပ်သို့ ဆောင်ယူသွားကြအယ်။ အရာဆိဟ ဖိလိပ္ပုဟို နောက်တခါ မတွေ့ရတော့ပေမဲ့ သူဟ ဝမ်းမြောက်ဝမ်းသာစွာ ဆက်လက် ခရီးပြုလေအယ်။