15 သူလို့ဟ ရောက်လာသောအခါ၊ သန့်ဆှင်းသော ဝိညာဉ်တော်ဟို အေးယုံကြည်သူအသစ်လို့ဟ ခံယူကြစေရန် သူလို့အတွက် ဆုတောင်းကြအယ်၊
“အားပင်း နင်လို့အား ငါ အမန်အကန်ပြောတာဟ လောကတွင် နင်လို့အနက် လူနေယောက်လို့ဟ သဘောတူပင်း ဆုတောင်းလဲ့ အရာအားလုံးအတွက် ခေါန်းခင်နှိုက်ဆိသော ငါရဲ့အဖဟ သူလို့အတွက် အေးအရာဟို ပြေ့စုံစေမယ်။
သူလို့အား “နင်လို့ ယုံကြည်သူ ဖြစ်လာကြသောအခါ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ရဆိကြသလော” ဟု မေးအယ်။ သူလို့ဟ “သန့်ဆှင်းသော ဝိညာဉ်တော် ဆိကျောန်းဟို ငါလို့ မကြားဖူးပါ” လို့ ပြန်ဖြေကြအယ်။
ပေတရုဟ သူလို့ဟို “နင်လို့ အယောက်စီတိုင်း အပစ်မှ နောင်တရကြပင်း၊ နင်လို့ အပစ်များ ဖြေလွှတ်စေရန် ယေရှု ခရစ်ရဲ့ နာမနှိုက် နှစ်ခြင်းဟို ခံလော့။ အားပင်း နင်လို့ဟ သန့်ဆှင်းသော ဝိညာဉ်တော် တည်းဟူသော ဘုရားသခင်ရဲ့ လက်ဆောင်ဟို ရဆိကြလိမ့်မယ်။
အဲကျောန့် အခြားသော ဘာသာစကားဟို ပြန်ပြောသောသူဟ အနက်ဟိုလည်း ဖော်ပြနိန်မဲ့အကျောန်း ဆုတောင်းလော့။
ပစာကို့ နင်လို့ရဲ့ ဆုတောင်းခြင်းများနဲ့ ယေရှု ခရစ်တော်ရဲ့ ဝိညာဉ်တော်ဆေမှ လာသော ကူညီမစခြင်းအားဖြင့် ငါဟ ဟေအနှောင်အဖွဲ့မှ လွတ်မြောက်မယ်ဟု ငါသိအယ်။