25 အဲအခါ လူတယောက် ရောက်လာယွေ့ “ကျေ့မန့်၊ အကျဉ်းချထားခဲ့သော သူလို့ဟ ဗိမာန်တော်ထဲတွင် ရပ်လျက် လူလို့အား သွန်သင်နေအယ်” ဟု ဆှောက်လေအယ်။
နင်လို့ဟ ငါ့အတွက်ကျောန့် အာဏာပိုင်များနဲ့ ဘုရင်များ ဆေ့မှောက်ဟို ရောက်ရကြလိမ့်မယ်။ အဲသူလို့နဲ့ တပါးအမျိုးသားလို့အား သက်သေဖြစ်ကြလိမ့်မယ်။
အဲလိုလဲ အချို့လို့ဟ ဖာရိရှဲလို့ဆေဟို သွားယွေ့ ယေရှု ပြုသောအမှုဟို ကြားပြောကြအယ်။
တနေ့သောအခါ ဆုတောင်းချိန် မွန်းလွဲသုံးနာရီတွင် ပေတရုနဲ့ ယောဟန်လို့ဟ ဗိမာန်တော်ဟို သွားကြအယ်။
အဲစကားဟိုကြားသောအခါ ဗိမာန်တော် အစောင့်တပ်မှူးနဲ့ ယဇ်ပုရောဟိတ်ကြီးလို့ဟ ဟေအမှုဟ စလို ဖြစ်လိမ့်မလုန်းဟု တမန်တော်လို့နဲ့ ပတ်သက်ယွေ့ တွေးတောကြအယ်။
အဲအခါ အရာဆိလို့ဟ အစောင့်တပ်သားလို့နဲ့အတူ သွားရောက်ယွေ့ တမန်တော်လို့ဟို ခေါ်ဆောင်လာကြအယ်။ အဲလိုမို့ မိမိလို့အား လူလို့ဟ ခဲနဲ့ပေါက်မယ်ဟို စိုးရိမ်သဖြင့် တမန်တော်လို့အား အနိန်အထက် မပြုကြ။