36 ယောသပ်ဟု နာမယ်ဆိသော လူတယောက်ဆိအယ်၊ သူ့ဟို တမန်တော်လို့ဟ ဗာနဗ ဟု ခေါ်ကြအယ်၊ ဗာနဗရဲ့ အနက်ဟ “နှစ်သိမ့်ခြင်းရဲ့ သား” ဟု အဓိပ္ပာယ်ရအယ်။ သူဟ ကုပရုပြေသား၊ လေဝိအနွယ်ဝင် ဖြစ်အယ်၊
ယာကုပ်နဲ့ သူ့ညီ ယောဟန်၊ ဇေဗေဒဲရဲ့ သားများ (ကိုယ်တော် မှည့်ခေါ်သူများဟ ဗောနေဂရက်ဟူသော နာမယ်ဖြင့် “မိုးကြိုးရဲ့ သားများ” ဟု အနက်ဆိအယ်)
ဟေသို့ ဆုံးဖြတ်ကြပင်းနောက် ထောက်ပံ့ငွေများဟို ဗာနဗနဲ့ ရှောလုမှ တဆင့် အသင်းတော် လူကြီးများဆေဟို ပို့ပေးကြအယ်။
ဗာနဗနဲ့ ရှောလုဟ မိမိလို့ ဆောင်ရွက်ရန်ဆိလဲ့ အလုပ်ကိစ္စများဟို ဆောင်ရွက်ကြပင်းနောက် မာကုဟု ခေါ်လဲ့ ယောဟန်ဟိုလည်း ခေါ်ခဲ့ယွေ့ ယေရုရှလင်မြို့မှ ပြန်ကြအယ်။
အန္တိအုတ်မြို့ အသင်းတော်တွင် ဗာနဗ၊ နိဂါ ခေါ်သော ရှုမောင်၊ ကုရေနေ ပြေမှ လုကိ၊ စော်ဘွားဟေရုဒ်နဲ့ သူငယ်ချင်းဖြစ်သူ မာနင်နဲ့ ရှောလု စသော ပရောဖက်များနဲ့ ဆရာများ ဆိကြအယ်။
ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းဟို ဖတ်ရွတ်ပင်းမှ၊ တရားဇရပ် အုပ်ချုပ်ရေးမှူးဟ သူလို့ဆေ လူလွှတ်ယွေ့ “ညီအကိုလို့၊ လူလို့အတွက် တိုက်တွန်းအားပေးစကား ပြောစရာဆိရင် ပြောကြပါ” ဟု ဆိုကြအယ်။
အဲသူလို့ဟ သခင်ဘုရားရဲ့ အမှုတော်ဟို ဆောင်ရွက်ယွေ့ အစာဆှောင်လျက် နေကြစဉ် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အား “ရှောလုနဲ့ ဗာနဗလို့ဟို သူလို့အတွက် သတ်မှတ်ထားသော အမှုတော်ဆောင်ရန် ငါ့အတွက် သီးသန့် ရွေးချယ်ကြလော့” ဟု မိန့်အယ်။
အဲလိုမို့ သူလို့ဟ သန့်ဆှင်းသော ဝိညာဉ်တော် စေလွှတ်လဲ့အတိုင်း သေလုကိမြို့ဟို သွားရောက်ယွေ့ အဲမြို့မှ ကုပရုကျွန်းဟို သင်္ဘောလွှင့်ကြအယ်။
စုဝေးနေသော သူအပေါင်းလို့ဟ တိတ်ဆိတ်သွားယွေ့ ဗာနဗနဲ့ ပေါလုတို့ဟ မိမိလို့အားဖြင့် လူမျိုးခြားလို့ အလယ်နှိုက် ဘုရားသခင်ပြုသော အံ့ဩဖွယ်ရာများနဲ့ နိမိတ်လက္ခဏာများ အကျောန်းဟို ပြောကြားနေစဉ် တိတ်ဆိတ်စွာ နားထောင်လျက် နေကြအယ်။
ပေါလုနဲ့ ဗာနဗလို့ဟ အေးသူလို့ကြားနှိုက် ပြင်းထန်သော သဘောထားကွဲလွဲမှုနဲ့ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပေါလု၊ ဗာနဗနဲ့ မိမိလို့ထဲမှ လူအချို့လို့ဟို ဟေပြဿနာအတွက် ယေရုရှလင်မြို့နှိုက် တမန်တော်များနဲ့ အသင်းတော် အကြီးအကဲများဆေဟို သွားကြရန် ခန့်အပ်ကြအယ်။
ဗာနဗဟ မာကု နာမယ်ဆိသော ယောဟန်ဟို မိမိနဲ့အတူ ခေါ်သွားလိုအယ်။
သူလို့ဟ အပြင်းအထန် အငြင်းပွားပင်းနောက် လမ်းခွဲသွားကြအယ်။ ဗာနဗဟ မာကုဟို ခေါ်ယွေ့ ကုပရုကျွန်းသို့ ရွက်လွှင့်လေအယ်။
ကဲသရိမြို့မှ တဘဲ့တော် တချို့လို့ဟ ငါလို့နဲ့အတူ လိုက်ခဲ့ပင်းရင် ငါလို့အား ကုပရုကျွန်းသား အစောပိုင်းဟ ယုံကြည်သူဖြစ်သူ မနာသုန်ရဲ့ နေအိုင်မှာ တည်းခိုရန် ခေါ်သွားကြအယ်။
ငါလို့ဟ ကုပရုကျွန်းဟို မျော်ရသောအခါ အေးကျွန်းရဲ့ တောင်ဖက်မှ သွားပင်း ရှုရိပြေဟို ရွက်လွင့်ကြအယ်။ တုရုမြို့တွင် ကုန်ပစ္စည်းများဟို ချရမယ် ဖြစ်ယွေ့ အေးမြို့တွင် သင်္ဘောဟို ဆိုက်ကပ်ကြအယ်။
အေးအရပ်မှ ငါလို့ ထွက်သွားပင်း၊ လေတိုက်ခတ်သောကျောန့် ငါလို့ဟ ကုပရုကျွန်းရဲ့ လေကွယ်ရာဖက်မှ ရွက်လွင့်သွားကြအယ်။
အဲလိုလဲ ဗာနဗဟ သူ့ဟို ကူညီယွေ့ တမန်တော်လို့ဆေ ခေါ်လာအယ်။ ရှောလုဟ လမ်းခရီးနှိုက် သခင်ဘုရားဟို မျော်ခဲ့ပုံမှ စယွေ့ သခင်ဘုရားဟ သူ့အား မိန့်ခဲ့ပုံနဲ့ ဒမာသက်မြို့တွင် ယေရှုရဲ့ နာမတော်နှိုက် ရဲရင့်စွာ သူဟောပြောခဲ့ပုံလို့ဟို သူလို့အား ပြောပြလေအယ်။
အားပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို ဟောပြောသောသူဟ လူလို့အား တည်ဆောက်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ နှစ်သိမ့်သော စကားလို့ဟို ပြောအယ်။
ငါနဲ့ ဗာနဗလို့သာလျှင် မိမိလို့ စားသောက်ရေးအတွက် အလုပ် လုပ်ရမယ်လော။
ဆယ့်လေးနှစ်ကြာပင်းနောက် ငါဟ တိတုဟို ခေါ်ယွေ့ ဗာနဗနဲ့အတူ ယေရုရှလင်မြို့ဟို ပြန်တက်သွားလေအယ်။
အခြား ယုဒယုံကြည်သူများဟလည်း ပေတရုနဲ့အတူ သူတော်ကောင်းယောင်ဆောင်သူများလိုမျိုး စတင် ပြုမူလာကြပင်း ဗာနဗတောင်မှ သူလို့ရဲ့ သူတော်ကောင်းယောင်ဆောင်မှုနောက် လိုက်ပါသွားခဲ့အယ်။
အသင်းတော်ရဲ့ မဏ္ဍိုင်များဖြစ်တာဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ပေတရုနဲ့ ယောဟန်လို့ဟ ငါ့အား ပေးထားသော ကျေးဇူးတော်ဟို သိမျော်ယွေ့ မိတ်သဟာယ ဖွဲ့ခြင်း လက်ယာလက်ဟို ငါနဲ့ ဗာနဗလို့အား ကမ်းလျက်၊ ငါလို့ဟ လူမျိုးခြားများဆေဟို သွားရန်နဲ့ သူလို့ အရေဖျားလှီးထားသော သူလို့ဆေဟို သွားရန် သဘောတူကြအယ်။
ငါနဲ့အတူ အကျဉ်းချခံနေရသူ အာရိတ္တာခုနဲ့ ဗာနဗရဲ့ ညီဝမ်းကွဲ မာကုလို့ဟ နင်လို့ဟို နှုတ်ဆက်လိုက်အယ်။ နင်လို့ဆေဟို သူရောက်ဆိလာရင် မာကုအား ကြိုဆိုကြရန် ညွှန်ကြားချက်များဟို နင်လို့ ရဆိကြပင်း ဖြစ်အယ်။