Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 4:32 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

32 ယုံကြည်သောသူအားလုံးဟ စိတ်နေလုံး တညီတညွတ်တည်း ဖြစ်ကြသဖြင့် စသူမျှ မိမိရဲ့ ဥစ္စာပစ္စည်းများဟို မိမိပိုင်တာဟု မဆိုဘဲ၊ ဆိသမျှသောအရာလို့ဟို ဘုံစုအဖြစ် ထားကြအယ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 4:32
21 ပူးပေါင်းရင်းမြစ်များ  

ငါဟ ဟေလောကနှိုက် ဆိတော့မှာ ဟုတ်ဝူး၊ သူလို့ဟတော့ ဟေလောကနှိုက် ဆိကြမယ်၊ ငါဟ ကိုယ်တော့်ဆေဟို လာအယ်။ သန့်ဆှင်းသော အဖ၊ သူလို့ဟ ငါလို့တိုင်းတိုင်း တလုံးတဝတည်းဖြစ်ကြရန် ငါ့အား ပေးသော ဟေသူလို့ဟို ကိုယ်တော်ရဲ့ နာမတော်နှိုက် စောင့်ဆှောက်မန့်။


သူလို့ဟ ယေရှုနဲ့ အမေ့ဖြစ်သူ မာရိ အပါအဝင် အမျိုးသမီးလို့နဲ့ လည်းကောင်း၊ ကိုယ်တော်ရဲ့ ညီတော်လို့နဲ့ လည်းကောင်း မကြာခဏ တွေ့ဆုံယွေ့ ဆုတောင်းလျက် နေကြအယ်။


ပင်တေကုတ္တေ ပွဲတော်နေ့ ကျရောက်သောအခါ ယုံကြည်သူများ အားလုံးလို့ဟ တနေရာတည်းတွင် စုဆုံလျက် ဆိနေကြအယ်။


တမန်တော်လို့ဟလည်း လူများဆေ့တွင် ရမ်းဆာ့ အံ့ဩဖွယ်ရာ အမှုအရာများနဲ့ နိမိတ်လက္ခဏာများဟို ပြကြအယ်။ ယုံကြည်သူအပေါင်းလို့ဟ ရှောလမုန် မုခ်ဦးတွင် စုဝေးကြအယ်။


အေးနည်းတူ ငါလို့ဟ ရမ်းဆာ့များသော်လည်း ခရစ်တော်နဲ့ တလုံးတဝတည်း ဖြစ်ကြသဖြင့် ခန္ဓာကိုယ် တခုတည်းနှိုက် တည်ဆိကြအယ်၊ ငါလို့ အသီးသီးဟ အချင်းချင်း ဆက်စပ်လျက် ဆိသော ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်ကြအယ်။


ညီအကို မောင်နှမလို့၊ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ နာမဟို အမှီပြုယွေ့ နင်လို့အား တောင်းပန်အယ်။ စိတ်ဝမ်းကွဲပြားမှု မဆိစေရန် နင်လို့အား စကားအပြောအဆိုတွင် ညီညွတ်မှု ဆိကြလော့။ စိတ်ကူးတခုတည်း ရည်ရွယ်ချက် တခုတည်းဖြင့် စည်းလုံးမှု ဆိကြလော့။


နောက်ဆုံးအနေဖြင့်၊ ညီအကိုလို့ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းဟို ရောက်ကြလော့၊ နှစ်သိမ့်ခြင်းဟို ခံစားကြလော့၊ စိတ်တညီတညွတ်တည်း ဆိယွေ့ သင့်မြတ်စွာ နေကြလော့။ ချစ်ခြင်း မေတ္တာနဲ့ ငြိမ်သက်ခြင်းလို့ရဲ့ ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။


စလိုပင်ဖြစ်စေ နင်လို့ဟ ခရစ်တော်ရဲ့ ဧဝံဂေလိတရားနဲ့ ထိုက်တန်စွာ ပြုမူနေထိန်ရန် ဖြစ်အယ်။ အဲလိုမို့ ငါလာယွေ့ နင်လို့ဟို တွေ့တာ ဖြစ်စေ၊ မတွေ့တာ ဖြစ်စေ၊ နင်လို့နဲ့ အဝေးမှာ နေယွေ့ နင်လို့အကျောန်း ကြားသိအခါနှိုက် ဖြစ်စေ၊ နင်လို့ဟ ဝိညာဉ်တော်နှိုက် တည်ကြည်ယွေ့ ဧဝံဂေလိတရားဟို ယုံကြည်ခြင်းအတွက် တညီတညွတ်တည်း ကြိုးစားကြတာဟို ငါ သိလိမ့်မယ်။


နောက်ဆုံးမှာ နင်လို့အားလုံး တစိတ်တသဘောတည်းဆိလျက် ကြင်နာတတ်သော သဘော၊ ညီအကိုချင်း ချစ်တတ်သော သဘော၊ သနားစုံမက်တတ်သော သဘောနဲ့ စိတ်နှိမ့်ချသော သဘော ဆိကြလော့။


ဟောပြောသောသူဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း ဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူဟ ဘုရားသခင် ပြင်ဆင်ပေးသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ အေးစာဟ ဘုရားသခင်သည် အရာအားလုံးနဲ့ ယေရှု ခရစ်တော်အားဖြင့် ဘုန်းတော်ထင်ဆှားမဲ့အကျောန်း ဖြစ်အယ်။ အေးသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းအသရေနဲ့ တန်ခိုးအရှိန်အဝါ ဆိပါစေသော။ အာမင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ