29 ထာဝရဘုရား၊ အခု အေးသူလို့ရဲ့ ခြိမ်းခြောက်ခြင်းဟို ရှုမှတ်ပင်း ကိုယ်တော်ရဲ့ အစေခံလို့အား တရားတော်ဟို ရဲရင့်စွာ ဟောပြောနိန်ခွင့်ဟို ပေးသနားပါ။
အဲအခါ ပေါလုနဲ့ ဗာနဗလို့ဟ ရဲရင့်စွာ ဟောကြားတာဟ “ငါလို့ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို နင်လို့အား ပထမဆုံး ဟောပြောရမယ်။ အဲလိုလဲ နင်လို့ဟ တရားတော်ဟို ငြင်းပယ်ကာ မိမိလို့ကိုယ်ကို ထာဝရအသက်နဲ့ မထိုက်တန်ဟု စီရင်ကြသောကျောန့်၊ ငါလို့ဟ နင်လို့နားမှ ထွက်ခွာယွေ့ လူမျိုးခြားလို့ဆေဟို သွားကြမယ်။
တမန်တော်လို့ဟ အဲအရပ်တွင် ကြာမြင့်စွာ နေထိန်လျက် ဘုရားသခင်ရဲ့ အကျောန်းဟို ရဲရင့်စွာ ဟောပြောကြအယ်။ ကိုယ်တော်ဟ အေးသူလို့ ဟောပြောလဲ့ ကျေးဇူးတော်ဆိုင်ရာ တရားမန်ကန်ကျောန်း သက်သေပြရန် သူလို့အား အံ့ဩဖွယ်ရာများနဲ့ နိမိတ်လက္ခဏာများ ပြနိန်သောတန်ခိုးဟို ပေးအယ်။
ပေါလုဟ တရားဇရပ်ဟို ဝင်ပင်း သုံးလလုံးလုံး အချေအတင် ဆွေးနွေးကာ ဘုရားသခင်ရဲ့ နိုင်ငံတော် အကျောန်းများဟို ဖြားယောင်းယွေ့ ရဲရင့်စွာ ဟောပြောလေအယ်။
ဘုရင်အဂြိပ္ပ၊ အေးအရာများ အကျောန်းဟို နင်သိသောကျောန့် ငါဟ နင့်ဆေ့မှာ ရဲဝံ့စွာပြောဆိုခြင်း ဖြစ်အယ်။ အေးအမှုအရာများဟ ချောင်ကြိုချောင်ကြားတွင် ဖြစ်ပျက်ခဲ့တာ မဟုတ်ပါ။ အကျောန်းမှာ ၎င်းလို့အထဲမှ မင်းကြီး မသိသောအရာ တစုံတခုမှဆိမယ် မဟုတ်ဟု ငါ ထင်မြင်အယ်။
ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ဟောပြောယွေ့ သခင် ယေရှု ခရစ်တော် အကျောန်းဟို အတားအဆီးမဆိဘဲ ရဲရင့်စွာ ဟောပြောလျက်နေအယ်။
ပေတရုနဲ့ ယောဟန်လို့ဟ ပညာမတတ်သူ၊ သာမန် လူများသာဖြစ်လျက်နဲ့ စလောက် ရဲရင့်ကြတာဟို တရားလွှတ်တော်အဖွဲ့ဝင်လို့ မျော်ကြသောအခါ ရမ်းဆာ့အံ့ဩကြအယ်။ အေးသူနေဦးလို့ဟ ယေရှုရဲ့ အပေါင်းအဖော်များ ဖြစ်ခဲ့ကြတာဟိုလည်း သတိပြုမိကြအယ်။
အဲလိုမို့ တရားလွှတ်တော် အဖွဲ့ဝင်လို့ဟ သူလို့ဟို ထပ်မံကျပ်တည်းစွာ သတိပေးပင်းနောက် ထွက်ခွာသွား စေကြအယ်။ လူအပေါင်းလို့ဟ ဖြစ်ပျက်ခဲ့လဲ့ အမှုအရာကျောန့် ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ချီးမွန်းလျက် နေကြသောကျောန့် သူလို့ဟ တမန်တော်လို့ဟို အပြစ်ဒဏ်ပေးနိန်မဲ့ နည်းလမ်းဟို ဆှာမတွေ့ကြ။
သူလို့ ဆုတောင်းကြပင်းသောအခါ စုဝေးရာနေရာဟ တုန်လှုပ်အယ်။ သူလို့အားလုံးဟ သန့်ဆှင်းသော ဝိညာဉ်တော်ဖြင့် ပြေ့ဝလျက် ဘုရားသခင်ရဲ့ တရားတော်ဟို ရဲရင့်စွာ ဟောပြောကြအယ်။
အဲလိုလဲ ဗာနဗဟ သူ့ဟို ကူညီယွေ့ တမန်တော်လို့ဆေ ခေါ်လာအယ်။ ရှောလုဟ လမ်းခရီးနှိုက် သခင်ဘုရားဟို မျော်ခဲ့ပုံမှ စယွေ့ သခင်ဘုရားဟ သူ့အား မိန့်ခဲ့ပုံနဲ့ ဒမာသက်မြို့တွင် ယေရှုရဲ့ နာမတော်နှိုက် ရဲရင့်စွာ သူဟောပြောခဲ့ပုံလို့ဟို သူလို့အား ပြောပြလေအယ်။
အဲပင်းရင် ရှောလုဟလည်း ယေရုရှလင်မြို့တွင် သူလို့နဲ့အတူ နေပင်း သွားလာလှုပ်ဆှားလျက် သခင်ဘုရားရဲ့ နာမတော်ဟို အမှီပြုယွေ့ ရဲရင့်စွာ ဟောပြောလေအယ်။
အဲကျောန့် အခြားသော ဘာသာစကားဟို ပြန်ပြောသောသူဟ အနက်ဟိုလည်း ဖော်ပြနိန်မဲ့အကျောန်း ဆုတောင်းလော့။
ငါလို့ဟ ဟေသို့သော မျော်လင့်ခြင်း ဆိသောကျောန့်၊ ရမ်းဆာ့ ရဲရင့်ကြအယ်။
ငါဟ တုတ်ချေခံနေရစဉ်တွင် ရမ်းဆာ့သော ယုံကြည်သူလို့ဟ သခင်ဘုရားဟို ပိုမို ယုံကြည်လာကြအယ်။ အဲလိုမို့ သူလို့ဟ နှုတ်ကပတ်တရားဟို မကြောက်မရွံ့ ဟောပြောရန် အချိန်တိုင်း ရဲရင့်လာစေအယ်။
နင်လို့ဆိရာ သက်သာလောနိတ်မြို့ဟို မလာရောက်မီ ငါလို့ဟ ဖိလိပ္ပိမြို့တွင် နှိပ်စက်ညှဉ်းပန်း ခံရပင်းဖြစ်ကျောန်း နင်လို့ သိအယ်။ အားပင်း အတိုက်အခံတွေ အများကြီးဆိပေမယ့်လည်း၊ ငါလို့ရဲ့ ဘုရားသခင်ဟ သူ့ဆေမှလာသော ဧဝံဂေလိတရားကို ဟောပြောခြင်းငှါ ရဲရင့်စေအယ်။
အားပေမဲ့ သခင်ဘုရားဟ ငါနဲ့အတူ ဆိယွေ့ ငါ့ဟို ခွန်အားနဲ့ ပြေ့စုံစေသဖြင့် ငါဟ လူမျိုးခြားလို့အား နှုတ်ကပတ်တော်ဟို အကုန်အစင် ဟောပြောနိန်အယ်၊ ဟေလိုဖြင့် ငါဟ သေခြင်းမှ ကင်းလွတ်ခွင့်ဟိုလည်း ရဆိအယ်။