14 နင်လို့ဟ သန့်ဆှင်းယွေ့ ဖြောင့်မတ်သော အဆှင်ဟို ငြင်းပယ်ခဲ့ကြပင်း၊ နင်လို့ဟ လူသတ်သမားအား လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် တောင်းခံကြကာ၊
ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူများဟ ဗာရဗ္ဗအား လွတ်ငြိမ်းချမ်းသာခွင့်ပေးမန့်၊ ယေရှုဟို သတ်မန့် ဟု ပိလတ်မင်းဆေ တောင်းဆိုရန် လူအုပ်လို့အား စည်းရုံးသိမ်းသွင်းကြအယ်။
“နာဇရက်မြို့သား ယေရှု၊ နင်ဟ ငါလို့အား ပစာလို လုပ်ချင်လုန်း။ ငါလို့အား ဖျက်ဆီးရန် ဟေမှာ ဆိနေပါလော။ နင်ဟာ စသူဖြစ်ကျောန်း ငါ သိအယ် — နင်ဟ ဘုရားသခင်ရဲ့ သန့်ဆှင်းသောသူ ဖြစ်အယ်။”
အဲလိုလဲ ယဇ်ပုရောဟိတ်ကြီးလို့ဟ ပိလတ်မင်းအစား ဗာရဗ္ဗဟို လွှတ်ပေးရန် လူအုပ်ကြီးအား လှုံ့ဆော်ခဲ့ကြအယ်။
အဲအချိန်တွင် ဗာရဗ္ဗနာမယ်ဆိသော အမျိုးသားတဦးဟ ပုန်ကန်ထကြွမှုနှိုက် လူသတ်မှုကျူးလွန်ခဲ့သော သူပုန်များနဲ့အတူ အကျဉ်းထောင်ထဲတွင် ဆိနေအယ်။
ခေါန်းခင်တမန်ဟ “သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်ရဲ့ အပေါ်ဟို သက်ရောက်ပင်း အမြင့်မြတ်ဆုံးသော ဘုရားသခင်ရဲ့ တန်ခိုးတော်ဟ နင့်ဟို လွှမ်းမိုးလိမ့်မယ်။ အဲအကျောန်းကျောန့် သန့်ဆှင်းသော သားဟလည်း ဘုရားသခင်ရဲ့ အောင်နီဟု ခေါ်ခြင်းဟို ခံရလိမ့်မယ်။
ပုန်ကန်ထကြွမှု၊ လူသတ်မှုကျောန့် ထောင်ထဲရောက်နေသောသူဟို လူများ တောင်းဆိုလဲ့အတိုင်း လွှတ်ပေးပင်းရင် ယေရှုဟို သူလို့ လုပ်ချင်သမျှအတိုင်း လုပ်ကြစေဖို့ အပ်လိုက်အယ်။
ငါဟ ခမည်းတော်ဆေဟို သွားမယ် ဖြစ်ယွေ့ နင်လို့ဟ ငါ့ဟို တွေ့မျော်ရတော့မှာ မဟုတ်သောကျောန့် သူလို့ရဲ့ မားယွင်းနေသောအရာဟို အမန်တရားအားဖြင့် ဖော်ပြမယ်။
အဲသူလို့ဟ “သူ့ဟို လွှတ်မပေးပါနဲ့၊ ဗာရဗ္ဗဟို ပေးမန့်” ဟု ပြန်ဟစ်အော်ကြအယ်။ ဗာရဗ္ဗဟ ထားပြဖြစ်အယ်။
အေးလို့ သူလို့ဟ ကိုယ်တော်နှိုက် သေဒဏ်စီရင်ထိုက်သော အပစ်တစုံတရာဟိုမျှ မတွေ့သော်လည်း၊ သူလို့ဟ ကိုယ်တော်ဟို သေဒဏ်ပေးရန် ပိလတ်မင်းအား တောင်းဆိုကြအယ်။
ပစာကို့ ကိုယ်တော်ဟ ငါရဲ့ ဝိညာဉ်ဟို မရဏာနိုင်ငံတွင် လောယွေ့ ထားမယ် မဟုတ်၊ ကိုယ်တော်ဟ သစ္စာဆိသော အစေခံဟို လုတ်တိုင်းတွင် ပုပ်ပျက်ရန် ခွင့်ပြုဝူး။
သူဟ ‘နင်သည် ငါလို့ဖိုးဖေးများ ဘုရားသခင်ဟ မိမိအလိုတော်ဟို သိစေရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ ဖြောင့်မတ်သော အစေခံအား မျော်စေရန် လည်းကောင်း၊ အေးအဆှင်ရဲ့ စလောင်မှ အသံဟို ကြားစေရန် လည်းကောင်း ကိုယ်တော်ဟ နင့်အား ရွေးချယ်လေပီ။
အမန်ပင် ဟေရုဒ်မင်းနဲ့ ပုန္တိပိလတ်မင်းလို့ဟ လူမျိုးခြားလို့၊ ဣသရေလ အမျိုးသားလို့နဲ့ ပေါင်းဖော်ပင်း ကိုယ်တော် ဘိသိက်ပေးလဲ့ ကိုယ်တော်ရဲ့ သန့်ဆှင်းသော အစေခံ ယေရှုဟို ဆန့်ကျင်လျက် ဟေမြို့တွင် စုဝေးကြအယ်။
သူဟ “အဲနာမဟို အမှီပြုယွေ့ သွန်သင်ခြင်း မလုပ်ရန် နင်လို့အား ငါလို့ ကျပ်ကျပ်အမိန့် ပေးခဲ့အယ်၊ အဲလိုလဲ နင်လို့ ပစာလုပ်တာဟို ကျေ့လော့၊ နင်လို့ဟ ယေရုရှလင်မြို့ တမြို့လုံးတွင် သွန်သင်ချက်ဟို ပျံ့နှံ့စေယွေ့ အဲသူ သေရတာဟ ငါလို့ကျောန့် ဖြစ်အယ်ဟူယွေ့ နင်လို့ အပစ်တင်လိုကြတာ မဟုတ်လော” ဟု ပြောအယ်။
နင်လို့ ဖိုးဖေးများ မနှိပ်စက်မညှဉ်းဆဲဖူးလဲ့ ပရောဖက်တပါးပါး ဆိသလော။ သူလို့ဟ ဖြောင့်မတ်သောသူ ကြွလာမဲ့အကျောန်းဟို ကြိုတင်ဟောကြားကြလဲ့ သူများဟိုပင် သတ်ခဲ့ကြအယ်။ အခု နင်လို့ဟ အဲအဆှင်ဟို သစ္စာဖောက်ယွေ့ သတ်ဖြတ်ကြပီ။
ဘုရားသခင်ဟ အပစ်နဲ့ ကင်းစင်သောသူဟို ငါလို့အတွက်ကျောန့် အပစ်ဆိသောသူ ဖြစ်စေအယ်၊ ဟေဟာဟ ငါလို့သည် အဲသူအားဖြင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ဖြစ်လာမဲ့အကျောန်း ဖြစ်အယ်။
နင်လို့ဟ ဖြောင့်မတ်သောသူဟို အပစ်ဆိတာဟု သတ်မှတ်ယွေ့ သတ်ကြပီ၊ သူဟ နင်လို့ဟို ဆီးတားခြင်း မပြု။
အကျောန်းမှာ ခရစ်တော်ဟ နင့်အား အပစ်များအတွက် တခါတည်း အသေခံခဲ့အယ်။ နင်လို့ဟို ဘုရားသခင်ဆေဟို ပို့ဆောင်မဲ့အကျောန်း ဖြောင့်မတ်သောသူဟ မဖြောင့်မတ်သောသူလို့ ကိုယ်စား ဒုက္ခဝေဒနာဟို ခံစားစေအယ်။ ကိုယ်တော်ဟ ကိုယ်ကာယနှိုက် အမန်အသေခံသော်လည်း ဝိညာဉ်တော်နှိုက် အသက်ဆှင်အယ်။
ငါ ချစ်သော လူပဲ့သငယ်လို့၊ နင်လို့ဟ အပစ်မပြုကြစေရန် ဟေအရာများဟို နင်လို့ဆေ ငါ ရေးလိုက်အယ်။ အားပေမဲ့ တစုံတယောက်ဟ အပစ်ပြုမိခဲ့ရင် ခမည်းတော်ဆေနှိုက် ကူညီဖြေဆှင်းပေးသူ တည်းဟူသော ဖြောင့်မတ်လဲ့သူ ယေရှု ခရစ်တော်ဟ ငါလို့အတွက် ဆိအယ်။
“ဖိလဒေလဖိမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “သန့်ဆှင်းသောသူ၊ ဖြောင့်မန်သောသူ၊ ဒါဝိဒ်ရဲ့ သော့ဟို ကိုင်ထားသောသူ၊ စသူမျှ မပိတ်နိန်အောန် ဖွင့်သောသူ၊ စသူမျှ မဖွင့်နိန်အောန် ပိတ်သောသူဟ ဟေလို မိန့်အယ်။