26 သူဟောတာဟ၊ “ ‘နင်သွားပင်းရင် အေးလူမျိုးဆေဟို ပြောလော။ “နင်လို့ဟ နားထောင်သော်လည်း နားလည်ကြလိမ့်မယ် မဟုတ်။ ကျေ့သော်လည်း မျော်ရလိမ့်မယ် မဟုတ်။”
ပစာကို့၊ “ ‘သူလို့ဟ မျော်သင့်ရဲ့နဲ့ မမျော်ကြ၊ နားလည်သင့်ရဲ့နဲ့ နားမလည်ကြ။ အကယ်ယွေ့သာ သူလို့မျော်ယွေ့ နားလည်ပါဟ သူလို့ဟ ဘုရားသခင်ဆေသို့ ပြန်လှည့်လာမှာမို့၊ သူလို့ဟ အဲလိုလုပ်မယ်ဆိုရင် ဘုရားသခင်ဟ သူလို့အား အပစ်ဖြေလွှတ်ပေးမယ်’ ” ဟု ပြောလေအယ်။
အဲပင်းရင် ယေရှုဟ “ပရောဖက်များ ဟောပြောသောစကားဟို ယုံကြည်ရန် ရမ်းဆာ့ စိတ်နုံနဲ့သော လူမိုက်လို့၊
အဲပင်းရင် ကိုယ်တော်ဟ ကျမ်းစာတော်ဟို နားလည်ကြစေရန် သူလို့အသိဉာဏ်ဟို ဖွင့်ပေးလေအယ်။
ယေရှုဟလည်း “နင်လို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ဆိုင်လဲ့ လျှို့ဝှက်တဲ့အရာလို့ဟို သိနားလည်ရန် နင်လို့အား ပေးခဲ့အယ်။ အဲလိုလဲ ကြွင်းသောအရာဟ နင်လို့ ကျေ့လျက်နဲ့ မမျော်၊ ကြားရလျက်ပင် နားမလည်” ဟု ပုံဥပမာရဲ့ ဆိုလိုရင်းဟို ပြောပြလာအယ်။
အေးလို့ ပေါလုဟ အဲအရာများဟို ပြောဆိုပင်းနောက် အချင်းချင်းကြားနှိုက် ပြင်းထန်စွာငြင်းခုန်လျက် ထွက်သွားကြအယ်။ ပေါလုဟ “ပရောဖက် ဟေရှာယအားဖြင့် နင်လို့ ဖိုးဖေးလို့အား သန့်ဆှင်းသော ဝိညာဉ်တော် ဖော်ပြပုံမှာ ဟေလို့ဖြစ်အယ်။