24 ပေါလုဟ မိမိတတ်တိုင်း အေးနည်းလမ်းနဲ့ ချေပပြောနေစဉ် ဖေတ္တုမင်းဟ “ပေါလု၊ နင်ဟ ရူးလေပီ၊ အတတ်ကျုးယွေ့ အရူးဖြစ်ခဲ့ပီ” ဟု အော်ယွေ့ ပြောအယ်။
ဟေအကျောန်းဟို ကိုယ်တော်ရဲ့ မိသားစုကြားကြရင်၊ ကိုယ်တော်ဟို ထိန်းချုပ်ရန် ထွက်လာခဲ့အယ်၊ ပစာကို့ သူလို့ဟ “သူ့ဟို စိတ်ဖောက်ပြန်သွားပီ” ဟု ပြောဆိုကြအယ်။
ယုဒအာဏာပိုင်လို့ဟ ရမ်းဆာ့အံ့ဩကြယွေ့ “ဟေသူဟ သင်ယူခြင်း မဆိဘဲ ကျမ်းများဟို စလို တတ်တာတုန်း” ဟု ဆိုကြအယ်။
ယုဒလူလို့ဟ ယေရှုအား “နင်ဟ ရှမာရိလူဖြစ်ပင်း နတ်ဆိုးစွဲနေတာဟု ငါလို့ပြောသောစကားဟ အမန် မဟုတ်လော” ဟု ပြန်ဖြေအယ်။
ယုဒလူလို့ဟ “နင်နှိုက် နတ်ဆိုးစွဲတာဟို အခု ငါလို့ သိကြအယ်၊ အာဗြဟံဟ သေလွန်ခဲ့ပင်း ပရောဖက်လို့လည်း သေလွန်ကြပီ၊ ငါ့စကားဟို နာခံသောသူဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်လိမ့်မယ်” ဟု ဆိုလေအယ်။
သေခြင်းမှ ဆှင်ပြန်ထမြောက်မဲ့အကျောန်း ပေါလု ပြောတာဟို သူလို့ကြားသောအခါ၊ တချို့သောသူလို့ဟ သူဟို ပြောင်ကြသော်လည်း တချို့ဟ “နင်ပြောလဲ့ အကျောန်းဟို နောက်တခါ ငါလို့ ပြန်ကြားလိုအယ်” ဟု ပြောကြအယ်။
“ညီအကိုများနဲ့ အဖလို့ အခု ငါ ပြန်ခုခံမဲ့ စကားဟို နားထောင်ကြပါ” ဟု ဆိုအယ်။
အဲလိုလဲ ပေါလုဟ ဖြောင့်မတ်ခြင်း အကျောန်းနဲ့ မိမိကိုယ်ကိုချုပ်တည်းခြင်း အကျောန်းဟိုလည်းကောင်း၊ လာမဲ့ တရားစီရင်ခြင်း နေ့ရက်အကျောန်းဟိုလည်းကောင်း ဟောပြောသောအခါ ဖေလဇ်မင်းဟ ကြောက်ခဲ့ပင်း “အခု နင် သွားနိန်ပီ။ နောက်အခွင့်ကြုံလဲ့အခါ နင့်ဟို ငါ ခေါ်အုံးမယ်” ဟု ပြောအယ်။
နေနှစ်လောက်ကြာပင်းနောက် ဖေလဇ်ရဲ့ ဘုရင်ခံရာထူးဟို ပေါကိဖေတ္တုဟ ဆက်ခံရအယ်။ ဖေလဇ်ဟ ယုဒလူမျိုးလို့ဆေမှ မျက်နှာရလိုသဖြင့် ပေါလုအား ဆက်ပင်း အကျဉ်းချထားခဲ့အယ်။
တရားဇရပ်တိုင်းတွင်လည်း သူလို့ဟို မကြာခဏ ပစ်ဒဏ်ပေးလျက် ဘုရားသခင်ဟို စော်ကားပြောဆိုကြရန် အတင်းအကျပ် စေခိုင်းခဲ့ပါအယ်။ အေးလောက်မက သူလို့အပေါ် ရမ်းဆာ့ အူထော့ယွေ့ တိုင်းတပါးမြို့များထိတိုင်အောန် သူလို့ဟို လိုက်ပင်း ညှဉ်းဆဲခဲ့ပါအယ်။
ငါလို့ဟ လက်ဝါးကပ်တိုင်တွင် အသေခံသော ခရစ်တော်ရဲ့ အကျောန်းဟို ဟောပြောကြအယ်၊ အဲအကျောန်းအရာဟ ယုဒလူမျိုးလို့အတွက် မနှစ်မြို့စရာဖြစ်ပင်း လူမျိုးခြားလို့အတွက် အနက်အဓိပ္ပာယ် မဆိလဲ့အရာ ဖြစ်အယ်။
ငါလို့ဟ ခရစ်တော်အတွက် လူမိုက် ဖြစ်ကြအယ်။ အားပေမဲ့ နင်လို့ဟ ခရစ်တော်နှိုက် ပညာဆိ ဖြစ်ကြအယ်။ ငါလို့ဟ အားနည်းသောသူ ဖြစ်အယ်။ အားပေမဲ့ နင်လို့ဟ အားကောင်းသောသူ ဖြစ်အယ်။ ငါလို့ဟ အသရေမဲ့သောသူ ဖြစ်အယ်။ အားပေမဲ့ နင်လို့ဟ အသရေဆိသောသူ ဖြစ်အယ်။
ငါလို့ဟ ရူးသွပ်လေပီလော၊ ရူးသွပ်ရင် ဘုရားသခင်အဖို့ ဖြစ်အယ်။ အဲဟာမဟုတ်ရင် မရူးသွပ်ရင် နင်လို့အဖို့ ဖြစ်အယ်။
ခရစ်တော် ယေရှုဟို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းဟို ရောက်စေလဲ့ ဉာဏ်ပညာဟို နင့်အား ပေးနိန်သော သန့်ဆှင်းသော သမ္မာကျမ်းစာနဲ့ နင်ဟ လပဲ့အရွယ်ဟပင် ရင်းနှီးကျွမ်းဝင်ခဲ့တာဟို လည်းကောင်း နင်သိအယ်။