21 ငါဟ သူလို့ဆေ့နှိုက် ရပ်လျက် ‘ငါဟ သေသောသူလို့ ဆှင်ပြန်ထမြောက်ခြင်းနဲ့ ပတ်သက်ယွေ့ ခုနေ့ နင်လို့ဆေ့နှိုက် စစ်ဆေး စီရင်ခံနေရပါအယ်’ ဟူသော စကားတခွန်းဟိုသာ ကြွေးကြော်ခဲ့ပါအယ်” ဟု ဆိုလေအယ်။
ပေါလုဟ တရားရုံးထဲတွင် တဖွဲ့ဟ ဖာရိရှဲများ ဖြစ်ယွေ့ တခြားတဖွဲ့ဟ ဇဒ္ဒုကဲများ ဖြစ်ကျောန်းဟို သိမျော်သောအခါ “ငါ့ ညီအကိုလို့၊ ငါဟ ဖာရိရှဲ ဖြစ်ပင်း ဖာရိရှဲရဲ့ သားလည်း ဖြစ်အယ်။ သေသူလို့ဟ ဆှင်ပြန်ထမြောက်မယ်ဟို မျော်လင့်သူဖြစ်သဖြင့် အခု ငါဟလည်း စစ်ဆေးခံနေရခြင်း ဖြစ်အယ်” ဟု တရားရုံးဆေ့တွင် အော်ပင်းပြောဆိုအယ်။
သူလို့တတ်တိုင်းလည်း မျော်လင့်သလိုမျိုး ဖြောင့်မတ်သောသူများ ဖြစ်စေ၊ မဖြောင့်မတ်သောသူများ ဖြစ်စေ နောင်တွင် ဆှင်ပြန်ထမြောက်ကြလိမ့်မယ်လို့ ဘုရားသခင်ဟို အမှီပြုယွေ့ မျှော်လင့်နေအယ်။
အေးလို့မို့ နင်လို့နဲ့ တွေ့ဆုံယွေ့ စကားပြောရန် ငါတောင်းခံခဲ့ခြင်း ဖြစ်အယ်။ အမန်စင်စစ် ငါဟ သံကြိုးများနဲ့ တုတ်ချေခံရတာဟ ဣသရေလအမျိုးသားလို့ မျှော်လင့်နေကြလဲ့ အဆှင့်အတွက်ကျောန့်ပင် ဖြစ်အယ်” လို့ ဆိုအယ်။
တမန်တော်နေဦးလို့ဟ ယေရှု သေခြင်းမှ ဆှင်ပြန်ထမြောက်လဲ့အကျောန်းဟို လူလို့အား သင်ကြားနေသောကျောန့် သူလို့ဟ စိတ်အနှောင့်အယှက် ဖြစ်ကြအယ်၊ ကိုယ်တော်ရဲ့ သေခြင်းမှ ဆှင်ပြန်ထမြောက်ခြင်းဟို အကျောန်းပြုယွေ့ လူလို့အား သက်သေပြလျက် ဆိအယ်။