35 သူဟ “ဟေအရပ်ဟို နင်ရဲ့ တရားလိုများ ရောက်လာသောအခါ နင့်ရဲ့အမှုဟို ငါ ကြားနာမယ်” ဟု ဆိုအယ်။ အေးနောက် ပေါလုဟို ဟေရုဒ်မင်းကြီး ဆောက်လုပ်ခဲ့သော နန်းတော်တွင် အစောင့်အကြပ်နဲ့ထားရန် အမိန့်ပေးလေအယ်။
ဟေရုဒ် မင်းကြီးလက်ထက် အချိန်ကာလအတွင်း ယေရှုဟ ယုဒပြေ ဗက်လင်မြို့တွင် ဖွားမျော်ပင်းနောက် အဆေ့တိုင်းနိုင်ငံမှ နက္ခတ်ပညာဆှင်အချို့လို့ဟ ယေရုရှလင်မြို့ဟို ရောက်လာကြယွေ့၊
အဲအခါ ဟေရုဒ်မင်းကြီးဟ မာဂုပညာဆိလို့ လှည့်စားတာဟို သိရင်၊ သူဟ ရမ်ဆာ့အူထော့ယွေ့ မာဂုပညာဆိဆေမှ သေချာစွာလေ့လာ စီစစ်ထားလဲ့ အချိန်ကာလအရ၊ ဗက်လင်မြို့နဲ့ ၎င်းအရပ်ဒေသတဝိုက်ဆိသော အသက်နေနှစ်အရွယ်နဲ့ အေးအောင်နီငယ်အားလုံးဟို သတ်ရန် အမိန့်ပေးလေအယ်။
အဲအကျောန်းဟို ကြားသောအခါ ဟေရုဒ်မင်းကြီးဟ၊ ယေရုရှလင်မြို့သူမြို့သားအပေါင်းလို့နဲ့တကွ ရမ်းဆာ့ တုန်လှုပ်ချောက်ချား လေအယ်။
အေးနောက် ပိလတ်မင်းရဲ့ စစ်သားများဟ ယေရှုအား ဘုရင်ခံမင်းရဲ့ အိုင်တော်ဟို ခေါ်ဆောင်သွားကြပင်း တပ်ဖွဲ့တတပ်လုံးဟ ယေရှု ပတ်လည် စုရုံးလာကြအယ်။
မနက်အချိန်ရောက်ရင် ယေရှုဟို ကယာဖရဲ့ အိုင်တော်မှ ဘုရင်ခံရဲ့ နန်းတော်ဆေဟို ခေါ်ဆောင်သွားကြအယ်။ ယုဒအာဏာပိုင်လို့ဟ ပသခါပွဲဟို စားနိန်ရန် မိမိလို့ ကိုယ်ကိုဘာသာရေးထုံးစံအရ သန့်စင်စေလိုသဖြင့် အိုင်တော်သို့ မဝင်ကြ။
သူ့ဟို လုပ်ကြံရန် လျှို့ဝှက်ကြံစည်လျက် ဆိကျောန်းဟို သတင်းရဆိသောအခါ ငါဟ နင့်ဆေဟို တခါတည်း စေလွှတ်ရန် ဆုံးဖြတ်ချက်ချပါအယ်။ တရားလိုများအားလည်း မိမိလို့ရဲ့ အမှုဟို နင်ရဲ့ဆေ့တွင် ဆှောက်ထားစေရန် ညွှန်ကြားလိုက်ပါအယ်” ဟု ပါဆိအယ်။
ငါးရက်ကြာသောအခါ ယဇ်ပုရောဟိတ်မင်း အာနနိဟ အသင်းတော် လူကြီးအချို့လို့နဲ့ လိုက်ပါလျက် တေရတုလု နာမယ်ဆိသော ဆေ့နေနဲ့အတူ ကဲသရိမြို့ဟို ရောက်လာကြအယ်။ အေးသူလို့ဟ ဘုရင်ခံဖေလဇ်ရဲ့ ဆေ့တော်ဟို ဝင်ပင်း ပေါလုအကျောန်းနဲ့ ပတ်သက်ပင်း စွဲချက်တင်ကြအယ်။
ဘုရင်ခံမင်းဟ လက်ရိပ်ပြယွေ့ ပေါလုဟို ပြောဆိုခွင့်ပေးသောအခါ ပေါလုဟ၊ “နင်ဟ ဟေလူမျိုးအပေါ်နှိုက် နှစ်ပေါင်းများစွာ တရားစီရင်ခဲ့သူဖြစ်ကျောန်း ငါ သိပါအယ်။ အေးကျောန့် နင်ရဲ့ဆေ့မှာ ငါကိုယ်ငါ ခုခံကာကွယ်ရလို့ ငါပျော်မိအယ်။
အဲလိုလဲ အေးနေရာတွင် အာရှနယ်မှလာသော ယုဒလူအချို့ ဆိကြအယ်။ ငါအား စွပ်စွဲပြောဆိုစရာဆိရင် သူလို့တတ်တိုင်း အဆှင့်ဆေ့ဟို လာယွေ့ အပစ်တင်သင့်အယ်။
ဖေလဇ်မင်းဟလည်း လမ်းစဉ်အကျောန်းဟို ကောင်းစွာ သိထားသူဖြစ်သဖြင့် အမှုကြားနာခြင်းဟို ရပ်နားလိုက်အယ်။ သူဟ “တပ်မှူးကြီး လုသိ ရောက်ဆိလာသောအခါမှ နင်လို့အမှုဟို ငါ စီရင်ချက်ချမယ်” ဟု ဆိုအယ်။
ပေါလုဟို စောင့်ကြပ်ထားရန်နဲ့ လွတ်လပ်မှုဟို နည်းနည်းပေးယွေ့ သူ့ရဲ့ မိတ်ဆွေများ သူ့အား ပြုစုတာဟို မတားဆီးရန် အရာဆိအား မှာကြားလေအယ်။
အဲလိုလဲ စွပ်စွဲသောသူနဲ့ မျက်နှာချင်းဆိုင်ယွေ့ စွပ်စွဲချက်နဲ့ ပတ်သက်ပင်း ချေပပြောဆိုခွင့်မရခင် သူ့ဟို လွဲအပ်ပေးခြင်းဟ ရောမလို့ရဲ့ စလေ့ထုံးစံ မဟုတ်ကျောန်း သူလို့အား ငါ ဖြေကြားခဲ့အယ်။