27 အေးကျောန့် တပ်မှူးကြီးဟ ပေါလုဆေဟို သွားပင်း “နင်ဟ ရောမနိုင်ငံသားလော၊ ငါ့ဟို ပြောပါ” ဟု သူ့ဟို မေးလေအယ်။ ပေါလုဟ “ဟုတ်အယ်” လို့ ဖြေအယ်။
အဲပင်းရင် ရောမစစ်သားများနဲ့ ယုဒအမျိုးသား အစောင့်တပ်သားများဟ ယေရှုဟို ဖမ်းဆီးတုတ်ချေပင်း အန္နတ်မင်းဆေဟို ဆေ့ဦးစွာ ခေါ်သွားကြအယ်။
အဲလိုလဲ သူ့ဟို ကြာပွတ်နဲ့ ကြိမ်ဒဏ်ခတ်ရန် တုတ်ချေကြသောအခါ ပေါလုဟ အေးမှာရပ်နေလဲ့ တပ်မှူးအား “ရောမနိုင်ငံသား တယောက်ဟို စစ်ဆေးစီရင်ခြင်း မပြုဘဲ ကြိမ်ဒဏ်ခတ်ခြင်းမှာ တရားဥပဒေနဲ့ ကိုက်ညီပါသလော” ဟု ပြောအယ်။
တပ်မှူးဟ အေးစကားဟို ကြားသောအခါ သူဟ တပ်မှူးကြီးဆေဟို သွားပင်း “စလို လုပ်မလုန်း၊ အေးလူဟ ရောမနိုင်ငံသား ဖြစ်အယ်” ဟု ဆှောက်အယ်။
တပ်မှူးကြီးဟ “ငါဟ ပိတ်ဆန် အများရီး ပေးခြင်းအားဖြင့် နိုင်ငံသား ဖြစ်လာအယ်” ဟု ဆိုရင် ပေါလုဟ “ငါဟ ရောမနိုင်ငံသားအဖြစ် မွေးဖွားလာအယ်” ဟု ဖြေအယ်။