38 “မကြာခင်အခါဟ ပုန်ကန်ယွေ့ သူပုန် ၄,၀၀၀ ဟို ယိုးယွေ့ တောကန္တာရဟို ခေါ်သွားသော အဲဂုတ္တုအမျိုးသားပင် မဟုတ်လော” ဟု မေးအယ်။
“အဲလိုမို့ လူတို့ဟ ‘ကျေ့လော့၊ ကိုယ်တော်ဟ တောကန္တာရတွင် ဆိအယ်’ ဟု ဆိုလျှင် မသွားကြနဲ့ အဲဟာမဟုတ်ရင် ‘ကျေ့လော့၊ အိပ်ခန်းထဲမှာ ဆိအယ်’ ဟု ဆိုလျှင်လည်း မယုံကြနဲ့။
“နင်လို့ဟ ငါ့နောက်ဟို လိုက်သောကျောန့် လူလို့ရဲ့ အမျိုးမျိုးမဟုတ်ကဟုတ်က ဝါခြင်းဟို ခံရပင်း၊ နှိပ်စက်ခံရခြင်းနဲ့ စော်ကားခံရသောအခါ နင်လို့ဟ မင်္ဂလာဆိ ကြအယ်။
အဲအချိန်တွင် ဗာရဗ္ဗနာမယ်ဆိသော အမျိုးသားတဦးဟ ပုန်ကန်ထကြွမှုနှိုက် လူသတ်မှုကျူးလွန်ခဲ့သော သူပုန်များနဲ့အတူ အကျဉ်းထောင်ထဲတွင် ဆိနေအယ်။
အေးဗာရဗ္ဗမှာ မြို့နှိုက် ပုန်ကန်ခြင်း အပစ်၊ လူအသက်ဟို သတ်ခြင်း အပစ်ကျောန့် ထောင်ထဲကျနေသောသူ ဖြစ်လေအယ်။
အသရေရှုတ်ချခြင်းဟို ခံရသောအခါ တောင်းပန်ကြအယ်။ အခုတိုင်အောန် ငါလို့ဟ ဟေလောကရဲ့ အပယ်ခံများ၊ လူတိုင်း စွန့်ပစ်ထားလဲ့ အမှိုက်လို ဖြစ်ကြအယ်။