Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 21:27 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

27 ခုနေရက်စေ့ခါနီးသောအခါ အာရှပြေမှ လာသော ယုဒလူအချို့လို့ဟ ပေါလုဟို ဗိမာန်တော်တွင် မျော်ကြအယ်။ သူလို့ဟ လူအုပ်လို့အား ရုန်းရင်းဆန်ခတ် ဖြစ်စေပင်း ပေါလုဟို ဖမ်းဆီးကြအယ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 21:27
24 ပူးပေါင်းရင်းမြစ်များ  

အဲလိုလဲ ဟေအမှုအရာများ မဖြစ်ပျက်ခင် လူလို့ဟ နင်လို့အား ဖမ်းဆီးညှဉ်းဆဲကြလိမ့်မယ်၊ နင်လို့အား တရားဇရပ်များတွင် တရားစီရင်ရန် အပ်နှံယွေ့ ထောင်များတွင် အကျဉ်းချ ထားကြလိမ့်မယ်၊ နင်လို့ဟ ငါရဲ့နာမကျောန့် ဘုရင်များနဲ့ အာဏာပိုင်များရဲ့ ဆေ့မှောက်သို့ ရောက်ရကြလိမ့်မယ်။


အဲလိုလဲ ယုဒအမျိုးသားလို့ဟ ဘုရားသခင်ဟို ကိုးကွယ်သူ အထက်တန်းလွှာ မိန်းမနဲ့ မြို့ရဲ့ ခေါင်းဆောင်များဟို လှုံ့ဆော်ကြအယ်။ သူလို့ဟ ပေါလုနဲ့ ဗာနဗလို့အား စတင် ညှဉ်းဆဲပင်း မိမိလို့ပြေရဲ့ နယ်မှ မောင်းထုတ်လိုက်ကြအယ်။


အဲအခါ အန္တိအုတ်မြို့နဲ့ ဣကောနိမြို့လို့မှ ယုဒအမျိုးသား အချို့လို့ဟ ရောက်လာကြပင်း လူအုပ်လို့ဟို မိမိလို့ဖက်သို့ပါအောန် စည်းရုံးကာ ပေါလုဟို ကျောက်ခဲနဲ့ နှက်ယွေ့ သေပီဟု ထင်သဖြင့် မြို့ပြင်ဟို ဆွဲထုတ်သွားကြအယ်။


အဲလိုလဲ မယုံကြည်ကြလဲ့ ယုဒအမျိုးသားလို့ဟ လူမျိုးခြားလို့ဟို သွေးထိုးလှုံ့ဆော်ယွေ့ ညီအကိုလို့အပေါ် မနာလိုစိတ် ဆိကြအယ်။


ယုဒအမျိုးသားနဲ့ လူမျိုးခြားအချို့လို့ဟ တမန်တော်လို့ဟို ညှဉ်းဆဲရန်နဲ့ ခဲဖြင့် ပေါက်ရန် မိမိလို့ ခေါင်းဆောင်များနဲ့အတူ ကြံစည် အားထုတ်ကြအယ်။


သူလို့ဟ ဖြူဂိပြေနဲ့ ဂလာတိပြေလို့ဟို ဖြတ်သွားကြသောကျောန့် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အား အာရှပြေနှိုက် နှုတ်ကပတ်တရားတော်ဟို ဟောပြောရန် အခွင့်ပေးတော်မမူ။


အဲလိုလဲ ဗေရိမြို့တွင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ပေါလု ဟောပြောလျက် ဆိကျောန်းဟို သက်သာလောနိတ်မြို့မှ ယုဒအမျိုးသားလို့ဟ ကြားသိကြသောအခါ အဲမြို့ဟို လာယွေ့ လူအုပ်လို့အား ဆူပူအောန် လှုံ့ဆော်ပေးကြအယ်။


အခါယပြေဟို ဂါလျုန်မင်းဟ ရောမအစိုးရ ဖြစ်နေသောအခါ ယုဒအမျိုးသားလို့ဟ စုရုံးလျက် ပေါလုဟို ဖမ်းပင်း တရားပလ္လင်ဆေ့ဟို ခေါ်သွားခဲ့ကြအယ်။


ငါလို့ဟ ပါသိပြေ၊ မေဒိပြေ၊ ဧလံပြေမှ၊ မေသောပေါတာမိပြေ၊ ကပ္ပဒေါကိပြေ၊ ယုဒပြေ၊ ပုန္တုပြေနဲ့ အာရှပြေ၊


ယုဒလူအချို့လို့ရဲ့ မကောင်းကြံစည်များကျောန့် အခက်ခဲ ရောက်ဆိနေချိန်တွင် မျက်ရည်များစွာ ကျလျက် နှိမ့်ချကာ ဘုရားသခင်ရဲ့ အစေခံအဖြစ် အမှုတော်ဟို ငါ ဆောင်ရွက်ခဲ့အယ်။


ငါဟ ယေရုရှလင်မြို့ဟို ဝတ်ပြုကိုးကွယ်ရန် သွားရောက်ခဲ့တာ တဆယ့်နေရက်ထက် မပိုသေးကျောန်း နင်တတ်တိုင်း စုံစမ်းသိဆိနိန်ပါအယ်။


ဗိမာန်တော်ထဲတွင် သန့်ဆှင်းခြင်းဟို ခံယူပင်းနောက် ပူဇော်သကာဆက်သနေချိန်နှိုက် အေးသူလို့ဟ ငါဟို မျော်ကြပါအယ်။ အေးမှာ လူအုပ်ကြီးလည်း မဆိ၊ ရုန်းရင်းဆန်ခတ်လည်း မဖြစ်ခဲ့ပါ။


အေးကျောန့် ယုဒလူလို့ဟ ဗိမာန်တော်ထဲမှာ ငါဆိနေချိန်နှိုက် ငါ့ဟို ဖမ်းဆီးယွေ့ သတ်ရန် သူလို့ ကြိုးစားကြအယ်။


အေးလိုမို့ သူလို့ဟ တမန်တော်လို့ဟို ဖမ်းဆီးပင်း မိုးချုပ်ပီ ဖြစ်သောကျောန့် နောက်တနေ့တိုင်အောန် ထောင်ထဲမှာ ထည့်ထားကြအယ်။


သူလို့ဟ တမန်တော်လို့ဟို ဖမ်းဆီးပင်း ပြေသူ့ အကျဉ်းထောင်ထဲတွင် ထည့်ထားကြအယ်။


ဟေနည်းအားဖြင့် သူလို့ဟ လူများ၊ ကျမ်းတတ်ဆရာများနဲ့ အကြီးအကဲများအား လှုံ့ဆော်ကြအယ်။ သူလို့ဟ သတေဖန်ဟို ဝင်ရောက် ဖမ်းဆီးယွေ့ သူ့ဟို တရားလွှတ်တော်ဆေ့ ခေါ်သွားကြအယ်။


အဲပင်းရင် လွတ်လပ်သောသူများ လို့ခေါ်လဲ့ တရားဇရပ်မှ လူအချို့လို့ဖြစ်ကြသော ကုရေနေမြို့သားနဲ့ အာလေဇန္ဒြူယမြို့သားမှ စယွေ့ ကိလိကိပြေနဲ့ အာရှပြေမှ လာသောသူလို့ဟ ထယွေ့ သတေဖန်နဲ့ စတင် ငြင်းကြအယ်။


ငါဟ အကြိမ်ကြိမ်ပြုရာတွင် မြစ်ယေလျှံလဲ့ဘေး၊ ထားပြများရဲ့ဘေး၊ ငါ့လူမျိုးလို့ပြုလဲ့ဘေး၊ လူမျိုးခြားလို့ ပြုသောဘေး၊ မြို့ကြီးများတွင် တွေ့ရလဲ့ဘေး၊ တောနှိုက် ရောက်သောဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်လို့ရဲ့ ဘေးများနဲ့ ကြုံတွေ့ခဲ့ရအယ်။


သူလို့ဟ ကယ်တင်ခြင်းသို့ ရောက်စေမဲ့ တပါးအမျိုးသားလို့အား ဟောပြောခြင်းမှ ငါလို့အား တားဆီးရန်ပင် ကြိုးစားခဲ့ကြအယ်။ ဟေနည်းဖြင့် သူလို့ဟ အမြဲကျူးလွန်ခဲ့သော အပစ်များဟို ထပ်ထပ်ပင်း လုပ်ကြအယ်။ နောက်ဆုံးနှိုက် သူလို့အပေါ်ဟို ဘုရားသခင်ရဲ့ အမျက်တော်ဟ အကုန်အစင် သက်ရောက်လေပီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ