38 ပေါလုဟ သူ့ဟို နောက်ဖယ်တော့မှ ပြန်တွေ့တော့မှာ ဟုတ်ဝူးလို့ ပြောခဲ့သောကျောန့် သူလို့ဟ အထူးသဖြင့် ဝမ်းနည်းကြအယ်၊ အေးပင်းနောက် သင်္ဘောဆေဟို သူနဲ့အတူ လိုက်ကြအယ်။
သူလို့ဟ အသင်းတော်ရဲ့ ပို့ဆောင်ခြင်းအားဖြင့် ဖိနိတ်ပြေနဲ့ ရှမာရိပြေလို့ဟို ဖြတ်သွားစဉ် လူမျိုးခြားလို့ ဘုရားသခင်ဆေ ပြောင်းလဲလာပုံဟို ပြောပြကြသဖြင့် ယုံကြည်သူပေါင်းလို့ဟ ရမ်းဆာ့ ဝမ်းမြောက်ကြအယ်။
“အခုဟ နိုင်ငံတော်အကျောန်းဟို နင်လို့အားလုံး အလယ်နှိုက် လှည့်လည်ဟောပြောခဲ့သော ငါ့ရဲ့မျက်နှာဟို နင်လို့ မျော်ရတော့မှာ မဟုတ်ကျောန်း ငါ သိအယ်။
ကဲသရိမြို့မှ တဘဲ့တော် တချို့လို့ဟ ငါလို့နဲ့အတူ လိုက်ခဲ့ပင်းရင် ငါလို့အား ကုပရုကျွန်းသား အစောပိုင်းဟ ယုံကြည်သူဖြစ်သူ မနာသုန်ရဲ့ နေအိုင်မှာ တည်းခိုရန် ခေါ်သွားကြအယ်။
အဲလိုလဲ သူလို့နဲ့အတူ ငါလို့ရဲ့အချိန်များ ကုန်လွန်သောအခါ၊ ငါလို့ဟ ထွက်သွားပင်း ခရီးဆက်သွားခဲ့အယ်။ သူလို့အားလုံးလို့ဟ မိမိလို့ရဲ့ ပေါင်အိုမများ၊ လူပဲ့ငယ်များနဲ့အတူ မြို့ပြင် ပင်လယ်ကမ်းဟို ရောက်အောန် လိုက်ပို့ကြအယ်။ ငါလို့ဟ ပင်လယ်ကမ်းခြေမှာ ဒူးထောက်ယွေ့ ဆုတောင်းကြအယ်။
အဲလိုလဲ ဧကရာဇ်မင်းဆေ သူ့အကျောန်းရေးသားရန် တိကျသော အကျောန်းပြချက် တစုံတခုမှ ငါနှိုက် မဆိပါ။ အေးလိုမို့ ဟေစစ်ဆေးမေးမြန်းမှု ပီးဆုံးသောအခါ ငါ ရေးသားရန် အကျောန်းပြချက် တစုံတခုရဆိနိန်မဲ့အကျောန်း သူ့ဟို အဆှင်လို့ အဆေ့နှိုက်၊ အထူးသဖြင့် အဂြိပ္ပဘုရင် အဆှင့်အဆေ့နှိုက် ငါ ထုတ်ဆောင်ခဲ့အယ်။
အဲကျောန့် စသူမျှ သူ့ဟို မထီမဲ့မြင် မပြုစေနဲ့။ သူဟ ငါ့ဆေသို့ ငြိမ်းချမ်းစွာ ပြန်ရမယ်အကျောန်း ပို့ဆောင်ခြင်း ကျေးဇူးဟို ပြုကြလော့။ သူဟ အခြားသော ညီအကိုလို့နဲ့အတူ လာလိမ့်မယ်ဟု ငါငံ့လျက် နေအယ်။
အေးလိုမို့ ငါလို့အခွင့်ရသလိုမျိုး၊ အားပင်း အထူးသဖြင့် ယုံကြည်ခြင်းနှိုက် ငါလို့ရဲ့ မိသားစုနဲ့ သက်ဆိုင်သူများနဲ့ လူတိုင်းဟို ကောင်းသောအမှုပြုသင့်တယ်။