29 တမြို့လုံး ရုန်းရင်း ဆန်ခတ် ဖြစ်လေအယ်။ ပေါလုရဲ့ ခရီးသွားဖော်များဖြစ်လဲ့ မာကေဒေါနိပြေသား ဂါယုနဲ့ အာရိတ္တာခုလို့ဟို ဖမ်းဆီးယွေ့ ပြဇာတ်ရုံကြီးဟို တဟုန်ထိုး ပြေးဝင်သွားကြအယ်။
သူလို့ဟ ရှာလမိမြို့ဟို ရောက်သောအခါ၊ ယုဒတရားဇရပ်များတွင် ဘုရားသခင်ရဲ့ နှုတ်ကပတ် တရားတော်ဟို ဟောပြောကြအယ်။ မာကုဟု ခေါ်လဲ့ ယောဟန်ဟိုလည်း အကူအညီပေးသူအဖြစ် သူလို့နဲ့အတူ ခေါ်သွားအယ်။
အဲမြို့မှ ဖိလိပ္ပိမြို့ဟို သွားကြအယ်။ ဖိလိပ္ပိမြို့ဟ မာကေဒေါနိပြေ ပထမခရိုင်ရဲ့ မြို့တမြို့ဖြစ်ပင်း ရောမအမျိုးသားလို့ အခြေစိုက်ရာမြို့လည်း ဖြစ်အယ်။ အဲမြို့တွင် ငါလို့ဟ ရက်ပေါင်းများစွာ နေထိန်ကြအယ်။
ညအခါ ပေါလုဟ ရူပါရုံ တခုဟို မျော်ယွေ့ မာကေဒေါနိပြေသား တယောက်ဟ ရပ်လျက် “မာကေဒေါနိပြေသို့ လာယွေ့ ငါလို့အား ကူညီပေးပါ” ဟု သူ့အား တောင်းပန်အယ်။
အေးစကားများအားဖြင့် သူလို့ဟ လူအုပ်နဲ့ မြို့အာဏာပိုင်များဟို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့အယ်။
အေးအရာများ ဖြစ်ပျက်ပင်းနောက် မာကေဒေါနိပြေနဲ့ အခါယပြေမှတဆင့် ယေရုရှလင်မြို့ဟို သွားရန် ပေါလုဟ စိတ်ဆုံးဖြတ်အယ်။ သူဟ “အေးနေရာဟို ငါသွားပင်းနောက် ရောမမြို့ဟိုလည်း သွားရမယ်” ဟု ပြောအယ်။
သူ့ဟို ကူညီပေးလဲ့ နေယောက်ဖြစ်သော တိမောသေနဲ့ ဧရတ္တုလို့ဟို မာကေဒေါနိပြေဟို စေလွှတ်ပင်းမှ သူဟ အာရှပြေတွင် ကာလအချိန် အနည်းငယ်နေအယ်။
အေးအတောအတွင်း အစည်းအဝေး တခုလုံးဟ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပင်း၊ လူအချို့လို့ဟ အရာတခုတည်းအတွက် အော်ဟစ်ကြကာ တခြားသူများဟလည်း တခြားဟာ တခုခုအတွက် အော်ဟစ်ခဲ့ကြအယ်။ ပစာကို့ သူလို့ထဲဟ လူအများစုဟာ သူလို့ ပစာကျောန့် အတူတကွ လာရတာဆိုတာတောင် မသိကြ။
ငါဟ ဟေလက်များဖြင့် အလုပ်လုပ်ယွေ့ ငါနဲ့ ငါ့အပေါင်းဖော်များရဲ့ လိုအပ်တာများဟို ဖြည့်ဆည်းခဲ့ကျောန်း နင်လို့တတ်တိုင်း သိကြအယ်။
ဗေရိမြို့သား ပုရုရဲ့ သားဖြစ်သူ သောပတရု၊ သက်သာလောနိတ်မြို့သားများ ဖြစ်ကြသော အာရိတ္တာခုနဲ့ သေကန္နု၊ ဒေရဗေမြို့သားဖြစ်သူ ဂါယု၊ အာရှနယ်သားများ ဖြစ်ကြသော တုခိတ်နဲ့ တရောဖိမ်၊ တိမောသေဟလည်း ပေါလုနဲ့အတူ လိုက်သွားကြအယ်။
တမြို့လုံးဟ ရုန်းရင်းဆန်ခတ် ဖြစ်ယွေ့ လူလို့ဟ ပြေးယွေ့ လာပင်း ပေါလုဟို ဖမ်းဆီးကာ ဗိမာန်တော် အပြင်ဟို ဆွဲထုတ်သွားကြအယ်။ တခါတည်း ဗိမာန်တော်ရဲ့ ထင်ခါးများဟို ပိတ်လိုက်ကြအယ်။
“မကြာခင်အခါဟ ပုန်ကန်ယွေ့ သူပုန် ၄,၀၀၀ ဟို ယိုးယွေ့ တောကန္တာရဟို ခေါ်သွားသော အဲဂုတ္တုအမျိုးသားပင် မဟုတ်လော” ဟု မေးအယ်။
ငါလို့ဟ အာရှနယ် ကမ်းခြေ တဆှောက်ဆိသော သင်္ဘောဆိပ်မြို့များဟို သွားခါနီးဖြစ်လဲ့ သင်္ဘောတစီးပေါ်ဟို တက်ယွေ့ ရွက်လွင့်ကြအယ်။ အေးသင်္ဘောဟ အာဒြမုတ္တိမြို့မှ လာသော သင်္ဘော ဖြစ်အယ်။ မာကေဒေါနိပြေမှ သက်သာလောနိတ်မြို့သား အာရိတ္တာခုဟလည်း ငါလို့နဲ့အတူပါလာအယ်။
ငါ့အား ဧည့်ဝတ်ပြုသူ၊ အသင်းတော်ဝင်အပေါင်းလို့ ဝတ်ပြုရာ အိုင်ဆှင် ဂါယုဟလည်း နင်လို့ဟို နှုတ်ဆက်လိုက်အယ်။ မြို့တော် ဘဏ္ဍာထိန်း ဧရတ္တု၊ ငါလို့ရဲ့ ညီအကို ကွာတုဟို လည်းကောင်း နင်လို့အား နှုတ်ဆက်လိုက်အယ်။
ကရိပ္ပုနဲ့ ဂါယုမှ လွဲယွေ့ နင်လို့အထဲမှ စသူ့ဟိုမျှ ငါဟ နှစ်ခြင်း မပေးလဲ့အတွက် ဘုရားသခင်ဟို ကျေးဇူးတင်အယ်။
ဘုရားသခင်ဟ တမန်တော်ဖြစ်သော ငါလို့ဟို နောက်ဆုံးတွင် ထားယွေ့ အသေသတ်ခြင်း ခံရလဲ့သူများလို ထုတ်ပြပီဟု ငါ ထင်မှတ်အယ်။ ပစာကို့ ငါလို့ဟ ခေါန်းခင်တမန်ဆေ့နှိုက် ဖြစ်စေ၊ လူလို့ဆေ့နှိုက် ဖြစ်စေ၊ တလောကလုံးအတွက် ရှုစားစရာ ဖြစ်လာကြအယ်။
အဲမှတပါး၊ သခင်ဘုရားရဲ့ ဘုန်းအသရေဟို ထောက်ယွေ့ ငါလို့အား ကူညီလိုကျောန်း ပြသရန်အတွက် ဟေကျေးဇူးပြုခြင်းအမှုဟို ဆောင်ရွက်ရာတွင် ငါလို့နဲ့အတူ ခရီးသွားရန် အသင်းတော်များဟ ရွေးချယ်ခန့်ထားရသောသူ ဖြစ်အယ်။
ငါနဲ့အတူ အကျဉ်းချခံနေရသူ အာရိတ္တာခုနဲ့ ဗာနဗရဲ့ ညီဝမ်းကွဲ မာကုလို့ဟ နင်လို့ဟို နှုတ်ဆက်လိုက်အယ်။ နင်လို့ဆေဟို သူရောက်ဆိလာရင် မာကုအား ကြိုဆိုကြရန် ညွှန်ကြားချက်များဟို နင်လို့ ရဆိကြပင်း ဖြစ်အယ်။
ငါ့ရဲ့ လုပ်ဖော်ဆောင်ဖက်များဖြစ်လဲ့ မာကု၊ အာရိတ္တာခု၊ ဒေမနဲ့ လုကာလို့ဟို နှုတ်ဆက်ကြအယ်။
အသက်ကြီးသူ ဖြစ်သော ငါဟ — သမ္မာတရားနှိုက် ငါချစ်လဲ့ ချစ်သော ဂါယုဆေဟို စာရေးလိုက်အယ်။