21 အေးအရာများ ဖြစ်ပျက်ပင်းနောက် မာကေဒေါနိပြေနဲ့ အခါယပြေမှတဆင့် ယေရုရှလင်မြို့ဟို သွားရန် ပေါလုဟ စိတ်ဆုံးဖြတ်အယ်။ သူဟ “အေးနေရာဟို ငါသွားပင်းနောက် ရောမမြို့ဟိုလည်း သွားရမယ်” ဟု ပြောအယ်။
အဲမြို့မှ ဖိလိပ္ပိမြို့ဟို သွားကြအယ်။ ဖိလိပ္ပိမြို့ဟ မာကေဒေါနိပြေ ပထမခရိုင်ရဲ့ မြို့တမြို့ဖြစ်ပင်း ရောမအမျိုးသားလို့ အခြေစိုက်ရာမြို့လည်း ဖြစ်အယ်။ အဲမြို့တွင် ငါလို့ဟ ရက်ပေါင်းများစွာ နေထိန်ကြအယ်။
အခါယပြေဟို ဂါလျုန်မင်းဟ ရောမအစိုးရ ဖြစ်နေသောအခါ ယုဒအမျိုးသားလို့ဟ စုရုံးလျက် ပေါလုဟို ဖမ်းပင်း တရားပလ္လင်ဆေ့ဟို ခေါ်သွားခဲ့ကြအယ်။
အဲလိုလဲ “ဘုရားသခင် အလိုတော်ဆိရင် ငါ ပြန်လာခဲ့မယ်” ဟု သူလို့ဟို ပြောပင်း ထွက်သွားတယ်။ အဲပင်းရင် ဧဖက်မြို့မှ သင်္ဘောနဲ့ ရွက်လွင့်သွားလေအယ်။
သူ့ဟို ကူညီပေးလဲ့ နေယောက်ဖြစ်သော တိမောသေနဲ့ ဧရတ္တုလို့ဟို မာကေဒေါနိပြေဟို စေလွှတ်ပင်းမှ သူဟ အာရှပြေတွင် ကာလအချိန် အနည်းငယ်နေအယ်။
တမြို့လုံး ရုန်းရင်း ဆန်ခတ် ဖြစ်လေအယ်။ ပေါလုရဲ့ ခရီးသွားဖော်များဖြစ်လဲ့ မာကေဒေါနိပြေသား ဂါယုနဲ့ အာရိတ္တာခုလို့ဟို ဖမ်းဆီးယွေ့ ပြဇာတ်ရုံကြီးဟို တဟုန်ထိုး ပြေးဝင်သွားကြအယ်။
ပေါလုဟ အာရှမှာ အချိန်မကုန်စေလိုသဖြင့် ဧဖက်မြို့ အနီးမှ ဖြတ်ပင်း ရွက်လွင့်ရန် ဆုံးဖြတ်ထားအယ်။ သူဟ ဖြစ်နိန်ရင် ပင်တေကုတ္တေပွဲတော်အမှီ ယေရုရှလင်မြို့ဟို ရောက်ဖို့ အမြန် ခရီးသွားလျက် ဆိအယ်။
အခုမှာ ငါဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ အမိန့်ဟို နားထောင်ပင်း ယေရုရှလင်မြို့ဟို သွားရမယ်။ အေးမှာ ပစာဖြစ်လိမ့်မယ်ဆိုတာဟို ငါ မသိ။
ငါလို့ ယေရုရှလင်မြို့ဟို ရောက်သောအခါ ယုံကြည်သူလို့ဟ ငါလို့အား နွေးထွေးစွာ ကြိုဆိုကြအယ်။
အေးမှာ တဘဲ့တော်အချို့လို့နဲ့ တွေ့ပင်း သူလို့နဲ့အတူ တပတ်လောက် နေကြအယ်။ ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် သူလို့ဟ ပေါလုဟို ယေရုရှလင်မြို့ဟို မသွားရန် ပြောကြအယ်။
အေးညနှိုက် ဘုရားသခင်ဟ ပေါလုရဲ့ အနီးတွင် ရပ်လျက် “မကြောက်နဲ့၊ နင်ဟ ယေရုရှလင်မြို့တွင် ငါ့ရဲ့အကျောန်းဟို သက်သေခံခဲ့သလိုမျိုး ရောမမြို့တွင်လည်း သက်သေခံရ အုံးမယ်” ဟု မိန့်အယ်။
ငါလို့ဟ ဣတလိပြေဟို ရွက်လွှင့်ရန် ဆုံးဖြတ်ပင်းနောက် သူလို့ဟ ပေါလုနဲ့အခြား အကျဉ်းသားအချို့လို့ဟို “ဧကရာဇ်မင်းရဲ့ တပ်” ဟု ခေါ်သော ရောမတပ်မှ တပ်မှူးယုလ လက်ဟို ပေးအပ်လိုက်အယ်။
‘ပေါလု၊ မကြောက်နဲ့၊ နင်ဟ ဧကရာဇ်မင်းဆေ့မှာ ရောက်ရမယ်။ ဘုရားသခင်ဟ သူ့ရဲ့ ကောင်းမြတ်ခြင်းအားဖြင့် နင်နဲ့အတူ ရွက်လွင့်ခဲ့ကြသူအပေါင်းလို့အား ဘေးကင်းစေခဲ့ပီ’ ဟု ဆိုအယ်။
ရောမမြို့ဟို ရောက်ကြသောအခါ ပေါလုဟို စောင့်ကြပ်လဲ့ တပ်သားတယောက်နဲ့ အတူနေခွင့်ရဆိအယ်။
အကျောန်းမှာ နင်လို့ ယုံကြည်ခြင်းနှိုက် ခိုင်မြဲမဲ့အကျောန်း နင်လို့အား ဝိညာဉ်ဆုကျေးဇူးဟို ဝေမျှလိုသဖြင့် ငါဟ နင်လို့ဟို ရမ်းဆာ့ တွေ့ချင်ပါအယ်။
ငါရဲ့ မိတ်ဆွေလို့ နင်လို့ဆေဟို အလည်လာဖို့ အကြိမ်များစွာ စီစဉ်ခဲ့သော်လည်း အခုတိုင်အောန် တားဆီးခြင်းခံရကျောန်းဟို နင်လို့သိဖို့ ငါ အလိုဆိအယ်။ အခြားတပါးသော တပါးအမျိုးသားလို့တွင် အောင်မြင်သလိုမျိုး နင်လို့တွင် ပြောင်းလဲခြင်းဟို ငါ အလိုဆိအယ်ဖြစ်ကျောန်း နင်လို့ဟ သတိရရမယ်။
အေးကျောန့် ရောမမြို့နှိုက်နေသော နင်လို့ဟိုလည်းဘဲ သတင်းကောင်းဟို ဟောပြောရန် စေတနာစိတ် ဆိအယ်။
ငါဟ မာကေဒေါနိပြေ လမ်းမှ လာမယ်ဖြစ်ယွေ့ မာကေဒေါနိပြေတဆှောက် ခရီးပြုပင်းသောအခါ နင်လို့ဆေသို့ လာခဲ့မယ်။
အားပေမဲ့ သခင်ဘုရား အလိုတော်ဆိရင် ငါဟ မကြာမီ လာယွေ့ မာနထောင်လွှားသောသူလို့ရဲ့ စကားဟို မဟုတ်ဘဲ သူလို့ရဲ့ တန်ခိုးဟိုလည်း သိရလိမ့်မယ်။
အဲပင်းရင် ငါလို့ဟ နင်လို့ရဲ့ ဒေသဟို ကျော်လွန်ယွေ့ အခြားဒေသသစ်များတွင် သတင်းကောင်းဟို ဟောပြောနိန်သဖြင့် သူတပါးလို့ရဲ့ နယ်ပယ်အတွင်းနှိုက် ပီးစီးခဲ့လဲ့ ဆောင်ရွက်ချက်များအတွက် ငါလို့ ဝါကြွားခြင်း မပြုပေ။
ဆယ့်လေးနှစ်ကြာပင်းနောက် ငါဟ တိတုဟို ခေါ်ယွေ့ ဗာနဗနဲ့အတူ ယေရုရှလင်မြို့ဟို ပြန်တက်သွားလေအယ်။
အေးကျောန့် နင်ဟ မာကေဒေါနိပြေနဲ့ အခါယပြေဆိ ယုံကြည်သူ အားလုံးအတွက် ပုံသက်သေ ဖြစ်ခဲ့အယ်။