17 အေးအကျောန်းဟို ဧဖက်မြို့တွင် နေထိန်ကြသော ယုဒအမျိုးသားနဲ့ လူမျိုးခြားများလို့ဟ ကြားကြသောအခါ၊ သူလို့အားလုံးဟ ကြောက်ရွံ့ခြင်းနဲ့ ပြေ့ပင်း သခင် ယေရှုရဲ့ နာမတော်ဟို ချီးမွန်းကြကုန်အယ်။
အိုင်နီးချင်းအပေါင်းလို့ဟ ကြောက်ရွံ့ခြင်းနဲ့ ပြေ့ကြယွေ့၊ ဟေအဖြစ်အပျက်သတင်းဟ ယုဒပြေ တောင်ပေါ်ဒေသ တဆှောက်လုံးဟို ပျံ့နှံသွားအယ်။
သူလို့အားလုံးဟ ကြောက်ရွံ့ပင်း ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြအယ်။ သူလို့ဟ “ငါလို့ထဲမှာ ပရောဖက်ကြီး တပါး ပေါ်ပေါက်လာပီ၊ ဘုရားသခင်ဟ မိမိလူမျိုးဟို ကယ်တင်ရန် ကြွလာပီ” ဟု ပြောကြအယ်။
အုပ်ချုပ်ရေးမှုးဟ အဲအဖြစ်အပျက်ဟို မျော်သောအခါ ယုံကြည်လာအယ်၊ အကျောန်းမှာ သူဟ ဘုရားသခင်အကျောန်း သွန်သင်ချက်များဟို အံ့ဩမိန်းမောနေအယ်။
သူလို့ဟ ဧဖက်မြို့ဟို ရောက်သောအခါ ပေါလုဟ ပြစ်ကိလနဲ့ အာကုလလို့ဟို မြို့ထဲတွင် ချန်ခဲ့အယ်။ သူဟ တရားဇရပ်ဟို ဝင်ပင်း ယုဒလူများနဲ့ ဆွေးနွေးကြအယ်။
အဲလိုလဲ “ဘုရားသခင် အလိုတော်ဆိရင် ငါ ပြန်လာခဲ့မယ်” ဟု သူလို့ဟို ပြောပင်း ထွက်သွားတယ်။ အဲပင်းရင် ဧဖက်မြို့မှ သင်္ဘောနဲ့ ရွက်လွင့်သွားလေအယ်။
အာပေါလုဟ ကောရိန့်မြို့ဟို ရောက်နေစဉ်၊ ပေါလုဟ အထက် ဒေသတဆှောက်ဟို ဖြတ်သွားပင်းမှ ဧဖက်မြို့ဟို ရောက်အယ်။ တဘဲ့တော် တချို့လို့ဟို အေးမှာ တွေ့သဖြင့်၊
အေးနောက် နတ်ဆိုးဝင်ပူးနေသူဟ သူလို့အပေါ်ဟို ခုန်တက်ကာ သူလို့အားလုံးဟို နှိမ်နှင်းယွေ့ အနိန်ယူသောကျောန့် သူလို့ဟ အေးနေအိုင်မှ အဝတ်မပါဘဲ ဒဏ်ရာများနဲ့ ထွက်ပြေးရကြအယ်။
ယုံကြည်သူအများလို့ဟ လာပင်း လူသိဆှင်ကြား မိမိလို့ လုပ်ခဲ့သောအရာများဟို ဖော်ထုတ်ပြခဲ့အယ်။
တမန်တော်လို့ဟ ရမ်းဆာ့သော အံ့ဩဖွယ်ရာများနဲ့ နိမိတ်လက္ခဏာများဟို ပြကြသဖြင့် လူအပေါင်းလို့ဟ အံ့ဩမှုနဲ့ ပြေ့ကြအယ်။
အသင်းတော် တခုလုံးနဲ့ အဲအဖြစ်အပျက်အကျောန်းဟို ကြားကြသူအပေါင်းဟ ရမ်းဆာ့ ကြောက်လန့်ကုန်ကြအယ်။
အခြားသောသူလို့ဟ သူလို့နဲ့အတူ မပေါင်းရဲကြသော်လည်း လူလို့ဟ သူလို့ဟို ချီးမွန်းကြအယ်။
အဲစကားဟို ကြားတာနဲ့ တပြိုင်နက် အာနနိဟ လဲကျသေဆုံးလေအယ်၊ အဲအကျောန်းဟို ကြားကြသူအပေါင်းလို့ဟ ရမ်းဆာ့ ကြောက်အားကြီးကြအယ်။
ငါဟ ပစာခါနှိုက်မျှ မိမိရဲ့ တာဝန်ဟို မပျက်မကွက်ဘဲ အခါခပ်သိမ်းနှိုက် လည်းကောင်း၊ အထူးသဖြင့် အခုအခါနှိုက် လည်းကောင်း၊ ရဲရင့်ခြင်း အပြေ့အဝဆိလျက် အသက်ဆှင်တာ ဖြစ်စေ၊ သေတာ ဖြစ်စေ၊ ငါရဲ့ ကိုယ်ခန္ဓာအားဖြင့် ခရစ်တော်ဟ ချီးမွန်းခြင်း ခံရမဲ့အကျောန်း ငါနက်နဲစွာ မျော်လင့်တောင့်တအယ်။
အေးနည်းအားဖြင့် ငါလို့ရဲ့ ဘုရားသခင်နဲ့ သခင်ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ငါလို့ သခင် ယေရှုရဲ့နာမတော်ဟ နင်လို့နှိုက် ဘုန်းထင်ဆှားစေခြင်းဟို ခံရလျက်၊ နင်လို့ဟလည်း ကိုယ်တော်နှိုက် ဘုန်းတော်ထင်ဆှားစေခြင်း ခံရမယ့်အကျောန်း ဖြစ်အယ်။
နောက်ဆုံးမှာ ငါ့ညီအကိုလို့၊ သခင်ဘုရားရဲ့ သတင်းစကားဟ နင်လို့နှိုက် ဆိသလိုမျိုး လျင်မြန်စွာ ပြန့်ပွားပင်း ဂုဏ်အသရေ ဆိစေခြင်းငှာ ငါလို့အတွက် ဆုတောင်းပေးပါ။