22 သူဟ ကဲသရိမြို့ဟို ရောက်သောအခါ သူဟ ယေရုရှလင်မြို့ဟို တက်သွားယွေ့ အသင်းတော်ဟို နှုတ်ဆက်ပင်းမှ အေးနောက် အန္တိအုတ်မြို့ဟို သွားအယ်။
ကဲသရိမြို့တွင် “ဣတလိတပ်” ဟု ခေါ်သော ရောမတပ်မှ ကော်နေလိ နာမယ်ဆိသူ တပ်မှူးတယောက် ဆိအယ်။
နောက်တနေ့နှိုက် သူဟ ကဲသရိမြို့သို့ ရောက်လေအယ်။ ကော်နေလိဟ မိမိဆွေမျိုးသားချင်းများနဲ့ ရင်းနှီးသော မိတ်ဆွေများဟို စုထားလျက် သူလို့အား စောင့်မျှော်လျက် နေကြအယ်။
အဲခုတင်ချင်း ကဲသရိမြို့မှ ငါ့ဆေဟို စေလွှတ်လိုက်သော လူသုံးယောက်ဟ ငါဆိရာနေအိုင်ဟို ရောက်ဆိလာအယ်။
အန္တိအုတ်မြို့ အသင်းတော်တွင် ဗာနဗ၊ နိဂါ ခေါ်သော ရှုမောင်၊ ကုရေနေ ပြေမှ လုကိ၊ စော်ဘွားဟေရုဒ်နဲ့ သူငယ်ချင်းဖြစ်သူ မာနင်နဲ့ ရှောလု စသော ပရောဖက်များနဲ့ ဆရာများ ဆိကြအယ်။
အဲမြို့မှတဆင့် ရွက်လွင့်ကာ အခု မိမိလို့ ဆောင်ရွက်ပီးစီးသွားလဲ့ အမှုတော်အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်နှိုက် အပ်နှံခြင်း ခံခဲ့ရာ အန္တိအုတ်မြို့ဟို ပြန်သွားကြအယ်။
အဲသူလို့မှတဆင့် ပေးလိုက်သော စာဟ၊ “နင်လို့ရဲ့ ညီအကိုများ၊ တမန်တော်များနဲ့ အသင်းတော် လူကြီးများ၊ ရှုရိပြေ၊ ကိလိကိပြေနဲ့ အန္တိအုတ်မြို့တွင် ဆိသော လူမျိုးခြားထဲမှ ညီအကိုလို့အား နှုတ်ခွန်းဆက်သလိုက်အယ်။
အဲလိုမို့ သတင်းသယ်ဆောင်သူလို့အား စေလွှတ်သဖြင့် သူလို့ဟ အန္တိအုတ်မြို့သို့ သွားယွေ့ အဲမှာဆိလဲ့ ယုံကြည်သူအပေါင်းလို့အား စုဝေးစေပင်း အမှာစာဟို အပ်ပေးကြအယ်။
ပေါလုနဲ့ ဗာနဗလို့ဟ အန္တိအုတ်မြို့တွင် ဆက်လက် နေထိန်ယွေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို အခြားသူများနဲ့အတူ ဟောပြော သွန်သင်ကြအယ်။
ယေရုရှလင်မြို့သို့ သူလို့ ရောက်ကြသောအခါ အသင်းတော်မှ စယွေ့ တမန်တော်များ၊ အသင်းတော် လူကြီးများဟ သူလို့အား ကြိုဆိုလက်ခံလဲ့အခါ မိမိလို့အား ဘုရားသခင် ပြုသမျှလို့ဟို ပြောကြားကြအယ်။
အေးနောက် တပ်မှူးကြီးဟ အရာဆိနေယောက်ဟို ခေါ်ယွေ့ “ခုနေ့ည ကိုးနာရီအချိန်နှိုက် ကဲသရိမြို့ဟို သွားရန် တပ်သား ၂၀၀၊ မြင်းတပ်သား ခုနေဆယ်နဲ့ လှံတပ်သား ၂၀၀ လို့ဟို ထွက်ခွာရန် အဆင်သင့်ဆိ စေကြလော့။
ဖေတ္တုဟ အေးနယ်ဟို ရောက်ယွေ့ သုံးရက်ကြာပင်းနောက် သူဟ ကဲသရိမြို့မှ ယေရုရှလင်မြို့ဟို သွားအယ်။
ဖေတ္တုမင်းဟ ယုဒလူလို့ဆေမှ မျက်နှာရလိုသဖြင့် ပေါလုအား “နင်ဟ ယေရုရှလင်မြို့ဟို တက်သွားယွေ့ အဲမြို့နှိုက် ငါဆေ့တွင် ဟေအမှုများနဲ့ ပတ်သက်ယွေ့ အစစ်ဆေးခံမယ်လော” ဟု မေးအယ်။
ဖိလိပ္ပုဟ အာဇုတ်မြို့ဟို မိမိတတ်တိုင်း ရောက်ဆိနေတာကျောန်း သိရအယ်။ သူဟ ကဲသရိမြို့သို့ သွားပင်း လမ်းခရီးတွင် တမြို့ပင်း တမြို့ဟို ဝင်ယွေ့ သတင်းကောင်းဟို ဟောလေအယ်။