1 ပေါလုနဲ့ သိလလို့ဟ ခရီးဆက်ခဲ့ရာ အံဖိပေါလိမြို့နဲ့ အာပေါလောနိမြို့ဟို ဖြတ်ပင်း သက်သာလောနိကမြို့ဟို လာကြအယ်၊ အေးမြို့မှာ ယုဒတရားဇရပ် ဆိအယ်။
ဣကောနိမြို့တွင် ပေါလုနဲ့ ဗာနဗဟ ယုဒအမျိုးသားလို့ရဲ့ တရားဇရပ်သို့ ဝင်ယွေ့ အဲနည်းအတိုင်း ဟောပြောကြရာ ယုဒအမျိုးသားများနဲ့ လူမျိုးခြား အမြောက်အမြားဟ ယုံကြည်ကြအယ်။
အကျောန်းမှာ မခင်ဟ မြို့တိုင်းနှိုက် မောရှေရဲ့ ပညတ်တရားဟို ဟောပြောသောသူ ဆိယွေ့ အေးကျမ်းဟို ဥပုသ်နေ့တိုင်း တရားဇရပ်များတွင် ဖတ်လေ့ဆိအယ်” ဟု ဆိုလေအယ်။
ဥပုသ်နေ့နှိုက် ငါလို့ဟ မြို့ထင်ခါးအပြင်ဟို ထွက်ယွေ့ ဆုတောင်းရန် နေရာဆိမယ် အထင်နဲ့ မြစ်ကမ်းနံဖေးဟို သွားယွေ့ အေးနေရာနှိုက် ထိန်ပင်း စုဝေးလျက်နေလဲ့ မိန်းမလို့အား ဟောပြောကြအယ်။
ညအချိန် ရောက်သောအခါ၊ ယုံကြည်သူလို့ဟ ပေါလုနဲ့ သိလလို့ဟို ဗေရိမြို့ဟို စေလွှတ်ကြအယ်။ သူလို့ရောက်သောအခါ သူလို့ဟ ယုဒတရားဇရပ်ဟို သွားကြအယ်။
သက်သာလောနိတ်မြို့မှာ ဆိလဲ့သူများလို့ထက် ဗေရိမြို့မှာဆိလဲ့ လူများလို့ဟ ပိုပင်း စိတ်ထား မြင့်မြတ်ကြအယ်။ သူလို့ဟ သတင်းစကားဟို ရမ်းဆာ့ စိတ်အားထက်သန်စွာ နားထောင်ပင်း ပေါလု ပြောခဲ့လဲ့စကား မန်အယ် မမန်သိနိန်ရန် ကျမ်းစာဟို နေ့တိုင်း လေ့လာကြအယ်။
အဲလိုလဲ ဗေရိမြို့တွင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ပေါလု ဟောပြောလျက် ဆိကျောန်းဟို သက်သာလောနိတ်မြို့မှ ယုဒအမျိုးသားလို့ဟ ကြားသိကြသောအခါ အဲမြို့ဟို လာယွေ့ လူအုပ်လို့အား ဆူပူအောန် လှုံ့ဆော်ပေးကြအယ်။
ဗေရိမြို့သား ပုရုရဲ့ သားဖြစ်သူ သောပတရု၊ သက်သာလောနိတ်မြို့သားများ ဖြစ်ကြသော အာရိတ္တာခုနဲ့ သေကန္နု၊ ဒေရဗေမြို့သားဖြစ်သူ ဂါယု၊ အာရှနယ်သားများ ဖြစ်ကြသော တုခိတ်နဲ့ တရောဖိမ်၊ တိမောသေဟလည်း ပေါလုနဲ့အတူ လိုက်သွားကြအယ်။
ငါလို့ဟ အာရှနယ် ကမ်းခြေ တဆှောက်ဆိသော သင်္ဘောဆိပ်မြို့များဟို သွားခါနီးဖြစ်လဲ့ သင်္ဘောတစီးပေါ်ဟို တက်ယွေ့ ရွက်လွင့်ကြအယ်။ အေးသင်္ဘောဟ အာဒြမုတ္တိမြို့မှ လာသော သင်္ဘော ဖြစ်အယ်။ မာကေဒေါနိပြေမှ သက်သာလောနိတ်မြို့သား အာရိတ္တာခုဟလည်း ငါလို့နဲ့အတူပါလာအယ်။
သက်သာလောနိတ်မြို့နှိုက် ဆိစဉ်ခါဟ ငါလိုသော အကူညီဟို နင်လို့ဟ တကြိမ်မက နေကြိမ်တိုင်အောန် ပေးပို့ခဲ့ကြအယ်။
ပေါလု၊ သိလွာနုနဲ့ တိမောသေလို့ဟ — ခမည်းတော် ဘုရားသခင်နဲ့ သခင် ယေရှုခရစ်နဲ့ စပ်ဆိုင်သော သက်သာလောနိကမြို့သား အသင်းတော်မှ လူလို့အား၊ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင့်လို့အပေါ်မှာ ဆိပါစေ။
နင်လို့ဆိရာ သက်သာလောနိတ်မြို့ဟို မလာရောက်မီ ငါလို့ဟ ဖိလိပ္ပိမြို့တွင် နှိပ်စက်ညှဉ်းပန်း ခံရပင်းဖြစ်ကျောန်း နင်လို့ သိအယ်။ အားပင်း အတိုက်အခံတွေ အများကြီးဆိပေမယ့်လည်း၊ ငါလို့ရဲ့ ဘုရားသခင်ဟ သူ့ဆေမှလာသော ဧဝံဂေလိတရားကို ဟောပြောခြင်းငှါ ရဲရင့်စေအယ်။
ပေါလု၊ သိလွာနုနဲ့ တိမောသေလို့ဟ — ငါလို့ အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်နှိုက် တည်သော သက်သာလောနိကမြို့သားလို့ရဲ့ အသင်းတော်ဆေဟို နှုတ်ဆက်လိုက်ပါအယ်။
ဒေမဟ ဟေလောကဟို စွဲလမ်းသဖြင့် ငါ့ဟို စွန့်ခွာယွေ့ သက်သာလောနိတ်မြို့ဟို ထွက်ခွာသွားလေပီ။ ကရက္ကေဟ ဂလာတိပြေ လည်းကောင်း၊ တိတုဟ ဒါလမာတိပြေဟို လည်းကောင်း သွားကြပီ။