31 သူလို့ဟ “သခင် ယေရှုဟို ယုံကြည်ကြလော့၊ အဲလိုလုပ်ရင် နင်နဲ့ နင်ရဲ့မိသားစုလို့ဟ ကယ်တင်ခြင်း ရလိမ့်မယ်” လို့ ဖြေကြအယ်။
ယုံကြည်ယွေ့ နှစ်ခြင်းဟို ခံသောသူဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်၊ မယုံကြည်သောသူဟ အပစ်စီရင်ခြင်း ခံရလိမ့်မယ်။
အဲလိုလဲ ကိုယ်တော်ဟို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ရဲ့ နာမဟို ယုံကြည်သောသူလို့အား ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်ခွင့်ဟို ပေးအယ်။
အဲလိုလဲ ယေရှုဟ ဘုရားသခင်ရဲ့ သားတော် ခရစ်တော်ဖြစ်ကျောန်းဟို နင်လို့ ယုံကြည်ကြရန်နဲ့ အဲသို့ ယုံကြည်ခြင်းဖြင့် ကိုယ်တော်ရဲ့ နာမနှိုက် အသက်ဟို ရဆိကြရန် ဟေအရာများဟို ရေးထားခြင်း ဖြစ်အယ်။
သားတော်ဟို ယုံကြည်သူဟ ထာဝရ အသက်ဟို ရအယ်၊ သားတော်ရဲ့ စကားဟို မနာခံသောသူဟတော့ အသက်ဟို မရဘဲ ဘုရားသခင်ရဲ့ အမျက်တော်ဟ သူ့အပေါ်နှိုက် တည်လိမ့်မယ်။
သားတော်ဟို ဖူးမျော်ယွေ့ ယုံကြည်လာသူအပေါင်းလို့ဟ ထာဝရအသက်ဟို ရစေရန် ငါ့ခမည်းတော် အလိုတော် ဆိအယ်၊ ငါဟလည်း သူလို့အား နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်စေမယ်” ဟု မိန့်လေအယ်။
နင်လို့အား ငါ အမန်ဆိုတာဟ ငါ့ဟို ယုံကြည်သောသူဟ ထာဝရ အသက်ဟို ရအယ်။
မဟုတ်ဝူး၊ ငါလို့ဟလည်း အေးသူလို့နည်းတူ ယုံကြည်သဖြင့် သခင် ယေရှုရဲ့ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းဟို ခံရကြအယ်” ဟု ပြောဆိုအယ်။
အေးမိန်းမဟ သူနဲ့ နေအိုင်သူအိုင်သားလို့ နှစ်ခြင်း ခံပင်းသောအခါ သူဟ ငါလို့အား သူရဲ့နေအိုင်ဟို ဖိတ်ခေါ်အယ်။ “ငါဟ ဘုရားသခင်ဟို ယုံကြည်သူဖြစ်အယ်လို့ နင်လို့ ယူဆရင် ငါရဲ့ နေအိုင်ဟို လာရောက်တည်းခိုကြပါ” လို့ ငါလို့အား မရမက ဖိတ်ခေါ်လေအယ်။
အဲပင်းရင် အေးသူနဲ့ သူ့ရဲ့ နေအိုင်မှာဆိလဲ့ တခြားသူများအားလုံးဟို ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ဟောပြောကြအယ်။
တရားဇရပ်မှူး ကရိပ္ပုနဲ့ သူ့အိုင်သူအိုင်သားအားလုံးဟ သူနဲ့အတူ အဆှင်ဟို ယုံကြည်ကြအယ်။ အခြား ကောရိန့်မြို့သားများဟ တရားစကားဟို ကြားရပင်း ယုံကြည်ကြကာ နှစ်ခြင်းဟို ခံကြအယ်။
ကယ်တင်ခြင်းဟ အခြားစသူမှာမှ မဆိ၊ အကျောန်းမှာ အေးနာမမှတပါး ငါလို့အား ကယ်တင်မဲ့ အခြားသော နာမဟို ခေါန်းခင်အောက် လူလို့နှိုက် ပေးအပ်ထားခြင်း မဆိ” ဟု သူလို့အား ဆိုအယ်။
သူလို့ဟ ဆက်လက်ယွေ့ ခရီးပြုကြခါ ယေဆိလဲ့ အရပ်သို့ ရောက်လာသဖြင့် အရာဆိဟ “ဟေအရပ်တွင် ယေဆိအယ်။ နှစ်ခြင်းဟို ငါမခံယူစေရန် ဆီးတားလဲ့အကျောန်း ဆိသလော” ဟု ဆိုအယ်။
အဦးသီးအဖြစ် ပူဇော်သော မုန့်စိမ်းဟ သန့်ဆှင်းရင်၊ တပုံလုံး သန့်ဆှင်းလိမ့်မယ်၊ အမြစ် သန့်ဆှင်းရင် အခက်အလက်များလည်း သန့်ဆှင်းကြလိမ့်မယ်။
အာဗြဟံအား ဘုရားသခင် ကတိထားသော ကောင်းချီးမင်္ဂလာဟို ခရစ်တော် ယေရှုအားဖြင့် လူမျိုးခြားလို့အား ပေးစေဖို့ ခရစ်တော်ဟ အေးလို့ပြုအယ်။ အေးလိုမို့ ဘုရားသခင် ကတိထားတဲ့ ဝိညာဉ်တော်ဟို ယုံကြည်ခြင်းအားဖြင့် ငါလို့ခံယူရဆိရန် ဖြစ်အယ်။
အဲလိုလဲ ကမ္ဘာတခုလုံးဟ အပစ်တရားရဲ့ လက်အောက်တွင် ဆိနေတာဟု ကျမ်းစာဟ ပြောအယ်။ အေးလိုမို့ ယေရှု ခရစ်တော်ဟို ယုံကြည်ခြင်းအပေါ် အခြေခံယွေ့ ကတိပြုထားလဲ့ ဆုကျေးဇူးဟို ယုံကြည်သော သူလို့အား ပေးအယ်။
နင်လို့အားလုံးဟ ယုံကြည်ခြင်းအားဖြင့် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဆိသော ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။