28 အဲလိုလဲ ပေါလုဟ “နင့်ကိုယ်နင် အန္တရာယ်မလုပ်နဲ့၊ ငါလို့အားလုံး ဟေမှာ ဆိအယ်” လို့ ကြီးလဲ့အသံနဲ့ အော်ပြောအယ်။
အဲလိုလဲ ငါ နင့်ဟို ပြောတာဟ ရန်သူဟို ချစ်ကြလော့၊ နင်လို့အား နှိပ်စက်သောသူလို့အတွက် ဆုတောင်းပေးကြလော့။
အဲလိုလဲ ယေရှုဟ “တန့်ကြတော့” ဟု ပြောအယ်၊ အေးသူရဲ့ နားရွက်ဟို လက်တော်ဖြင့် တို့ထိယွေ့ သူ့အနာဟို ပျောက်စေလေအယ်။
ယေရှုဟ “တို့ဖ၊ အဲသူလို့အပစ်ဟို ဖြေလွှတ်ပေးပါ။ သူလို့ဟ မိမိလို့လုပ်နေလဲ့အမှုဟို မသိကြပါ” ဟု မြွက်ဆိုလေအယ်။ သူလို့ဟ ကိုယ်တော်ရဲ့ အဝတ်များဟို မဲနှိုက်ယွေ့ အချင်းချင်း ခွဲယူကြအယ်။
ထောင်မှူးဟ အိပ်ယာမှ နိုးယွေ့ ထောင်ထင်ခါး ပွင့်နေတာဟို မျော်သောအခါ အကျဉ်းသားများ ထွက်ပြေးကြပီလို့ ထင်သဖြင့် ထားဟို ဆွဲထုတ်ပင်း မိမိတတ်တိုင်း သတ်သေမယ် လုပ်အယ်။
ထောင်မှူးဟ မီးတိုင်ဟို တောင်းပင်း ပြေးဝင် လာယွေ့ သူဟ တုန်ပင်း ပေါလုနဲ့ သိလလို့ရဲ့ ခြေထောက်ရင်းမှာ ပျပ်ဝပ်အယ်။
စသူမှ သူတပါးအပေါ် အမားဟို အမားနဲ့ မတုံ့ပြန်ကြစေရန် သတိပြုကြလော့၊ အချင်းချင်းအတွက် လည်းကောင်း၊ လူအားလုံးလို့အတွက် လည်းကောင်း၊ ကောင်းကျိုးဟိုသာ အမြဲကြိုးစား လုပ်ကြလော့။