25 ညဉ့်သန်းခေါင်အချိန်နှိုက် ပေါလုနဲ့ သိလလို့ဟ ဆုတောင်းကာ ဘုရားသခင်ဟို ချီးမွန်း သီချင်းများဟို သီဆိုလျက် နေကြအယ်။ တခြားထောင်သားများလည်း သူလို့ဟို နားထောင်နေကြအယ်။
ကိုယ်တော်ဟ ပြင်းပြစွာ ဝေဒနာဟို ခံလျက်ပိုယွေ့ ကြိုးစား ဆုတောင်းလေအယ်၊ သူရဲ့ ချွေးထွက်နေပုံဟ သွေးစက်များသဖွယ် မြေပေါ်သို့ ကျလေအယ်။
အဲအခါ တမန်တော်များ၊ အသင်းတော် လူကြီးများနဲ့ အသင်းတော်အပေါင်းလို့ဟ သူလို့အဖွဲ့ထဲနှိုက် လူဟို ရွေးကောက်ယွေ့ အန္တိအုတ်မြို့ဟို ပေါလု၊ ဗာနဗလို့နဲ့အတူ စေလွှတ်ရန် ဆုံးဖြတ်ကြအယ်။ သူလို့ဟ ယုံကြည်သူလို့ ရမ်းဆာ့ ကြည်ညိုလေးစားလဲ့ ဗာရှဗ ခေါ်လဲ့ ယုဒနဲ့ သိလလို့ နေယောက်ဟို ရွေးကောက်ကြအယ်။
သူမရဲ့ သခင်ဖြစ်သူလို့ဟ မိမိလို့ ပိတ်ဆန် ဝင်ပေါက် ပိတ်သွားပင်း မျော်လင့်စရာ မဆိကျောန်း သိကြသောအခါ၊ ပေါလုနဲ့ သိလလို့ဟို ဖမ်းဆီးယွေ့ အာဏာပိုင်များဆိရာ အများနဲ့ဆိုင်သော နေရာဟို ဆွဲခေါ်သွားကြအယ်။
အေးညအချိန်နှိုက်ပင် ထောင်မှူးဟ သူလို့ဟို ခေါ်ယွေ့ သူလို့ရဲ့ ဒဏ်ရာများဟို ဆေးကြောပေးအယ်။ အေးနောက် ခုတင်ချင်း သူနဲ့ သူ့မိသားစုအားလုံးလို့ဟ နှစ်ခြင်းခံကြအယ်။
တမန်တော်လို့ဟ ယေရှုရဲ့ နာမတော်ကျောန့် အဆှက်ကွဲခြင်းဟို ခံထိုက်သူများအဖြစ်ဖြင့် ဘုရားသခင် မှတ်သောကျောန့် ဝမ်းမြောက်စွာ တရားလွှတ်တော်မှ ထွက်သွားကြအယ်။
မျော်လင့်ချက်နဲ့ ဝမ်းမြောက်ကြလော့၊ ဆင်းရဲဒုက္ခဟို သည်းခံကြလော့၊ ဆုတောင်းခြင်းနှိုက် သစ္စာဆိကြလော့။
ဆင်းရဲဒုက္ခများဟိုလည်း ငါလို့ ဝါကြွားကြအယ်၊ ပစာကို့ ဆင်းရဲဒုက္ခဟ သည်းခံခြင်းဟို ဖြစ်စေတတ်ကျောန်း ငါလို့ သိကြအယ်။
ဝမ်းနည်းရသော်လည်း အစဉ်ဝမ်းမြောက်လျက် ဆိကြအယ်၊ ဆင်းရဲသောသူလို ဖြစ်သော်လည်း များစွာသော သူလို့ဟို ကြွယ်ဝပြေ့စုံစေအယ်၊ စလိုအရာမျှ မဆိသော်လည်း အလုံးစုံဟို ပိုင်ဆိုင်ကြအယ်။
ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနဲ့ ဝိညာဉ်ရေးဆိုင်ရာ သီချင်းများဟို အချင်းချင်းသီဆိုလျက် သခင်ဘုရားဆေဟို နင်လို့ရဲ့ စိတ်နေလုံးထဲမှ သီဆိုကျူးဧကြလော့။
နင်လို့ရဲ့ ယုံကြည်ခြင်းဟ ဘုရားသခင်အား ပူဇော်သောယဇ်ပေါ်တွင် ငါရဲ့ အသက်သွေးဟို သွန်းလောင်းရမယ်ဆိုရင် ငါဟ ဝမ်းမြောက်လျက် နင်လို့နဲ့အတူ ဝမ်းမြောက်အယ်။
ငါဟ နင်လို့အတွက် ခံရသော ဆင်းရဲဒုက္ခနှိုက် အခု ဝမ်းမြောက်ယွေ့ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခတွင် လိုအပ်သေးလဲ့အပိုင်းဟို ကိုယ်တော်ရဲ့ ကိုယ်ခန္ဓာ တည်းဟူသော အသင်းတော်အတွက် ငါရဲ့ ကိုယ်ခန္ဓာနှိုက် ဖြည့်ဆည်းလျက် ဆိအယ်။
ခရစ်တော်ဟ လူ့ဇာတိအဖြစ်နှိုက် ဆိစဉ်ဟ မိမိအား သေခြင်းမှ ကယ်တင်နိန်သော ဘုရားသခင် ဆေဟို ကြွေးကြော်ကာ မျက်ရည်ကျလျက် ဆုတောင်းခဲ့အယ်။ ဘုရားသခင်ဟလည်း ကိုယ်တော်ရဲ့ ဆုတောင်းသံဟို နားညောင်းအယ်။ ကိုယ်တော်ဟ နှိမ့်ချသောစိတ် ဆိသောကျောန့် ဘုရားသခင်ဟ နားထောင်အယ်။
ငါ့ ညီအကို မောင်နှမလို့၊ နင်လို့ဟ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းနဲ့ ကြုံတွေ့ရသောအခါ ဝမ်းမြောက်စရာ သက်သက်ဖြစ်တာဟု မှတ်ယူကြလော့။
နင်လို့တွင် ဆင်းရဲဒုက္ခခံရသူဆိရင် သူဟ ဆုတောင်းစေ။ ဝမ်းမြောက်ရွှင်လန်းသောသူဆိရင် ချီးမွန်းသီချင်းဟို သီဆိုစေ။
နင်လို့ဟ ခရစ်တော်ရဲ့ နာမကျောန့် ကဲ့ရဲ့ပစ်တင်ခြင်း ခံရရင် မင်္ဂလာဆိကြအယ်။ အကျောန်းမှာ ဘုန်းအသရေနဲ့ ပြေ့စုံသော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အပေါ်နှိုက် ကိန်းဝပ်အယ်။