23 သူလို့ဟို အကြိမ်များစွာ ရိုက်ပင်းနောက် ထောင်ထဲမှာ ချထားကြပင်း သူလို့အား လုံခြုံစွာ သော့ခတ်ထားရန် ထောင်မှူးဟ အမိန့်ပေးအယ်။
ကိုယ်တော်ဟို ရန်သူလက်ဟို သစ္စာဖောက်သူဟ “ငါနမ်းသောသူသည် အေးသူပင် ဖြစ်အယ်။ သူ့ဟို ဖမ်းဆီးကြလော့” ဟု အမှတ်ပေးထားအယ်။
အဲလိုလဲ ဟေအမှုအရာများ မဖြစ်ပျက်ခင် လူလို့ဟ နင်လို့အား ဖမ်းဆီးညှဉ်းဆဲကြလိမ့်မယ်၊ နင်လို့အား တရားဇရပ်များတွင် တရားစီရင်ရန် အပ်နှံယွေ့ ထောင်များတွင် အကျဉ်းချ ထားကြလိမ့်မယ်၊ နင်လို့ဟ ငါရဲ့နာမကျောန့် ဘုရင်များနဲ့ အာဏာပိုင်များရဲ့ ဆေ့မှောက်သို့ ရောက်ရကြလိမ့်မယ်။
မိုးလင်းသောအခါ ပေတရု စလို ဖြစ်သွားလုန်းဟု အစောင့်တပ်သားလို့ ကြားတွင် အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်ကြအယ်။
ဟေရုဒ်ဟ ပေတရုဟို ဖမ်းဆီးယွေ့ ထောင်ထဲ ထည့်ထားပင်းနောက်၊ အဲမှာ သူ့ဟို စောင့်ကျေ့ရန် အစောင့်တပ်သား လေးယောက်စီပါသော တပ်စုငယ် လေးစုလက်သို့ အပ်ထားအယ်။ ဟေရုဒ်ဟ ပသခါပွဲ လွန်သောအခါ သူ့ဟို လူထုဆေ့တွင် ထုတ်ရန် အကြံဆိအယ်။
ထောင်မှူးဟ အိပ်ယာမှ နိုးယွေ့ ထောင်ထင်ခါး ပွင့်နေတာဟို မျော်သောအခါ အကျဉ်းသားများ ထွက်ပြေးကြပီလို့ ထင်သဖြင့် ထားဟို ဆွဲထုတ်ပင်း မိမိတတ်တိုင်း သတ်သေမယ် လုပ်အယ်။
အေးကျောန့် ထောင်မှူးဟ ပေါလုအား “အရာဆိလို့ဟ နင်နဲ့ သိလလို့အား လွှတ်ပေးရန် အမိန့်ပေးပါအယ်။ အေးကျောန့် နင်လို့ ငြိမ်းချမ်းစွာ သွားကြပါ” ဟု ပြောအယ်။
သူလို့ဟ တမန်တော်လို့ဟို ဖမ်းဆီးပင်း ပြေသူ့ အကျဉ်းထောင်ထဲတွင် ထည့်ထားကြအယ်။
“အကျဉ်းထောင် ထင်ခါးများဟို သေချာစွာ ပိတ်လျက် အစောင့်လို့ဟလည်း ထင်ခါးပြင်တွင် ရပ်လျက်ဆိနေတာဟို ငါလို့ တွေ့အယ်၊ အဲလိုလဲ ငါလို့ ထင်ခါးဟို ဖွင့်လိုက်သောအခါ အထဲမှာ စသူဟိုမျှ မတွေ့ရ” ဟု သတင်းပို့ကြအယ်။
အဲလိုလဲ ရှောလုဟ အသင်းတော်ဟို ဖျက်ဆီးရန် ကြိုးစားလျက် နေပင်း၊ သူဟ နေအိုင်တအိုင်ပင်း တအိုင်ဝင်ယွေ့ ယုံကြည်သူ ယောက်ျား မိန်းမလို့ဟို ဆွဲထုတ်ကာ အကျဉ်းထောင်တွင် ထည့်ထားလေအယ်။
ဘုရားသခင်ရဲ့ လမ်းစဉ်ဟို လိုက်ဆှောက်သောသူ ယောက်ျား မိန်းမလို့ဟို တွေ့ဆိပါက အဲသူလို့ဟို ဖမ်းဆီးယွေ့ ယေရုရှလင်မြို့သို့ ခေါ်ဆောင်လာနိန်ရန် ဒမာသက်မြို့ဆိ တရားဇရပ်များဆေဟို အမိန့်စာများရေးပေးရန် သူ့ဆေမှ တောင်းလေအယ်။
သူလို့ဟ ခရစ်တော်ရဲ့ အစေခံ ဖြစ်ကြသလော။ ငါဟ သူရူးတယောက်လို ထင်ရပေမဲ့ ငါဟ သူလို့ထက် ပိုကောင်းလဲ့ အစေခံတယောက်ပါ။ ငါဟ အလုပ်ပိုကြိုးစားအယ်၊ ထောင်ထဲမှာ အကြိမ်များစွာ နေခဲ့အယ်၊ ကြိမ်ဒဏ်တွေလည်း ခံရအယ်၊ သေလုမျောပါးလည်း မကြာခဏ ရင်ဆိုင်ရအယ်။
ငါလို့ဟ ရိုက်နှက်ခံရခြင်း၊ အကျဉ်းချခံရခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းလို့ဟို ခံရကြအယ်၊ ငါလို့မှာ အလုပ်ရမ်းဆာ့ လုပ်ယွေ့ အိပ်မမွေ့ဘဲ အဲဟာမဟုတ်ရင် အစာမစားဘဲ နေခဲ့ရအယ်။
အေးအကျောန်းကျောန့်၊ ငါဟ လူမျိုးခြားလို့အဖို့ ခရစ်တော် ယေရှုရဲ့ အကျဉ်းခံဖြစ်သော ပေါလုဟ ဘုရားသခင်ဆေနှိုက် ဆုတောင်းအယ်။
အေးကျောန့် သခင်ဘုရားအတွက် အကျဉ်းသားတဦးအနေနဲ့၊ နင်လက်ခံရဆိထားသော ခေါ်ခြင်းနဲ့ ထိုက်တန်သော အသက်တာဖြင့် နေထိန်ရန် နင်လို့ဟို ငါ တိုက်တွန်းပါအယ်။
ငါဟ ဟေသတင်းကောင်းအတွက် ရာဇဝတ်သားလို တုတ်ချေခြင်း ခံရလဲ့တိုင်အောန် ဆင်းရဲဒုက္ခဟို ခံရအယ်။ အားပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ တုတ်ချေခြင်း ခံရတာ မဟုတ်။
ချစ်ခြင်းမေတ္တာအားဖြင့် နင့်အား တောင်းပန်ခြင်းအမှုဟိုသာ လုပ်အယ်။ အေးလို့ လူအိုဖြစ်ပင်း အခုဟ ခရစ်တော် ယေရှုနဲ့ ဆိုင်သော အကျဉ်းသားလည်းဖြစ်လဲ့ ငါပေါလုဟ၊
ယေရှုနှိုက် ဆင်းရဲဒုက္ခဟို လည်းကောင်း၊ နိုင်ငံတော်ဟို လည်းကောင်း၊ သည်းခံခြင်းဟို လည်းကောင်း နင်လို့နဲ့အတူ မျှဝေခံစားသူဖြစ်သော နင်လို့ရဲ့ ညီအကို ငါ ယောဟန်ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ယေရှုနဲ့ဆိုင်သော သက်သေခံချက်လို့ကျောန့် ပတ်မုဟုခေါ်သော ကျွန်းတွင် ရောက်နေအယ်။
နင် ခံစားရတော့မဲ့ ဒုက္ခဝေဒနာများဟို မကြောက်နဲ့၊ ကျေ့ရှုလော့။ နင်ဟ စုံစမ်းခြင်းဟို ခံရမဲ့အကျောန်း မာရ်နတ်ဟ နင်လို့အထဲမှ အချို့လို့ဟို ထောင်ထဲနှိုက် ထည့်ထားလိမ့်မယ်။ နင်လို့ဟ ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အသေခံရလဲ့တိုင်အောန် သစ္စာစောင့်လော့။ အဲလိုပြုရင် အသက်သရဖူဟို နင့်အား ငါ ပေးမယ်။