22 လူအုပ်ဟလည်း ပေါလုနဲ့ သိလလို့ဟို ဝိုင်းယွေ့ တိုက်ခိုက်ကြအယ်။ အဲပင်းရင် အရာဆိလို့ဟ အေးသူနေဦးရဲ့ အဝတ်များဟို ဆုတ်ဖြဲယွေ့ ကြိမ်ဒဏ်ပေးစေရန် အမိန့်ချမှတ်ကြအယ်။
သတိထားကြလော့၊ သူလို့ဟ နင်လို့အား ဖမ်းဆီးယွေ့ တရားရုံးဟို ပို့ဆောင်ကြပင်း သူလို့ဟ နင်လို့ဟို တရားဇရပ်များတွင် ဖိုင်ကြလိမ့်မယ်။
အေးအခါ ပိလတ်မင်းဟ ဗာရဗ္ဗဟို လွတ်ငြိမ်းချမ်းသာခွင့် ပေးယွေ့ ယေရှုဟို ကြိမ်ဒဏ်ခတ်စေပင်းရင် လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ရန် အပ်လိုက်အယ်။
“သူလို့ဟ နင်လို့ဟို တရားဇရပ်များ၊ အုပ်ချုပ်သူများနဲ့ အာဏာပိုင်များဆေ့ဟို ခေါ်ဆောင်သွားကြသောအခါ ကိုယ့်တတ်တိုင်းဟို စလို ချေပပြောရမယ်ဆိုတာဟို မစိုးရိမ်ကြနဲ့။
အဲလိုလဲ ပေါလုဟ အရာဆိလို့အား “ရောမနိုင်ငံသားများဖြစ်သော ငါလို့အား စစ်ကြောစီရင်ခြင်း မလုပ်ဘဲ ငါလို့ဟို လူများဆေ့တွင် ဖိုင်ယွေ့ အကျဉ်းချထားကြအယ်။ အခု ငါလို့ဟို တိတ်တိတ်လေး လွှတ်လိုက်ကြမယ်လော။ အေးလို့ မလုပ်သင့်။ သူလို့တတ်တိုင်း လာယွေ့ ငါလို့ဟို ထုတ်ကြပါစေ” လို့ ပြောအယ်။
အဲလိုလဲ ယုဒလူမျိုး အချို့လို့ဟ မနာလိုစိတ်နဲ့ မချမ်းသာသော မုန့်ဖုတ်သမားများဟို လမ်းများမှ လူအုပ်ဟို အတူစုစည်းခဲ့အယ်။ တမြို့လုံးဟို ရုန်းရင်ဆန်ခတ် ဖြစ်ပင်း ယာသုန် နာမယ်ဆိသော သူရဲ့နေအိုင်ဟို တိုက်ခိုက်ပင်း၊ ပေါလုနဲ့ သိလလို့ဟို လူများဆေ့ဟို ဆွဲထုတ်ဖို့ ကြိုးစားယွေ့ ဆှာဖွေကြအယ်။
အခါယပြေဟို ဂါလျုန်မင်းဟ ရောမအစိုးရ ဖြစ်နေသောအခါ ယုဒအမျိုးသားလို့ဟ စုရုံးလျက် ပေါလုဟို ဖမ်းပင်း တရားပလ္လင်ဆေ့ဟို ခေါ်သွားခဲ့ကြအယ်။
သူလို့ဟ တမန်တော်လို့ဟို ခေါ်လျက် သူလို့အား ကြိမ်ဒဏ်ခတ်ကာ “ယေရှုရဲ့ နာမဟို အမှီပြုယွေ့ သွန်သင်ခြင်းဟို နောက်တခါ မပြုရ” ဟု အမိန့်ပေးပင်းနောက် လွှတ်လိုက်ကြအယ်။
ငါလို့ဟ ရိုက်နှက်ခံရခြင်း၊ အကျဉ်းချခံရခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းလို့ဟို ခံရကြအယ်၊ ငါလို့မှာ အလုပ်ရမ်းဆာ့ လုပ်ယွေ့ အိပ်မမွေ့ဘဲ အဲဟာမဟုတ်ရင် အစာမစားဘဲ နေခဲ့ရအယ်။
နင်လို့ဆိရာ သက်သာလောနိတ်မြို့ဟို မလာရောက်မီ ငါလို့ဟ ဖိလိပ္ပိမြို့တွင် နှိပ်စက်ညှဉ်းပန်း ခံရပင်းဖြစ်ကျောန်း နင်လို့ သိအယ်။ အားပင်း အတိုက်အခံတွေ အများကြီးဆိပေမယ့်လည်း၊ ငါလို့ရဲ့ ဘုရားသခင်ဟ သူ့ဆေမှလာသော ဧဝံဂေလိတရားကို ဟောပြောခြင်းငှါ ရဲရင့်စေအယ်။
အချို့သောသူလို့ဟ ကဲ့ရဲ့ခြင်းနဲ့ ကြိမ်ဒဏ်ပေးခြင်းဟို ခံရကြအယ်၊ အချို့သူလို့ဟ သံကြိုးဖြင့် တုတ်ချေကာ အကျဉ်းချခြင်းဟို ခံရကြအယ်။
ငါလို့ဟ အပစ်အရာနှိုက် သေဆုံးယွေ့ ဖြောင့်မတ်ခြင်းအရာနှိုက် အသက်ဆှင်မဲ့အကျောန်း ကိုယ်တော်ဟ လက်ဝါးကပ်တိုင်ပေါ်တွင် ငါလို့ အပစ်များဟို မိမိရဲ့ ကိုယ်ခန္ဓာနှိုက် ကိုယ်တော်တိုင် ယူဆောင်အယ်။ နင်လို့ဟ ကိုယ်တော်ရဲ့ ဒဏ်ချက်တော်အားဖြင့် အနာရောဂါ ပျောက်ကင်းခြင်း အခွင့်ဟို ရဆိကြအယ်။