20 ရောမတပ်မှူးလို့ရဲ့ ဆေ့ဟို ရောက်သောအခါ “အေးသူဟ ယုဒလူများ ဖြစ်ပင်း ငါလို့မြို့တွင် ဒုက္ခရောက်အောန် လုပ်နေကြအယ်လို့ ပြောအယ်။
အဲအကျောန်းဟို ကြားသောအခါ ဟေရုဒ်မင်းကြီးဟ၊ ယေရုရှလင်မြို့သူမြို့သားအပေါင်းလို့နဲ့တကွ ရမ်းဆာ့ တုန်လှုပ်ချောက်ချား လေအယ်။
သူမရဲ့ သခင်ဖြစ်သူလို့ဟ မိမိလို့ ပိတ်ဆန် ဝင်ပေါက် ပိတ်သွားပင်း မျော်လင့်စရာ မဆိကျောန်း သိကြသောအခါ၊ ပေါလုနဲ့ သိလလို့ဟို ဖမ်းဆီးယွေ့ အာဏာပိုင်များဆိရာ အများနဲ့ဆိုင်သော နေရာဟို ဆွဲခေါ်သွားကြအယ်။
ငါလို့ တရားဥပဒေများနဲ့ ဆန့်ကျင်သော စလေ့များဟို သင်ကြားနေကြအယ်။ ငါလို့ဟ ရောမနိုင်ငံသားဖြစ်သောကျောန့် အေးစလေ့များဟို လက်မခံနိန် အဲဟာမဟုတ်ရင် မကျင့်သုံးနိန်ပါ” လို့ ဆှောက်ထားကြအယ်။
အေးမှာ ပုန္တုပြေသား အာကုလ နာမယ်ဆိလဲ့ ယုဒအမျိုးသား တယောက်နဲ့ တွေ့ဆုံအယ်။ ယုဒအမျိုးသားများအားလုံး ရောမမြို့မှ ထွက်သွားရန် ကလောဒိဘုရင် အမိန့်ထုတ်ပြန်သဖြင့် သူဟ သူရဲ့ပေါင်အိုမ ပြစ်ကိလနဲ့အတူ မခင်ဟ ဣတလိပြေမှ လာခဲ့ကြခြင်း ဖြစ်အယ်။ ပေါလုဟ သူလို့ဟို တွေ့ရန် သွားယွေ့၊
အဲလိုလဲ သူဟ ယုဒလူမျိုးဖြစ်တာဟို သူလို့ သတိထားမိကြသောအခါ “ဧဖက်မြို့သားလို့ရဲ့ အာတေမိဟ ကြီးမြတ်အယ်” ဟု သူလို့ဟ နေနာရီကြအောန် အတူအတွ အရာတခုတည်း သံပြိုင်အော်ကြအယ်။
အဲလိုလဲ အေးဂိုဏ်းနဲ့ပတ်သက်ယွေ့ နေရာတိုင်းတွင် ဆန့်ကျင်ယွေ့ ပြောဆိုနေကြတာဟို ငါလို့သိထားတာ ဖြစ်ယွေ့ နင့် စိတ်သဘောထား စလိုဆိကျောန်းဟို နင့်ဆေမှ ငါလို့ကြားလိုအယ်” လို့ ဆိုကြအယ်။
နင်လို့ဟ လောကရဲ့ ပုံသဏ္ဌာန်အတိုင်း လိုက်ပင်း မကျင့်ကြနဲ့။ ကောင်းသောအရာ၊ ဘုရားသခင် နှစ်သက်ဖွယ်သောအရာ၊ အပစ်ဆိုဖွယ် မဆိသောအရာ တည်းဟူသော ဘုရားသခင် အလိုဆိသောအရာဟို စလိုအရာဖြစ်တာဟို သိဆိနိန်ရန် စိတ်နေလုံးဟို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန် ပြောင်းလဲခြင်း ဆိကြလော့။
ဖောက်ပြန်သောသူလို့၊ လောကနဲ့ မိတ်ဖွဲ့ခြင်းဟ ဘုရားသခင်ဟို ရန်ဘက်ပြုခြင်း ဖြစ်ကျောန်း နင်လို့ မသိကြသလော။ အဲကျောန့် လောကရဲ့ မိတ်ဆွေ ဖြစ်လိုသောသူဟ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်အယ်။