40 ပေါလုမူကား သိလဟို ရွေးချယ်ယွေ့ ညီအကိုများအားဖြင့် သခင်ဘုရားရဲ့ ကျေးဇူးတော်သို့ အပ်နှံခြင်းဟို ခံယူလျက် ထွက်ခွာသွားလေအယ်။
သူဟ ရောက်လာသောအခါ လူလို့အား ဘုရားသခင် စလို ကောင်းချီးပေးတာဟို မျော်သောအခါ ရွှင်လန်းဝမ်းသာသဖြင့် သခင်ဘုရားအား စိတ်နေလုံး အကြွင်းမဲ့ ယုံကြည်ကိုးစားယွေ့ သစ္စာစောင့်ကြရန် တိုက်တွန်းနှိုးဆော်လေအယ်။
အဲအခါ သူလို့ဟ အစာဆှောင်ယွေ့ ဆုတောင်းကြကာ အေးသူလို့နေဦးလို့အပေါ် လက်တင်ပင်းနောက် သူလို့ဟို စေလွှတ်လိုက်ကြအယ်။
အဲမြို့မှတဆင့် ရွက်လွင့်ကာ အခု မိမိလို့ ဆောင်ရွက်ပီးစီးသွားလဲ့ အမှုတော်အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်နှိုက် အပ်နှံခြင်း ခံခဲ့ရာ အန္တိအုတ်မြို့ဟို ပြန်သွားကြအယ်။
အဲအခါ တမန်တော်များ၊ အသင်းတော် လူကြီးများနဲ့ အသင်းတော်အပေါင်းလို့ဟ သူလို့အဖွဲ့ထဲနှိုက် လူဟို ရွေးကောက်ယွေ့ အန္တိအုတ်မြို့ဟို ပေါလု၊ ဗာနဗလို့နဲ့အတူ စေလွှတ်ရန် ဆုံးဖြတ်ကြအယ်။ သူလို့ဟ ယုံကြည်သူလို့ ရမ်းဆာ့ ကြည်ညိုလေးစားလဲ့ ဗာရှဗ ခေါ်လဲ့ ယုဒနဲ့ သိလလို့ နေယောက်ဟို ရွေးကောက်ကြအယ်။
ယုဒနဲ့ သိလလို့ တတ်တိုင်းဟလည်း ပရောဖက်များ ဖြစ်ကြသောကျောန့် ညီအကိုလို့အား ရမ်းဆာ့သောစကားနဲ့ တိုက်တွန်းအားပေးလျက် ကြံ့ခိုင်စေကြအယ်။
သူမရဲ့ သခင်ဖြစ်သူလို့ဟ မိမိလို့ ပိတ်ဆန် ဝင်ပေါက် ပိတ်သွားပင်း မျော်လင့်စရာ မဆိကျောန်း သိကြသောအခါ၊ ပေါလုနဲ့ သိလလို့ဟို ဖမ်းဆီးယွေ့ အာဏာပိုင်များဆိရာ အများနဲ့ဆိုင်သော နေရာဟို ဆွဲခေါ်သွားကြအယ်။
တချို့သောသူလို့ဟ ယုံကြည်ကြသဖြင့် ပေါလုနဲ့ သိလလို့ရဲ့ အဖွဲ့ဟို ဝင်ကြအယ်၊ ဘုရားသခင်ဟို ကိုးကွယ်သူ ဟေလသ လူအမြောက်အမြားနဲ့ ထင်ဆှားသော မိန်းမများလည်း သူလို့အဖွဲ့ဟို ဝင်ကြအယ်။
“အခု နင်လို့အား ဘုရားသခင်နှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ ကျေးဇူးတော်နဲ့ဆိုင်သော နှုတ်ကပတ်တော်နှိုက် လည်းကောင်း ငါ အပ်နှံအယ်။ နှုတ်ကပတ်တော်ဟ နင်လို့ဟို တည်ဆောက်မြှင့်တင်လျက် သန့်ဆှင်းစေခြင်း ခံရသောသူ အပေါင်းလို့နဲ့အတူ အမွေဟို ရဆိစေနိန်စွမ်း ဆိအယ်။
အားပေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် ငါ ဖြစ်လဲ့အတိုင်း ငါ ဖြစ်အယ်။ ငါခံရသော ကျေးဇူးတော်ဟိုလည်း အကျိုးမဲ့ခံရတာ မဟုတ်။ အခြားသော တမန်တော်အပေါင်းလို့ထက် ငါဟ သာယွေ့ ကြိုးစားခြင်းဟို ပြုအယ်။ ဟေသို့ ဆိုသော်လည်း ငါ ကြိုးစားတာ မဟုတ်၊ ငါနဲ့အတူ ဆိသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ကျောန့် ဖြစ်အယ်။
သခင် ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်၊ ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ မိတ်သဟာယ ဖွဲ့ခြင်းလို့ဟ နင်လို့အားလုံးနဲ့အတူ ဆိပါစေသော။
သခင်ဘုရားဟ နင်ရဲ့ စိတ်ဝိညာဉ်နဲ့အတူ ဆိမန့်စေ။ နင်လို့အပေါင်းလို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ခံစားရမန့်စေ။
ငါနဲ့အတူ ဆိသောသူအားလုံးလို့ဟ နင့်ဟို နှုတ်ဆက်ကြအယ်။ ယုံကြည်ခြင်းအားဖြင့် ငါလို့အား ချစ်ခင်သောသူများဟို နှုတ်ဆက်ပေးလော့။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ နင်လို့အားလုံးနဲ့ အတူဆိပါစေသော။