30 အဲလိုမို့ သတင်းသယ်ဆောင်သူလို့အား စေလွှတ်သဖြင့် သူလို့ဟ အန္တိအုတ်မြို့သို့ သွားယွေ့ အဲမှာဆိလဲ့ ယုံကြည်သူအပေါင်းလို့အား စုဝေးစေပင်း အမှာစာဟို အပ်ပေးကြအယ်။
သတေဖန် အသတ်ခံရမှုနဲ့ ဆက်စပ်ယွေ့ ဖြစ်ပေါ်လာသော ညှဉ်းဆဲမှုကျောန့် အရပ်ရပ်သို့ ကွဲလွင့်သွားကြသော ယုံကြည်သူအချို့လို့ဟ ဖိနိတ်ပြေ၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့ တိုင်အောန် သွားကြအယ်။ သူလို့ဟ နှုတ်ကပတ်တရားတော်ဟို ယုဒအမျိုးသားလို့ဟိုသာ ပြောကြအယ်။
အဲလိုလဲ သူလို့တွင် ကုပရုပြေနဲ့ ကုရေနေပြေမှ လူအချို့ပါယွေ့ သူလို့ဟ အန္တိအုတ်မြို့သို့ သွားပင်း လူမျိုးခြားလို့အားလည်း သခင် ယေရှုရဲ့ အကျောန်း သတင်းကောင်းဟို ဟောပြောကြအယ်။
အဲအခါကာလနှိုက် ပရောဖက်အချို့လို့ဟ ယေရုရှလင်မြို့မှ အန္တိအုတ်မြို့ဟို လာကြအယ်။
အဲအခါ တမန်တော်များ၊ အသင်းတော် လူကြီးများနဲ့ အသင်းတော်အပေါင်းလို့ဟ သူလို့အဖွဲ့ထဲနှိုက် လူဟို ရွေးကောက်ယွေ့ အန္တိအုတ်မြို့ဟို ပေါလု၊ ဗာနဗလို့နဲ့အတူ စေလွှတ်ရန် ဆုံးဖြတ်ကြအယ်။ သူလို့ဟ ယုံကြည်သူလို့ ရမ်းဆာ့ ကြည်ညိုလေးစားလဲ့ ဗာရှဗ ခေါ်လဲ့ ယုဒနဲ့ သိလလို့ နေယောက်ဟို ရွေးကောက်ကြအယ်။
သူလို့ဟ အဲစာဟို ဖတ်ကြသောအခါ သူလို့ဟ အားပေး စကားများကျောန့် ဝမ်းမြောက်ခြင်းနဲ့ ပြေ့ကြအယ်။
သူလို့ဟ မြို့များဟို ဖြတ်ယွေ့ သွားကြစဉ်တွင် ယေရုရှလင်မြို့နှိုက်ဆိသော တမန်တော်များနဲ့ အသင်းတော်လူကြီးများ ဆုံးဖြတ်ကြသော စည်းကမ်းများဟို ယုံကြည်သူလို့ လိုက်နာကျင့်သုံးရန် ညွှန်ကြားကြအယ်။
သို့ဖြစ်ယွေ့ ငါလို့ စလို လုပ်ရမလုန်း။ နင်လို့ရောက်နေကျောန်းဟို သူလို့ဟ ကြားရမှာ သေချာပါအယ်။
သူလို့ဟ ပေါလုအား ကဲသရိမြို့ဟို ခေါ်သွားပင်း စာဟို ဘုရင်ခံမင်းအား ပေးယွေ့ ပေါလုဟို သူ့ဆေမှာ အပ်နှံကြအယ်။
အဲလိုမို့ တဆယ့်နေပါးသော တမန်တော်လို့ဟ တဘဲ့တော်အပေါင်းလို့ဟို ခေါ်ယွေ့ “ငါလို့ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော် ဟောပြောမှုဟို လျစ်လျူရှုပင်း ငွေရေးကြေးရေး စီမံဆောင်ရွက်ရန် မသင့်။