24 ငါလို့အထဲမှ အချို့လို့ဟ ငါလို့ရဲ့ ခွင့်ပြုချက် မရဘဲ ထွက်သွားယွေ့ သူလို့ပြောလဲ့ စကားများကျောန့် နင်လို့ စိတ်အနှောင့်အယှက် ဖြစ်ရပင်း နင်လို့အား ဒုက္ခရောက်စေကျောန်း ကြားရကြအယ်။
လူအချို့လို့ဟ ယုဒပြေမှ အန္တိအုတ်မြို့ဟို လာယွေ့ ယုံကြည်သူလို့အား “နင်လို့ဟ မောရှေရဲ့ ပညတ်တရားအတိုင်း အရေဖျားလှီးခြင်းဟို မခံယူရင် ကယ်တင်ခြင်း မရနိန်” ဟု စတင် သွန်သင်ကြအယ်။
အမန်တကယ် “တခြားသတင်းကောင်း” မဆိပါ၊ အဲလိုလဲ ခရစ်တော်ရဲ့ သတင်းကောင်းဟို ပြောင်းလဲရန် ကြိုးစားနေသော သူအချို့ဆိသောကျောန့် ငါဟေလို့ ပြောချင်းဖြစ်အယ်။
အဲလိုလဲ ငါ နင့်ဟို ယုံကြည်စိတ်ချနေတုန်းပဲ။ သခင်ဘုရားနဲ့ တလုံးတဝတည်းသော ငါလို့ရဲ့ အသက်တာဟ မတူညီသော အမြင်ဟို ခံယူမယ် မဟုတ်ကျောန်းနဲ့ နင့်အား စိတ်အနှောင့်အယှက် ဖြစ်စေသော စသူမဆို ဘုရားသခင်ဟ အပစ်ပေးခံရမယ်ဟု ငါ ယုံကြည်အယ်။
လှုံ့ဆော်သော သူလို့ဟ တလမ်းလုံး ဆှောက်သွားပင်းတော့ သူလို့တတ်တိုင်း သူလို့ သုတ်သင်ရင် ကောင်းလိမ့်မယ်။
ပညတ်တရားကို နာခံခြင်းအားဖြင့် ဘုရားသခင်နဲ့ မန်ကန်သဖြင့် ကျင့်ကြံအားထုတ်သော သူလို့ဟ ခရစ်တော်နဲ့ ကင်းကွာကြပီ။ နင်ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော် အောက်နှိုက် မဆိ။
ဟေအကျောန်းအရာများဟို သူလို့အား သတိပေး နှိုးဆော်လော့၊ စလိုအကျိုးမျှ မဆိဘဲ ကြားနာသောသူလို့ဟို ပျက်စီးစေလဲ့ စကားလုံး အသုံးအနှုန်းအပေါ် ငြင်းခုံခြင်းဟို မပြုကြရန် ဘုရားသခင် ဆေ့နှိုက် သူလို့ဟို အလေးအနက် တိုက်တွန်းလော့။
အဲသူလို့ဟ ငါလို့ဆေမှ ထွက်သွားကြအယ်။ အဲသူလို့ဟ ငါလို့နဲ့ စပ်ဆိုင်သူ မဟုတ်၊ ငါလို့နဲ့ စပ်ဆိုင်သူမန်ရင် ငါလို့နဲ့အတူ နေခဲ့ကြလိမ့်မယ်။ အားပေမဲ့ သူလို့ ထွက်သွားကြတာမှာ သူလို့အားလုံး ငါလို့နဲ့ စပ်ဆိုင်သူမဟုတ်ကျောန်း ပေါ်လွင်ထင်ဆှားစေရန် ဖြစ်အယ်။