28 အဲပင်းရင် သူလို့ဟ တဘဲ့တော်လို့နဲ့အတူ ကြာမြင့်စွာ နေကြအယ်။
သူ့ဟို တွေ့သောအခါ အန္တိအုတ်မြို့သို့ ခေါ်ခဲ့အယ်။ အဲလို့မို့ ရှောလုနဲ့ ဗာနဗလို့ဟ တနှစ်ပတ်လုံး အသင်းတော်နဲ့ တွေ့ဆုံလျက် ရမ်းဆာ့သော လူလို့ဟို သွန်သင်ကြအယ်။ တဘဲ့တော်လို့ဟ အန္တိအုတ်မြို့ ခရစ်ယာန်ဟု ပထမဆုံးအကြိမ် ခေါ်ဝေါ်ခြင်းဟို ခံကြရအယ်။
အဲလိုလဲ မိမိရဲ့ပတ်လည်တွင် တဘဲ့တော်လို့ ဝိုင်းလျက် နေကြသောအခါ၊ ပေါလုဟ ထယွေ့ မြို့ထဲဟို ဝင်လေအယ်။ နောက်တနေ့မှာ သူနဲ့ ဗာနဗဟ ဒေရဗေမြို့ဟို သွားကြအယ်။
တဘဲ့တော်လို့ရဲ့ စိတ်နေလုံးဟို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်းနှိုက် ဆက်ယွေ့ တည်နေကြရန် ခွန်အားပေးကြအယ်။ သူလို့ဟ “ငါလို့သည် ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ ဝင်ရန် ရမ်းဆာ့ ဆင်းရဲဒုက္ခများ ဖြတ်သန်းရမယ်” ဟု ဆိုအယ်။
ပေါလုနဲ့ ဗာနဗလို့ဟ အန္တိအုတ်မြို့တွင် ဆက်လက် နေထိန်ယွေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို အခြားသူများနဲ့အတူ ဟောပြော သွန်သင်ကြအယ်။