38 အဲလိုမို့ ငါ့ မိတ်ဆွေလို့၊ ယေရှုအားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း အကျောန်းဟို နင်လို့အား ငါ သိစေချင်အယ်။
သူဟ အောင်နီငယ်ဟို မွေးလိမ့်မယ်။ အဲအောင်နီငယ်ဟ မိမိလူလို့ဟို အပစ်မှ ကယ်ချွတ်မယ့်သူ ဖြစ်သောကျောန့် ယေရှုဆိုသော နာမယ် ပေးရမယ်” ဟု ပြောအယ်။
နာမတော်ဟို အမှီပြုယွေ့ နောင်တရခြင်းတရားနဲ့ အပစ်ဖြေလွှတ်ခြင်း တရားဟို ယေရုရှလင်မြို့မှ အစပြုယွေ့ လူမျိုးအပေါင်းလို့ဟို ဟောပြောရမယ်။
နောက်နေ့နှိုက် သူ့ဆေဟို ယေရှု ကြွလာတာဟို မျော်ရင် ယောဟန်ဟ “လောကသားလို့ရဲ့ အပစ်ဟို ယူဆောင်သွားသော ဘုရားသခင်ရဲ့ သိုးသငယ်ဟို ကျေ့ကြလော့။
အဲအဆှင်နဲ့ ပတ်သက်ယွေ့ ပရောဖက်အားလုံးလို့ဟလည်း ကိုယ်တော်ဟို ယုံကြည်သောသူတိုင်း ကိုယ်တော်ရဲ့ နာမတော်အားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ကျေးဇူးဟို ခံစားရအယ်ဟု သက်သေခံကြအယ်” ဟူယွေ့ မြွက်ဆိုလေအယ်။
အဲပင်းရင် ပေတရုဟ တခြားတမန်တော် တဆယ့်နေယောက်လို့နဲ့အတူ ရပ်လျက် လူအုပ်ကြီးလို့အား အသံကျယ်ကြီးနဲ့ စပင်း ပြောတာဟ “ယုဒအမျိုးသားများနဲ့ ယေရုရှလင်မြို့တွင် နေသောသူအားလုံး ငါ့စကားဟို နားထောင်ကြလော့၊ အေးအရာဟ ပစာဆိုလိုတာဟို ငါ ပြောပြမယ်။
ပေတရုဟ သူလို့ဟို “နင်လို့ အယောက်စီတိုင်း အပစ်မှ နောင်တရကြပင်း၊ နင်လို့ အပစ်များ ဖြေလွှတ်စေရန် ယေရှု ခရစ်ရဲ့ နာမနှိုက် နှစ်ခြင်းဟို ခံလော့။ အားပင်း နင်လို့ဟ သန့်ဆှင်းသော ဝိညာဉ်တော် တည်းဟူသော ဘုရားသခင်ရဲ့ လက်ဆောင်ဟို ရဆိကြလိမ့်မယ်။
ပေါလုဟ အဆုံးသတ်အနေနဲ့ “ဘုရားသခင်ရဲ့ ကယ်တင်ခြင်း သတင်းစကားဟို လူမျိုးခြားလို့ ကြားနာရန် ဟောပြောမဲ့ သူလို့ဟို စေလွှတ်ပီဖြစ်ယွေ့ သူလို့ဟ ကြားနာကြလိမ့်မယ်ဖြစ်ကျောန်း နင်လို့ သိမှတ်ကြလော” လို့ ဆိုအယ်။
နာဇရက်မြို့သား ယေရှု ခရစ်ရဲ့ နာမတော် တန်ခိုးအားဖြင့် အဲသူဟ ခြေသန်စွမ်းလာယွေ့ နင်လို့ ဆေ့တွင် ရပ်လျက်နေတာဟို နင်လို့နဲ့အတူ ဣသရေလအမျိုးသားအပေါင်းလို့ သိမှတ်ကြလော့၊ အဲအဆှင်ဟ နင်လို့ လက်ဝါးကပ်တိုင်မှာ တင်ယွေ့ သတ်ပင်းနောက် ဘုရားသခင် ဆှင်ပြန်ထမြောက်စေသောသူ ဖြစ်အယ်။
ဣသရေလအမျိုးသားလို့ဟ နောင်တရယွေ့ မိမိလို့ အပစ်များမှ ဖြေလွှတ်စိမ့်သောငှါ ဘုရားသခင်ဟ အဲသခင်အား မိမိရဲ့လက်ယာတော်ဘက်တွင် စံပယ်စေယွေ့ ခေါင်းဆောင်အဖြစ်နဲ့ ကယ်တင်ဆှင်အဖြစ် ချီးမြှင့်အယ်။
အကျောန်းမှာ ခရစ်တော်ရဲ့ အသွေးတော်အားဖြင့် ငါလို့ဟ လွတ်မြောက်ခြင်းသို့ ရောက်ကြပီ။ ဆိုလိုတာဟ ငါလို့ရဲ့ အပစ်များဟို ခွင့်လွတ်ခြင်း ခံရအယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ စလောက်ကြီးမားသလဲ။
တယောက်နဲ့တယောက် သနားစုံမက်ကြကာ ဘုရားသခင်ဟ ခရစ်တော်နှိုက် နင်လို့ဟို ခွင့်လွတ်သလိုမျိုး တယောက်နဲ့တယောက် ခွင့်လွတ်ခြင်း ဆိကြလော့။
ဘုရားသခင်ဟ အဲသားတော်အားဖြင့် ငါလို့ဟို ရွေးနုတ်ပီ။ အဲနည်းအားဖြင့် ငါလို့ရဲ့ အပစ်များဟို ဖြေလွှတ်ပီ။
အားပေမဲ့ ဘုရားနဲ့ လူအကြားတွင် ယေရှု စီစဉ်ပေးအပ်လဲ့ ပဋိညာဉ်တရားဟ ပိုယွေ့ မြတ်သော ကတိတော်များအပေါ်တွင် အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက် ပိုမိုမြတ်သလို ယေရှု ထမ်းဆောင်ရလဲ့ ယဇ်ပုရောဟိတ် တာဝန်ဟလည်း အဲယဇ်ပုရောဟိတ်လို့ရဲ့ တာဝန်များထက် ရမ်းဆာ့ ကြီးမြတ်အယ်။
ပညတ်တရားအရ အရာခပ်သိမ်းဟ အသွေးအားဖြင့် သန့်ဆှင်းစေအယ်၊ အသွေး သွန်းလောင်းခြင်း မဆိရင် အပစ်ခွင့်လွှတ်ခြင်း မဆိ။
လူပဲ့သငယ်လို့၊ နင်လို့ဟ ခရစ်တော်ရဲ့ နာမတော်အားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ခံရပီ ဖြစ်သောကျောန့် နင်လို့ဆေ ငါ ရေးလိုက်အယ်။