25 အဲပင်းရင် ဗာနဗဟ ရှောလုဟို ဆာရန် တာရှုမြို့ဟို သွားအယ်၊
ပေါလုဟ “ငါဟ ယုဒလူ ဖြစ်အယ်၊ ကိလိကိပြေရဲ့ မြို့တော်ဖြစ်သော တာရှုမြို့နှိုက် မွေးဖွားခဲ့သူ ဖြစ်အယ်။ ကျေးဇူးပြုပင်း ငါ့လူများနဲ့ စကားပြောခွင့်ပေးပါ” ဟု ဆိုအယ်။
ယောသပ်ဟု နာမယ်ဆိသော လူတယောက်ဆိအယ်၊ သူ့ဟို တမန်တော်လို့ဟ ဗာနဗ ဟု ခေါ်ကြအယ်၊ ဗာနဗရဲ့ အနက်ဟ “နှစ်သိမ့်ခြင်းရဲ့ သား” ဟု အဓိပ္ပာယ်ရအယ်။ သူဟ ကုပရုပြေသား၊ လေဝိအနွယ်ဝင် ဖြစ်အယ်၊
သခင်ဘုရားဟလည်း သူ့အား “နင်ဟ ထယွေ့ လမ်းဖြောင့်ဟု ခေါ်သော လမ်းဟို သွားလော့၊ တာရှုမြို့သား ရှောလုဆိုသူဟို ယုဒရဲ့ နေအိုင်တွင် စုံစမ်းမေးမြန်းလော့၊ အကျောန်းမှာ သူဟ ဆုတောင်းလျက် နေအယ်၊
အဲလိုလဲ ဗာနဗဟ သူ့ဟို ကူညီယွေ့ တမန်တော်လို့ဆေ ခေါ်လာအယ်။ ရှောလုဟ လမ်းခရီးနှိုက် သခင်ဘုရားဟို မျော်ခဲ့ပုံမှ စယွေ့ သခင်ဘုရားဟ သူ့အား မိန့်ခဲ့ပုံနဲ့ ဒမာသက်မြို့တွင် ယေရှုရဲ့ နာမတော်နှိုက် ရဲရင့်စွာ သူဟောပြောခဲ့ပုံလို့ဟို သူလို့အား ပြောပြလေအယ်။
အဲအကျောန်းဟို ညီအကိုလို့ ကြားသိသောအခါ၊ ရှောလုဟို ကဲသရိမြို့သို့ ပို့ဆောင်ပင်း အေးမှတဆင့် တာရှုမြို့သို့ ထွက်ခွာသွားစေကြအယ်။